ေယာက်္ားေကာင္း ဆိုရင္ စားခ်င္ ရင္ ဝယ္စား လိုက္ေပါ့ မိန္းကေလးေတြ ကို မဖ်က္စီး နဲ႔ ဟု သင္းသင္းေျပာၿပီ

သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမႈျဖင့္ သဃၤန္းကြၽန႔္းၿမိဳ႕နယ္တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ တရားစြဲခဲ့ရာ တရား႐ုံးရာႀကီး မႈအမွတ္- ၂၉/ ၂၀၁၉ ျဖင့္ လက္ၿခံ ကားနာ စစ္ေဆးေနျခင္းျဖစ္ၿပီး တရားလို-သင္းသင္းဦး(ခ)သင္းသင္း ဘက္မွ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ ႏွင့္ ဦးေက်ာ္လတ္စိုး တို႔က လိုက္ပါေဆာင္႐ြက္၍ ၊တရားၿပိဳင္ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဘက္မွ အက်ိဳးေဆာင္ ေရွ႕ ေန ဦးေဝၿဖိဳးျမတ္ ႏွင့္ ဦးရန္ႏိုင္ေအာင္(ခ) ဦးပိုးျဖဴတို႔က လိုက္ပါေဆာင္႐ြက္လွ်က္ရွိသည္။

၎အမႈကို သဃၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးတြဲဖက္ တရားသူႀကီး(၁) ေဒၚအိအိမ်ိဳး၏ တရားခြင္တြင္ ယေန႔ ဆက္လက္ စစ္ေဆးၾကားနာ စစ္ေဆးခဲ့ရာ တရားလိုအား ျပန္လွန္စစ္ေမးမႈမၿပီးဆုံးသျဖင့္ အမႈကို လာမည္ ၾကာႆပေတးေန႔ စက္တင္ဘာ ၃ ရက္ေန႔သို႔ ျပန္လည္
ခ်ိန္းဆိုထားေၾကာင္းသိရသည္။ တရား႐ုံးခ်ိန္းအၿပီး Top Phoenix မီဒီယာ မွ “ေယာက်္ားေတြကို ဘယ္လိုျမင္သလဲ”ေမးျမန္းရာ ေယာ က်္ားေကာင္းဆို စားခ်င္ရင္ ကိုယ့္ဟာကိုယ္ ဝယ္စားလိုက္၊ မိန္းကေလးကို မဖ်က္စီးနဲ႔ဟု “သင္းသင္း”ေျပာသည္။

အ လွမယ္သင္းသင္း က သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ ကို ကာမလိမ္လည္မႈျဖင့္ စြဲဆိုထားေသာအမႈ ယေန႔႐ုံခ်ိန္းတြင္ တရားလိုကို ဆက္လက္ စစ္ေဆးခဲ့သည္။ အလွမယ္သင္းသင္းက သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ရယူမႈ႕ပုဒ္မ- ၄၁၇ ျဖင့္ ဦးတိုက္ေလွ်ာက္ တရားစြဲဆို ထားမႈကို ယေန႔ၾသဂုတ္ ၂၈ ရက္ေန႔ ၊ နံနက္ ၁၀ နာရီက သဃၤန္းကြၽန္းၿမိနယ္ တရား႐ုံး တရားခြင္၌ တရားလို သင္းသင္းအား စြပ္စြဲခံရသူ၏ အက်ိဳးေဆာင္ေရွ႕ေနဦးေဝၿဖိဳးျမတ္က ျပန္လွန္စစ္ေမးျခင္းဆက္လက္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

CRD: LET PAN

UNICODE

သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုဖြင့် သင်္ဃန်းကျွန့်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက် တရားစွဲခဲ့ရာ တရားရုံးရာကြီး မှုအမှတ်- ၂၉/ ၂၀၁၉ ဖြင့် လက်ခြံ ကားနာ စစ်ဆေးနေခြင်းဖြစ်ပြီး တရားလို-သင်းသင်းဦး(ခ)သင်းသင်း ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် နှင့် ဦးကျော်လတ်စိုး တို့က လိုက်ပါဆောင်ရွက်၍ ၊တရားပြိုင် သရုပ်ဆောင်ဝေဠုကျော်ဘက်မှ အကျိုးဆောင် ရှေ့ နေ ဦးဝေဖြိုးမြတ် နှင့် ဦးရန်နိုင်အောင်(ခ) ဦးပိုးဖြူတို့က လိုက်ပါဆောင်ရွက်လျှက်ရှိသည်။

၎င်းအမှုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွဲဖက် တရားသူကြီး(၁) ဒေါ်အိအိမျိုး၏ တရားခွင်တွင် ယနေ့ ဆက်လက် စစ်ဆေးကြားနာ စစ်ဆေးခဲ့ရာ တရားလိုအား ပြန်လှန်စစ်မေးမှုမပြီးဆုံးသဖြင့် အမှုကို လာမည် ကြာဿပတေးနေ့ စက်တင်ဘာ ၃ ရက်နေ့သို့ ပြန်လည်
ချိန်းဆိုထားကြောင်းသိရသည်။ တရားရုံးချိန်းအပြီး Top Phoenix မီဒီယာ မှ “ယောကျ်ားတွေကို ဘယ်လိုမြင်သလဲ”မေးမြန်းရာ ယော ကျ်ားကောင်းဆို စားချင်ရင် ကိုယ့်ဟာကိုယ် ဝယ်စားလိုက်၊ မိန်းကလေးကို မဖျက်စီးနဲ့ဟု “သင်းသင်း”ပြောသည်။

အ လှမယ်သင်းသင်း က သရုပ်ဆောင်ဝေဠုကျော် ကို ကာမလိမ်လည်မှုဖြင့် စွဲဆိုထားသောအမှု ယနေ့ရုံချိန်းတွင် တရားလိုကို ဆက်လက် စစ်ဆေးခဲ့သည်။ အလှမယ်သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု့ပုဒ်မ- ၄၁၇ ဖြင့် ဦးတိုက်လျှောက် တရားစွဲဆို ထားမှုကို ယနေ့သြဂုတ် ၂၈ ရက်နေ့ ၊ နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းမြိနယ် တရားရုံး တရားခွင်၌ တရားလို သင်းသင်းအား စွပ်စွဲခံရသူ၏ အကျိုးေဆာင်ရှေ့နေဦးဝေဖြိုးမြတ်က ပြန်လှန်စစ်မေးခြင်းဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

CRD:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *