(၂၉-၈-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည္ျပဳလူနာသစ္(၇၇)ဦးထပ္ေတြ႕ၿပီး ေနာက္ဆက္တြဲသတင္း ထပ္မံထုတ္ျပန္မည္

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈ တြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူအသစ္ (၂) ဦး (Case – 380 ႏွင့္ 381) ရွိသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၃၅၁) ဦးရွိပါသည္။ ၎တို႔အနက္ (၃၄၇) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ ေနရာမ်ားတြင္ အသြားအလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။(၂၈-၈-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၉-၈-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၅၃) ဦးရွိပါသည္။ဓာတ္ခြဲစစ္ေဆးမႈမ်ားၿပီးစီးခ်ိန္ႏွင့္ သတင္း ထုတ္ျပန္ခ်ိန္အၾကား အခ်ိန္တိုေတာင္းျခင္း ေၾကာင့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္မ်ား၏ သတင္းအခ်က္အလက္မ်ားကို ျပဳစုလ်က္ရွိၿပီး

ထပ္မံထုတ္ျပန္ မည္ျဖစ္ပါသည္။(၂၉-၈-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၅၆၀) ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ မွ (ပထ မအသုတ္) (၁၉၃) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ (၁၁၀) ခု၊

ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) မွ ဓာတ္ခြဲနမူနာ (၂၇၂) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၀၀) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ေက်ာက္ျဖဴၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂၄) ခု၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္ (၁၀၀၀)မွ ဓာတ္ခြဲနမူနာ (၃) ခု၊
ျပည္သူ႔ေဆး႐ုံႀကီး၊ ပုသိမ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၁) ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁,၀၀၀) မွ ဓာတ္ခြဲနမူနာ

(၂၀၁) ခု၊ စုစုေပါင္း (၁,၄၇၄) ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၇၇) ဦး ေတြ႕ ရွိရပါသည္။ (၂၉-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၇၃၃) ဦးရွိၿပီ ျဖစ္ ပါသည္။

CRD: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူအသစ် (၂) ဦး (Case – 380 နှင့် 381) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၁) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။(၂၈-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၉-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၃) ဦးရှိပါသည်။ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး

ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။(၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ် ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၀) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ မှ (ပထ မအသုတ်) (၁၉၃) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၁၀) ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၀) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃) ခု၊
ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ

(၂၀၁) ခု၊ စုစုပေါင်း (၁,၄၇၄) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦး တွေ့ ရှိရပါသည်။ (၂၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၇၃၃) ဦးရှိပြီ ဖြစ် ပါသည်။

CRD:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *