(၁၀-၈-၂၀၂၀) ရက္ေန႔မွစ၍ ေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ရခိုင္မွ ရန္ကုန္သို႔ လိုက္ပါခဲ့သူမ်ား သတင္းပို႔ၾကရန္ႏွင့္ ပ်က္ကြက္ပါက ထိေရာက္စြာအေရးယူမည္

(၁၀-၈-၂၀၂၀) ရက္ေန႔မွ (၂၁-၈-၂၀၂၀) ရက္ေန႔အတြင္း ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ရခိုင္ျပည္နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လိုက္ပါခဲ့ သူမ်ား စာရင္းကို ပူးတြဲေဖာ္ျပအပ္ပါသည္။ အဆိုပါ ခရီးသည္မ်ား၏ ဖုန္းနံပါတ္မ်ားကိုလည္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဌာ နႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔တြင္ စုစည္းထားရွိၿပီးျဖစ္ပါသည္။

COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈကို အခ်ိန္မီထိန္းခ်ဳပ္ႏိုင္ရန္ ျပည္သူမ်ားအေနျဖင့္ (၁၀-၈-၂၀၂၀) ရက္မွစ၍ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ နယ္ႏွင့္ ရခိုင္ျပည္နယ္ အတြင္းရွိ ေရာဂါကူးစက္ျဖစ္ပြားမႈမ်ားရွိေနေသာ ၿမိဳ႕နယ္မ်ားသို႔ / မွ ခရီးသြားလာမႈမ်ားရွိပါက မိမိအသိစိတ္ျဖင့္ ခ်က္ခ်င္းသတင္းေပးပို႔ရန္ လိုအပ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတိေပးႏႈိးေဆာ္ပန္ၾကားထားၿပီး ျဖစ္ပါသည္။

(၁၀-၈-၂၀၂၀) ရက္မွစ၍ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ရခိုင္ျပည္နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လိုက္ပါခဲ့သူမ်ားအေနျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ နီးစပ္ရာ က်န္းမာေရးဌာနမ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားသို႔ ခ်က္ခ်င္းသတင္းပို႔ က်န္းမာေရးစစ္ေဆးမႈခံယူရန္ လိုအပ္ပါသည္။သို႔မွသာ မိမိတြင္ေရာဂါကူးစက္မႈရွိပါက အခ်ိန္မီကုသမႈခံယူႏိုင္မည္ျဖစ္ၿပီး။

မိမိမွတစ္ဆင့္ မိမိ၏ မိသားစုႏွင့္ နီးစပ္ရာမ်ားသို႔ ေရာဂါကူးစက္မႈမွ ကာကြယ္ႏိုင္မည္ျဖစ္သျဖင့္ သတင္းေပးပို႔၍ က်န္းမာေရး စစ္ေဆးမႈ ခံယူရန္ ႏွင့္ သတင္းေပးပို႔ရန္ ပ်က္ကြက္သူမ်ားအား သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒႏွင့္ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ ေၾကာင္း အသိေပးႏႈိးေဆာ္ပန္ၾကားအပ္ပါသည္။

လူစာရင္းအေသးစိတ္ကို က်န္းမာေရးဝန္ႀကီးဌာန ဝက္ဆိုက္တြင္ သြားေရာက္ၾကည့္ရႈေပးရန္ ေမတၱရပ္ခံပါသည္။

CRD: က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

UNICODE

(၁၀-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀) ရက်နေ့အတွင်း ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့ သူများ စာရင်းကို ပူးတွဲဖော်ပြအပ်ပါသည်။ အဆိုပါ ခရီးသည်များ၏ ဖုန်းနံပါတ်များကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာ နနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့တွင် စုစည်းထားရှိပြီးဖြစ်ပါသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားပြီး ဖြစ်ပါသည်။

(၁၀-၈-၂၀၂၀) ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။သို့မှသာ မိမိတွင်ရောဂါကူးစက်မှုရှိပါက အချိန်မီကုသမှုခံယူနိုင်မည်ဖြစ်ပြီး။

မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေး စစ်ဆေးမှု ခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်။

လူစာရင်းအသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် သွားရောက်ကြည့်ရှုပေးရန် မေတ္တရပ်ခံပါသည်။

CRD: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Add a Comment

Your email address will not be published. Required fields are marked *