ရခိုင္ျပည္နယ္အတြက္ ရိကၡာျပတ္လပ္မႈမရွိေစေရးႏွင့္ လိုအပ္သမွ်ပံ့ပိုးေပးမည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ အာမခံလိုက္ၿပီ

ၾသဂုတ္လ ၁၆ ရက္ေန႔ မွ စတင္လိုက္ေသာ တစ္က်ာ့ျပန္ ျပည္တြင္းကူးစက္မႈေၾကာင့္ ရခိုင္ျပည္နယ္တြင္ ၁၆ ရက္ေန႔မွ ယေန႔အထိ ၁၀ ရက္ေက်ာ္အေတာအတြင္း COVID – 19 ဓါတ္ခြဲ အတည္ျပဳလူနာ ၂၁၆ ဦး ရွိေနသည္။ ထိုကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္၏ အတိုင္ပင္ ခံပုဂၢိဳလ္က `ကြၽန္မတို႔ရဲ႕ ျပည္ေထာင္စု တစ္စိတ္တစ္ပိုင္းမွာ က်န္းမာေရးအတြက္ အေျခခံျပည္သူေတြရဲ႕ လိုအပ္ခ်က္အတြက္ မရွိရဘူးဆို တာကို မျဖစ္ေစေအာင္ လို႔ ကြၽန္မတို႔ ပံ့ပိုးေပးပါ့မယ္` ဟု ေျပာၾကားသည္။

တစ္ေက်ာ့ျပန္ COVID – 19 ျပည္တြင္း ကူးစက္မႈမ်ားေၾကာင့္ ေနအိမ္တြင္ ေနထိုင္ေရး (Stay at Home)အမိန႔္ အပါအဝင္ အသြားအလာ ကန႔္သတ္မႈမ်ာ းေဆာင္႐ြက္ ထားေသာ ရခိုင္ျပည္နယ္တြင္ ရိကၡာျပတ္လပ္မႈ မရွိေစရဟု ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က ျပည္ေထာင္စုအစိုးရ ကိုယ္စား အာမခံေျပာၾကားလိုက္သည္။ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က `ရိကၡာကေတာ့ ကြၽန္မ အေနနဲ႔ ျပည္ေထာင္စုအစိုးရ ကိုယ္စား ဒါေတာ့ ရဲရဲႀကီးေျပာႏိုင္ပါတယ္။

ရိကၡာမျပတ္ေစရပါဘူး။ ရခိုင္ျပည္နယ္မွာ ရိကၡာမျပတ္ေစရပါဘူး။ လိုတဲ့ ရိကၡာေတြကို ကြၽန္မတို႔ ရတဲ့နည္းနဲ႔ျဖစ္ေအာင္လို႔ ပို႔ေပးပါမယ္` ဟု ဆိုသည္။ထို႔အျပင္ ေငြေၾကးကိုလည္း လိုအပ္သမွ် ပံ့ပိုးမည္ျဖစ္ေၾကာင္းႏွင့္ ျပည္ေထာင္စု တစ္စိတ္တစ္ပိုင္းတြင္ က်န္းမာေရးအတြက္ အေျခခံျပည္မ်ား လိုအပ္ခ်က္ မရွိေအာင္ ပံ့ပိုးေပးမည္ဟု လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က ေျပာၾကားသည္။ အေရးႀကီးၿပီဆိုရင္ ေသြးစည္းခ်င္တဲ့ စိတ္ဓါတ္ကလည္း ရွိတယ္။ အေရးဟဲ့ဆိုရင္ ဝိုင္းဝန္းၿပီးေတာ့ ကူညီၾကတယ္။ ပံ့ပိုးၾကတယ္။

အဲဒါေၾကာင့္မို႔လို႔ ေငြေရးေၾကးေရး ကလည္း ကြၽန္မတို႔ လုံလုံေလာက္ေလာက္ ေပးႏိုင္မွာျဖစ္ပါတယ္။ လုံလုံေလာက္ေလာက္ ျဖစ္ေအာင္ လည္း ကြၽန္မတို႔လုပ္ပါ့မယ္` ဟု ဆိုသည္။

CRD: THE LADIES NEWS

UNICODE

သြဂုတ်လ ၁၆ ရက်နေ့ မှ စတင်လိုက်သော တစ်ကျာ့ပြန် ပြည်တွင်းကူးစက်မှုကြောင့် ရခိုင်ပြည်နယ်တွင် ၁၆ ရက်နေ့မှ ယနေ့အထိ ၁၀ ရက်ကျော်အတောအတွင်း COVID – 19 ဓါတ်ခွဲ အတည်ပြုလူနာ ၂၁၆ ဦး ရှိနေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က `ကျွန်မတို့ရဲ့ ပြည်ထောင်စု တစ်စိတ်တစ်ပိုင်းမှာ ကျန်းမာရေးအတွက် အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်အတွက် မရှိရဘူးဆို တာကို မဖြစ်စေအောင် လို့ ကျွန်မတို့ ပံ့ပိုးပေးပါ့မယ်` ဟု ပြောကြားသည်။

တစ်ကျော့ပြန် COVID – 19 ပြည်တွင်း ကူးစက်မှုများကြောင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အမိန့် အပါအဝင် အသွားအလာ ကန့်သတ်မှုမျာ းဆောင်ရွက် ထားသော ရခိုင်ပြည်နယ်တွင် ရိက္ခာပြတ်လပ်မှု မရှိစေရဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြည်ထောင်စုအစိုးရ ကိုယ်စား အာမခံပြောကြားလိုက်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က `ရိက္ခာကတော့ ကျွန်မ အနေနဲ့ ပြည်ထောင်စုအစိုးရ ကိုယ်စား ဒါတော့ ရဲရဲကြီးပြောနိုင်ပါတယ်။

ရိက္ခာမပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး။ လိုတဲ့ ရိက္ခာတွေကို ကျွန်မတို့ ရတဲ့နည်းနဲ့ဖြစ်အောင်လို့ ပို့ပေးပါမယ်` ဟု ဆိုသည်။ထို့အပြင် ငွေကြေးကိုလည်း လိုအပ်သမျှ ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်စိတ်တစ်ပိုင်းတွင် ကျန်းမာရေးအတွက် အခြေခံပြည်များ လိုအပ်ချက် မရှိအောင် ပံ့ပိုးပေးမည်ဟု လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။ အရေးကြီးပြီဆိုရင် သွေးစည်းချင်တဲ့ စိတ်ဓါတ်ကလည်း ရှိတယ်။ အရေးဟဲ့ဆိုရင် ဝိုင်းဝန်းပြီးတော့ ကူညီကြတယ်။ ပံ့ပိုးကြတယ်။

အဲဒါကြောင့်မို့လို့ ငွေရေးကြေးရေး ကလည်း ကျွန်မတို့ လုံလုံလောက်လောက် ပေးနိုင်မှာဖြစ်ပါတယ်။ လုံလုံလောက်လောက် ဖြစ်အောင် လည်း ကျွန်မတို့လုပ်ပါ့မယ်` ဟု ဆိုသည်။

CRD:  THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *