ျမန္မာျပည္ က “UNSUNG HEROES (သို႔) အသံတိတ္ သူရဲ ေကာင္းမ်ား”၏ ေလးစားဖြယ္အေၾကာင္း

PPE ကို က်ေနာ္ ဝတ္ဖူးပါတယ္၊ ဥပမာေပး ရရင္ ေစာင္ၾကမ္းႀကီး တထည္ တကိုယ္လုံး ပတ္ၿခဳံထားသလို မြန္းၾကပ္ၿပီး အင္မတန္ေနရ ခက္ပါတယ္။ ေခြၽးေတြက ၿပိဳက္ၿပိဳက္က်ၿပီး ဘာမွလည္း ေကာင္းေကာင္းမျမင္ရေတာ့ဘူးရယ္။ ၁၀မိနစ္ဝတ္ဖို႔ေတာင္ အေတာ္ႀကိဳးစားရ တာ။ ဒါႀကီးနဲ႔ တေနကုန္ ဝတ္လိုက္ ခြၽတ္လိုက္ Swab လိုက္ယူဖို႔ဆိုရင္ ေသခ်ာတယ္ က်ေနာ္ မလုပ္ႏိုင္ပါဘူး။ ၿပီးေတာ့ သူတို႔က primary contact ေတြကို ဟိုး အာခံတြင္းနဲ႔ ႏွာေခါင္းေပါက္အဆုံးထိ ႏႈိက္ယူရတာ၊very high risk ပါပဲ။ ဒီၾကားထဲ ယူေနတုန္းမွာ လူနာေတြက ေအာ့ၾက အန္ၾက ေခ်ာင္းဆိုးၾက ႏွာေျခၾကနဲ႔၊ ကူးစက္ခံရဖို႔ သိပ္မ်ားတယ္ဗ်ာ။

သူျပန္ဖို႔ ႐ႊဲ႐ႊဲနစ္ေနတဲ့ေခြၽးေတြနဲ႔ ျပင္ဆင္ေနတာကို ၾကည့္ရင္း ေလးစားတဲ့ စိတ္ေတြေပၚလာရပါတယ္။ျမန္မာ တစ္ျပည္လုံးက swab မ်ား စြာကို အခ်ိန္မွီ ယူေပး ပို႔ေပး အေျဖေတြထုတ္ေပးေနတဲ့ က်ေနာ္တို႔ရဲ႕ အသံတိတ္သူရဲေကာင္း အားလုံးကို ဒီစာေလးနဲ႔ ဦးၫြတ္အေလးျပဳ လိုက္ရပါတယ္။Home Quaratine ဝင္ေနတဲ့ က်ေနာ့ဆီ သူ ေရာက္လာခ်ိန္မွာ ေခြၽးေတြက ႐ႊဲနစ္ေန ပါၿပီ။ သူ႔ မူဟန္အတိုင္း အၿမဲျမင္ေန ၾက အၿပဳံးခ်ိဳခ်ိဳ နဲ႔ေပမယ့္ သူေမာေနတာ မဖုန္းကြယ္ႏိုင္ပါဘူး။ “ဆရာစိုး၊ ထိုင္ပါဦးဗ်ာ၊ ခဏနားပါဦး” လို႔ လွမ္းေျပာေပမယ့္.. “မနားေတာ့ ဘူးဆရာ၊ က်ေနာ္ swab ေတြ ရန္ကုန္ အျမန္ပို႔ရမွာ” ဆိုၿပီး အိမ္ေရွ႕ခန္း မွာ PPE ကို ဝတ္ေနရင္း ျပန္ေျဖပါတယ္။

က်ေနာ္က ဘယ္ႏွစ္ေယာက္ေျမာက္လဲဗ်” ေမးေတာ့.. “ဆရာအာကာက ၁၀၁ ေယာက္ေျမာက္” တဲ့၊ ဘုရား ေရ။“ဒီေန႔ကို ၁၀၀ လိုက္ယူရ တာေပါ့?“ က်ေနာ့ ညီေလး Technician နဲ႔ ၂ ဖြဲ႕ခြဲၿပီးယူၾကပါတယ္၊ ခုက ဘာမွမဟုတ္ေသးဘူး၊ စစ္ေတြလို ေနရာမ်ိဳး မွာဆို တရက္တည္း ၃၀၀၊ ၄၀၀ ယူေနၾကရတာဆရာ၊” လို႔ အၿပဳံးမပ်က္ေျဖသြားပါတယ္။ အရင္ကဆို ေလယာဥ္ နဲ႔ ပို႔လို႔ရေတာ့ ေန႔လည္ရန္ကုန္ကို ေရာက္ရင္ ညေနအေျဖ သိရပါၿပီ၊ ခုက ကားနဲ႔ ပို႔ေနရေတာ့ က်ေနာ္တို႔ အျမန္ပို႔ႏိုင္ဖို႔ ပိုအားထည့္ရပါတယ္၊ က်ေနာ့္ ညီ technician ေတြလည္း ႀကိဳးစား ၾကရတာေပါ့ တဲ့။ ဟုတ္ပါတယ္ အရင္ကဆို ရန္ကုန္ အမ်ိဳးသားဓါတ္ခြဲကို ပို႔ရင္ေတာင္ သူတို႔ လိုက္ပို႔ ေပးရတာပါ။

ခုမွသာ swab ပို႔ တာဝန္ကို အကုန္တာဝန္ခြဲေဝယူၿပီး နည္းနည္းသက္သာသြားတာပါ။“ကဲ ဆရာေရ၊ ယူလိုက္ၾကရေအာင္” ဆိုၿပီး ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ အရမ္းနာတတ္ အရမ္း ေၾကာက္တတ္တဲ့ က်ေနာ့ကို ေခ်ာ့တခါ ေျခာက္တလွည့္ နဲ႔ပဲ ေအာင္ေအာင္ျမင္ျမင္ swab ယူသြားပါတယ္ ။ခုဆိုရင္ အဲ့ဒီ ၁၀၁ ေယာက္ရဲ႕ အေျဖေတြကို သိၿပီးၾကပါၿပီ။ စိတ္မေကာင္းစြာပဲ ၄ ေယာက္က positive ထြက္ၿပီး ေစာင့္ၾကည့္ကုသမႈ ခံယူ ေနပါၿပီ။ (က်ေနာ္ကေတာ့ negative ပါ)Covid-19 ကို ရင္ဆိုင္ၾကရမွာ အားလုံးက လူနာေတြကို ထိေတြ႕စမ္းသပ္ ကုသေပးေနတဲ့ ဆရာ ဝန္ နဲ႔ဆရာမေတြပဲ အရင္ဆုံးေျပးျမင္ၾကေပမယ့္၊ က်ေနာ္တို႔မွာ ဆရာစိုးတို႔လို႔ အသံတိတ္ သူရဲေကာင္းေတြအမ်ားႀကီးရွိပါေသးတယ္။

Professor Dr. Maung Maung Oo

UNICODE

PPE ကို ကျနော် ဝတ်ဖူးပါတယ်၊ ဥပမာပေး ရရင် စောင်ကြမ်းကြီး တထည် တကိုယ်လုံး ပတ်ခြုံထားသလို မွန်းကြပ်ပြီး အင်မတန်နေရ ခက်ပါတယ်။ ချွေးတွေက ပြိုက်ပြိုက်ကျပြီး ဘာမှလည်း ကောင်းကောင်းမမြင်ရတော့ဘူးရယ်။ ၁၀မိနစ်ဝတ်ဖို့တောင် အတော်ကြိုးစားရ တာ။ ဒါကြီးနဲ့ တနေကုန် ဝတ်လိုက် ချွတ်လိုက် Swab လိုက်ယူဖို့ဆိုရင် သေချာတယ် ကျနော် မလုပ်နိုင်ပါဘူး။ ပြီးတော့ သူတို့က primary contact တွေကို ဟိုး အာခံတွင်းနဲ့ နှာခေါင်းပေါက်အဆုံးထိ နှိုက်ယူရတာ၊very high risk ပါပဲ။ ဒီကြားထဲ ယူနေတုန်းမှာ လူနာတွေက အော့ကြ အန်ကြ ချောင်းဆိုးကြ နှာခြေကြနဲ့၊ ကူးစက်ခံရဖို့ သိပ်များတယ်ဗျာ။

သူပြန်ဖို့ ရွှဲရွှဲနစ်နေတဲ့ချွေးတွေနဲ့ ပြင်ဆင်နေတာကို ကြည့်ရင်း လေးစားတဲ့ စိတ်တွေပေါ်လာရပါတယ်။မြန်မာ တစ်ပြည်လုံးက swab များ စွာကို အချိန်မှီ ယူပေး ပို့ပေး အဖြေတွေထုတ်ပေးနေတဲ့ ကျနော်တို့ရဲ့ အသံတိတ်သူရဲကောင်း အားလုံးကို ဒီစာလေးနဲ့ ဦးညွတ်အလေးပြု လိုက်ရပါတယ်။Home Quaratine ဝင်နေတဲ့ ကျနော့ဆီ သူ ရောက်လာချိန်မှာ ချွေးတွေက ရွှဲနစ်နေ ပါပြီ။ သူ့ မူဟန်အတိုင်း အမြဲမြင်နေ ကြ အပြုံးချိုချို နဲ့ပေမယ့် သူမောနေတာ မဖုန်းကွယ်နိုင်ပါဘူး။ “ဆရာစိုး၊ ထိုင်ပါဦးဗျာ၊ ခဏနားပါဦး” လို့ လှမ်းပြောပေမယ့်.. “မနားတော့ ဘူးဆရာ၊ ကျနော် swab တွေ ရန်ကုန် အမြန်ပို့ရမှာ” ဆိုပြီး အိမ်ရှေ့ခန်း မှာ PPE ကို ဝတ်နေရင်း ပြန်ဖြေပါတယ်။

ကျနော်က ဘယ်နှစ်ယောက်မြောက်လဲဗျ” မေးတော့.. “ဆရာအာကာက ၁၀၁ ယောက်မြောက်” တဲ့၊ ဘုရား ရေ။“ဒီနေ့ကို ၁၀၀ လိုက်ယူရ တာပေါ့?“ ကျနော့ ညီလေး Technician နဲ့ ၂ ဖွဲ့ခွဲပြီးယူကြပါတယ်၊ ခုက ဘာမှမဟုတ်သေးဘူး၊ စစ်တွေလို နေရာမျိုး မှာဆို တရက်တည်း ၃၀၀၊ ၄၀၀ ယူနေကြရတာဆရာ၊” လို့ အပြုံးမပျက်ဖြေသွားပါတယ်။ အရင်ကဆို လေယာဉ် နဲ့ ပို့လို့ရတော့ နေ့လည်ရန်ကုန်ကို ရောက်ရင် ညနေအဖြေ သိရပါပြီ၊ ခုက ကားနဲ့ ပို့နေရတော့ ကျနော်တို့ အမြန်ပို့နိုင်ဖို့ ပိုအားထည့်ရပါတယ်၊ ကျနော့် ညီ technician တွေလည်း ကြိုးစား ကြရတာပေါ့ တဲ့။ ဟုတ်ပါတယ် အရင်ကဆို ရန်ကုန် အမျိုးသားဓါတ်ခွဲကို ပို့ရင်တောင် သူတို့ လိုက်ပို့ ပေးရတာပါ။

ခုမှသာ swab ပို့ တာဝန်ကို အကုန်တာဝန်ခွဲဝေယူပြီး နည်းနည်းသက်သာသွားတာပါ။“ကဲ ဆရာရေ၊ ယူလိုက်ကြရအောင်” ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ အရမ်းနာတတ် အရမ်း ကြောက်တတ်တဲ့ ကျနော့ကို ချော့တခါ ခြောက်တလှည့် နဲ့ပဲ အောင်အောင်မြင်မြင် swab ယူသွားပါတယ် ။ခုဆိုရင် အဲ့ဒီ ၁၀၁ ယောက်ရဲ့ အဖြေတွေကို သိပြီးကြပါပြီ။ စိတ်မကောင်းစွာပဲ ၄ ယောက်က positive ထွက်ပြီး စောင့်ကြည့်ကုသမှု ခံယူ နေပါပြီ။ (ကျနော်ကတော့ negative ပါ)Covid-19 ကို ရင်ဆိုင်ကြရမှာ အားလုံးက လူနာတွေကို ထိတွေ့စမ်းသပ် ကုသပေးနေတဲ့ ဆရာ ဝန် နဲ့ဆရာမတွေပဲ အရင်ဆုံးပြေးမြင်ကြပေမယ့်၊ ကျနော်တို့မှာ ဆရာစိုးတို့လို့ အသံတိတ် သူရဲကောင်းတွေအများကြီးရှိပါသေးတယ်။

Professor Dr. Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *