ကိုဗစ္-၁၉လူနာ ႏွင့္ ထိေတြ႕မႈရွိသည္ ဆိုကာ ရန္ကုန္ေအာင္ဘာေလသိန္းဆု ဌာနခြဲမွ ဝန္ထမ္းအခ်ိဳ႕ ကိုQဝင္ရန္ ေခၚေဆာင္သြား

ကိုဗစ္ေရာဂါကူးစက္ခံရသည့္ ဝန္ထမ္းႏွင့္ ထိေတြ႕ခဲ့သည့္ ေအာင္ဘာေလထီ႐ုံးမွ ဝန္ထမ္းေပါင္း ၂၀ဦးခန႔္ရွိၿပီး အခ်ိဳ႕ကို Home Quarantineထားျခင္း အခ်ိဳ႕ကို Facilities Quarantine ထားျခင္းမ်ား လုပ္ေဆာင္ထားေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္ကေျပာသည္

ကိုဗစ္လူနာႏွင့္ ထိေတြ႕ခဲ့သည့္ ျပည္တြင္း အခြန္မ်ားဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ဝန္ထမ္းအခ်ိဳ႕အား Quarantine ဝင္ရန္ ယေန႔(ဩဂုတ္၂၈) ညေနပိုင္းက လာေရာက္ေခၚေဆာင္သြားေၾကာင္းမ်က္ျမင္ေတြ႕ရွိသူ ျပည္သူတဦးကေျပာသည္။”PPE (အကာအကြယ္ )ဝတ္ဆုံ ေတြဝတ္ထားတဲ့သူေတြက လာေခၚ သြားတာပါ။ ငါးေယာက္ေလာက္ကို ေခၚသြားတာျမင္ပါတယ္”ဟု ၎ကဆိုသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ဦးမင္းထြဋ္က”လူဘယ္ေလာက္လည္းေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔ဆီက ဝန္ထမ္းတေယာက္က COVID -19 Positive ျဖစ္တယ္။ အဲဒီဝန္ထမ္းကိုေတာ့ ေဆး႐ုံတင္ထားၿပီးၿပီေပါ့။ သူနဲ႔ထိေတြ႕ခဲ့တဲ့ ဝန္ထမ္းေတြကို Quarantine ဝင္ဖို႔ လိုက္ေခၚ တာေပါ့”ဟု ေျပာသည္။

Credit : News Watch

UNICODE

ကိုဗစ်ရောဂါကူးစက်ခံရသည့် ဝန်ထမ်းနှင့် ထိတွေ့ခဲ့သည့် အောင်ဘာလေထီရုံးမှ ဝန်ထမ်းပေါင်း ၂၀ဦးခန့်ရှိပြီး အချို့ကို Home Quarantineထားခြင်း အချို့ကို Facilities Quarantine ထားခြင်းများ လုပ်ဆောင်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်

ကိုဗစ်လူနာနှင့် ထိတွေ့ခဲ့သည့် ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ဝန်ထမ်းအချို့အား Quarantine ဝင်ရန် ယနေ့(ဩဂုတ်၂၈) ညနေပိုင်းက လာရောက်ခေါ်ဆောင်သွားကြောင်းမျက်မြင်တွေ့ရှိသူ ပြည်သူတဦးကပြောသည်။”PPE (အကာအကွယ် )ဝတ်ဆုံ တွေဝတ်ထားတဲ့သူတွေက လာခေါ် သွားတာပါ။ ငါးယောက်လောက်ကို ခေါ်သွားတာမြင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးမင်းထွဋ်က”လူဘယ်လောက်လည်းတော့ မသိဘူး။ ကျွန်တော်တို့ဆီက ဝန်ထမ်းတယောက်က COVID -19 Positive ဖြစ်တယ်။ အဲဒီဝန်ထမ်းကိုတော့ ဆေးရုံတင်ထားပြီးပြီပေါ့။ သူနဲ့ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေကို Quarantine ဝင်ဖို့ လိုက်ခေါ် တာပေါ့”ဟု ပြောသည်။

Credit :  News Watch

Add a Comment

Your email address will not be published. Required fields are marked *