အိမ္ဝယ္မယ္ ဆိုရင္ အိမ္ေရာ ၊ ဇနီးေရာ ၊ သမီး (၂)ေယာက္ ကိုပါ တစ္ခါတည္း ပိုင္ဆိုင္ရမဲ့ အခြင့္အေရးႀကီး လိုခ်င္ၾကလား

သူမဟာ သမီး ေလးႏွစ္ေယာက္ရဲ႕မိခင္ျဖစ္ၿပီး ၊ လက္ထပ္ၿပီး 4ႏွစ္အၾကာ ၿပီးခဲ့တဲ့ May လကမွ ကြာရွင္းထား ခဲ့တာျဖစ္ေၾကာင္း သိရွိရ ပါတယ္ ။ သူမ နဲ႔ သူမရဲ႕သမီးငယ္ႏွစ္ေယာက္ လုံးကို လက္ခံႏိုင္တဲ့သူမ်ိဳးကိုသာ ပိုင္ဆိုင္ခ်င္တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သူမအိမ္ရဲ႕ လက္ရွိအိမ္ ေပါက္ေဈးမွာ IDR 250 million (ျမန္မာေငြ သိန္း 250 ေက်ာ္ခန႔္) ရွိေၾကာင္း သိရွိရပါတယ္ ။

အင္ဒိုနီးရွားႏိုင္ငံမွ အိမ္ေရာင္း ခ်င္တဲ့ အမ်ိဳးသမီး တစ္ေယာက္ရဲ႕သတင္းဟာ အေတာ္ေလးကို လူေျပာမ်ားေနလ်က္ရွိပါတယ္ ။ အေၾကာင္း ကေတာ့ သူမေရာင္းတဲ့ အိမ္ကို ဝယ္လိုက္သူဟာ အိမ္ပိုင္ရွင္ျဖစ္ သြားမဲ့အျပင္ ၊ တစ္ခါတည္းပါ သူမရဲ႕ခင္ပြန္းျဖစ္ရမွာ မို႔လို႔ပါ ။ Ayu Novi Astiana အမည္ရွိတဲ့ အသက္ 31 ႏွစ္အ႐ြယ္ Single mother တစ္ေယာက္ဟာ ေက်ာက္ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ကိုပစ္လိုက္တာပါပဲ ။

သူမကေတာ့ ” ကြၽန္မရဲ႕စီးပြားေရး အတြက္ ေငြလိုလို႔ ၿပီးရင္ ကြၽန္မရဲ႕သမီးေတြအတြက္ ေငြစုထားေပးခ်င္လို႔ ဒီအိမ္ကို ေရာင္းမွာပါ ။ ဒီအိမ္ ကို ဝယ္လိုက္တဲ့သူကလည္း ကြၽန္မနဲ႔လိုက္ဖက္တဲ့သူျဖစ္ရမယ္ ၊ ကြၽန္မရဲ႕ ခင္ပြန္းျဖစ္ႏိုင္မဲ့သူေပါ့ ” ဆိုၿပီး ေျပာဆိုထားပါတယ္ ။ ထို႔အျပင္ အိမ္ဝယ္မဲ့ သူက single ျဖစ္ရမယ္ ၊ တာဝန္ယူစိတ္အျပည့္ရွိရမယ္ ဆိုၿပီးေတာ့ ပါ ေျပာဆိုထားပါ ေသးတယ္ ။

ထို႔အျပင္ ” ဒီလို စိတ္ကူးမ်ိဳးရခဲ့တာကလည္း ကြၽန္မအိမ္ေရာင္းမယ္ေျပာေတာ့ ကြၽန္မရဲ႕အိမ္နီးခ်င္းက တစ္ခါတည္း ေယာက်ၤားပဲယူလိုက္ ပါလား ဆိုၿပီးေျပာလိုက္လို႔ပါ ၊ အစပိုင္းေတာ့ ကြၽန္မရွက္ေနေပမဲ့ ျပန္ေတြးၾကည့္လိုက္ေတာ့ လုပ္ၾကည့္လိုက္မယ္ ဆိုၿပီးျဖစ္လာခဲ့တာပါ ” ဆိုၿပီး သူမရဲ႕စိတ္ကူးေပၚေပါက္ခဲ့ပုံကို ရွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

UNICODE

သူမဟာ သမီး လေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ၊ လက်ထပ်ပြီး 4နှစ်အကြာ ပြီးခဲ့တဲ့ May လကမှ ကွာရှင်းထား ခဲ့တာဖြစ်ကြောင်း သိရှိရ ပါတယ် ။ သူမ နဲ့ သူမရဲ့သမီးငယ်နှစ်ယောက် လုံးကို လက်ခံနိုင်တဲ့သူမျိုးကိုသာ ပိုင်ဆိုင်ချင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူမအိမ်ရဲ့ လက်ရှိအိမ် ပေါက်ဈေးမှာ IDR 250 million (မြန်မာငွေ သိန်း 250 ကျော်ခန့်) ရှိကြောင်း သိရှိရပါတယ် ။

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရောင်း ချင်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့သတင်းဟာ အတော်လေးကို လူပြောများနေလျက်ရှိပါတယ် ။ အကြောင်း ကတော့ သူမရောင်းတဲ့ အိမ်ကို ဝယ်လိုက်သူဟာ အိမ်ပိုင်ရှင်ဖြစ် သွားမဲ့အပြင် ၊ တစ်ခါတည်းပါ သူမရဲ့ခင်ပွန်းဖြစ်ရမှာ မို့လို့ပါ ။ Ayu Novi Astiana အမည်ရှိတဲ့ အသက် 31 နှစ်အရွယ် Single mother တစ်ယောက်ဟာ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါပဲ ။

သူမကတော့ ” ကျွန်မရဲ့စီးပွားရေး အတွက် ငွေလိုလို့ ပြီးရင် ကျွန်မရဲ့သမီးတွေအတွက် ငွေစုထားပေးချင်လို့ ဒီအိမ်ကို ရောင်းမှာပါ ။ ဒီအိမ် ကို ဝယ်လိုက်တဲ့သူကလည်း ကျွန်မနဲ့လိုက်ဖက်တဲ့သူဖြစ်ရမယ် ၊ ကျွန်မရဲ့ ခင်ပွန်းဖြစ်နိုင်မဲ့သူပေါ့ ” ဆိုပြီး ပြောဆိုထားပါတယ် ။ ထို့အပြင် အိမ်ဝယ်မဲ့ သူက single ဖြစ်ရမယ် ၊ တာဝန်ယူစိတ်အပြည့်ရှိရမယ် ဆိုပြီးတော့ ပါ ပြောဆိုထားပါ သေးတယ် ။

ထို့အပြင် ” ဒီလို စိတ်ကူးမျိုးရခဲ့တာကလည်း ကျွန်မအိမ်ရောင်းမယ်ပြောတော့ ကျွန်မရဲ့အိမ်နီးချင်းက တစ်ခါတည်း ယောင်္ကျားပဲယူလိုက် ပါလား ဆိုပြီးပြောလိုက်လို့ပါ ၊ အစပိုင်းတော့ ကျွန်မရှက်နေပေမဲ့ ပြန်တွေးကြည့်လိုက်တော့ လုပ်ကြည့်လိုက်မယ် ဆိုပြီးဖြစ်လာခဲ့တာပါ ” ဆိုပြီး သူမရဲ့စိတ်ကူးပေါ်ပေါက်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *