တရုတ်နိုင်ငံ၏ ကိုဗစ် ကာကွယ်ဆေး (၄) မျိုး လက်တွေ့ စမ်းသပ်မှု နောက်ဆုံးအဆင့် စတင်ပြီဟု ဆို





CRD: LET PAN

UNICODE

China National Biotec Group (CNBG) က ဖော်ထုတ်ထားသော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccines) နှစ်မျိုးသည် အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံများစွာတွင် လူဦးရေ ၃၀,၀၀၀ ကျော် ပါဝင်မည့် လက်တွေ့စမ်းသပ်မှု အ ဆင့် ၃ အတွက် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း CNBG ဥက္ကဋ္ဌ ယန်ရှောက်မင်က ပြောခဲ့သည်။Sinovac Biotech ကုမ္ပဏီလီမိတက်က ဖော်ထုတ်ထားသော COVID-19 ကာကွယ်ဆေး (inactivated COVID-19 vaccine) သည် တောင်အမေရိကတိုက်နှင့်။

အရှေ့တောင်အာ ရှရှိ နိုင်ငံအချို့၌ လက်တွေ့စမ်းသပ်မှု အဆင့် ၃ ပြုလုပ်နေပြီ ဖြစ်ကြောင်း Sinovac ၏ ဥက္ကဋ္ဌနှင့် စီအီးအို ယင်ဝေတုံက ဆိုသည်။အမျိုးသား ဆေးဘက်ဆိုင်ရာထုတ်ကုန်များဦးစီးဌာနက လတ်တလောထုတ်ပြန်ထားသော COVID-19 ကာကွယ်ဆေး လက် တွေ့ အကဲ ဖြတ်မှုဆိုင်ရာ လမ်းညွှန်ချက်များအရ ကာကွယ်ဆေးသည် အနည်းဆုံး ၆ လ၊ ဖြစ်နိုင်ပါက တစ်နှစ်ကျော်ကြာ ကိုယ်ခံအားကို ထောက်ပံ့ ပေးသင့်ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ကိုဗစ် ကာကွယ်ဆေး (၄) မျိုးသည် နိုင်ငံတကာ လက်တွေ့ စမ်းသပ်မှုအဆင့်-၃။

နောက်ဆုံးအ ဆင့် စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက် ကာကွယ် ထိန်းချုပ်ရေး ပူးတွဲယန္တရားအရ သိရ သည်။အဆင့်-၃ လက်တွေ့စမ်းသပ်မှုများအနက် အချို့မှာ စက်တင်ဘာ လဆန်းပိုင်းတွင် ပထမအကြိမ် ကာကွယ် ဆေးထိုးနှံခြင်း ပြီးစီး မည်ဟု မျှော်မှန်းထားပြီး ကနဦးအချက်အလက်များကို နိုဝင်ဘာလအစောဆုံးတွင် ရရှိရန် မျှော်မှန်းထားသည်။အဆင့်-၃ လက်တွေ့ စမ်း သပ်မှုများ တွင် လူထောင် ပေါင်းများစွာ ပါဝင်လေ့ရှိပြီး ဘေးကင်း ၍ ထိရောက်သော ကာကွယ်ဆေးများဖြစ်ရန် စိစစ်အတည်ပြုသွားမည်။

ယင်းတို့မှာ ဈေးကွက်ခွင့်ပြုချက်ရရှိရန် အရေးကြီးကြောင်း သိရသည်။အဆိုပါ ကူးစက်ရောဂါမှာ တရုတ်နိုင်ငံတွင် ထိန်းချုပ်သွားနိုင်ပြီ ဖြစ် သဖြင့် လက်တွေ့ စမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် အခြေအနေမရှိသဖြင့် လက်တွေ့စမ်းသပ်မှု အဆင့်-၃ အားလုံးကို နိုင် ငံရပ်ခြား၌ ပြုလုပ်ရခြင်း ဖြစ်သည်။

CRD:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *