ရာထူးမွ ႏုတ္ထြက္ၿပီးခ်ိန္မွာပဲ ျပည္သူေတြကို ေတာင္းပန္လိုက္တဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘး

ပထမကမာၻစစ္နဲ႔ဒုတိယကမာၻစစ္မွာ စစ္ရႈံးမြဲျပာက်နာမည္ဆိုးနဲ႔လူမုန္းခံခဲ့ရတဲ့ ဂ်ာမနီနဲ႔ဂ်ပန္ဟာ လူသိရွင္ၾကား ေတာင္းပန္အမွားျပင္ဆင္ ခဲ့ၿပီး အခုအခ်ိန္မွာ ကမာၻ႔အသိုက္အဝန္းမွာဂုဏ္သိကၡာရွိရွိရပ္တည္ႏိုင္တဲ့ ဥေရာပတိုက္အခ်မ္းသာဆုံးႏိုင္ငံနဲ႔ အာရွေဒသတြင္း အင္အား ႀကီးႏိုင္ငံ ျဖစ္ေနပါၿပီ။ ဒုတိယကမာၻစစ္က ႏိုင္ငံေတာ္အမွားေတြအတြက္ ဂ်ာမနီနဲ႔ဂ်ပန္ေခါင္းေဆာင္ေတြက (သူတို႔ကိုယ္တိုင္ က်ဴးလြန္သူ မဟုတ္ေပမယ့္လည္း ေရွ႕လူေတြအမွားကို ေနာက္အစိုးရသိေၾကာင္း တာဝန္ယူတဲ့အသိအမွတ္ျပဳတဲ့အေနနဲ႔) လူသိရွင္ၾကား အမ်ားျပည္သူ ကို ေတာင္းပန္ခဲ့ၾကပါတယ္။

ရာထူး ကႏုတ္ထြက္ေၾကာင္း ေၾကညာလိုက္တဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာဘဲဟာ ဒီကေန႔ သူ႔ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ဂ်ပန္ျပည္သူလူ ထုကို ေတာင္းပန္သြားတယ္။ ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္၊ သူ႔တာဝန္သက္တမ္းတႏွစ္ က်န္ေသးခ်ိန္မွာ အနားယူမိတဲ့အတြက္ ေတာင္း ပန္တယ္။အဲဒါေတြအျပင္ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက- ဝန္ႀကီးခ်ဳပ္ရာထူးမရယူခင္က ေႂကြးေၾကာ္ခဲ့တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ေတြ၊ အ မ်ိဳးမ်ိဳးေသာ မူဝါဒေတြကို အေကာင္အထည္မေပၚႏိုင္ခဲ့ဘဲ (အေကာင္အထည္ေဖာ္ေနဆဲ) ကာလမွာ အနားယူလိုက္ရတဲ့အတြက္ ဂ်ပန္ျပည္သူလူထုကို အႏူးအၫြတ္ေတာင္းပန္ေၾကာင္း စကားပါ။

ဒါ့အျပင္ “ႏိုင္ငံေရးမွာ အဓိကအက်ဆုံးက ရလဒ္ကိုထုတ္ေပးႏိုင္ျခင္း ရွိမရွိ ဆိုတာပါပဲ။ ရလဒ္ကိုထုတ္ေပးႏိုင္ဖို႔ အၿမဲႀကိဳးစားခဲ့ပါတယ္။ က်န္းမာေရးအျပည့္အဝ ေကာင္းမြန္ေနျခင္းမရွိရင္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္ေတြ မွားႏိုင္ပါတယ္။ ရလဒ္ကို ထုတ္မေပးႏိုင္ရင္ ဝန္ႀကီးခ်ဳပ္ ေနရာမွာေနဖို႔မသင့္ဘူးလို႔ ယူဆပါတယ္။ ဒါေၾကာင့္ ဝန္ႀကီးခ်ဳပ္အျဖစ္ကအနားယူဖို႔ဆုံးျဖတ္လိုက္ပါတယ္။” ဂ်ပန္ဝန္ႀကီးခ်ဳပ္ဟာ ဒုတိယ ကမာၻစစ္အတြက္ ေတာင္းပန္တာ၊ တ႐ုတ္အမ်ိဳးသမီးေတြနဲ႔ေတာင္ကိုရီးယားအမ်ိဳးသမီးေတြအေပၚ ဂ်ပန္တပ္ေတြ က်ဴးလြန္ခဲ့ဖူးတာေတြ အတြက္ ေတာင္းပန္တာ အစရွိတဲ့ တရားဝင္ေတာင္းပန္မႈေတြ ျပဳလုပ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

လူ႔သမိုင္းမွာ ေတာင္းပန္တဲ့လုပ္ရပ္ကို ပုဂၢိဳလ္ေရးအဆင့္လုပ္တာေရာ အင္စတီက်ဴးရွင္းအဆင့္လုပ္တာေရာ ရွိပါတယ္။ေတာင္းပန္တာဟာ ပုဂၢိဳလ္ေရးေရာ ႏိုင္ငံေရးပါ ျဖစ္ပါသတဲ့။ ေတာင္းပန္တဲ့အျပဳအမူတိုင္း အေရးပါသလို ေတာင္းပန္စကားတခြန္းတိုင္းဟာ အမ်ားျပည္သူ မွတ္တမ္းဝင္တဲ့ လုပ္ရပ္ပါ။ဟီ႐ိုရွီးမားနဲ႔နာဂါဆာကီကိုအႏုျမဴဗုံးႀကဲခ်ၿပီး ဒုတိယကမာၻစစ္ကိုရပ္တန႔္ေစခဲ့တဲ့ အေမရိကန္အစိုးရဟာ အဲဒီ့ဗုံးႀကဲမႈအတြက္ မေတာင္းပန္ဖူးပါဘူး။ ဒါေပမဲ့ ပုလဲဆိပ္ကမ္းကို ဂ်ပန္ဗုံးႀကဲၿပီးခ်ိန္မွာ အေမရိကန္ႏိုင္ငံမွာရွိတဲ့ ဂ်ပန္လူမ်ိဳးေတြကို ဖမ္းဆီးအက်ဥ္းစခန္းသြင္းတာေတြ လုပ္ခဲ့ဖူးတဲ့အတြက္ေတာ့ ျပန္ေတာင္းပန္ခဲ့ပါတယ္။

(Daw Nang Kyi Kyi)

UNICODE

ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးမွဲပြာကျနာမည်ဆိုးနဲ့လူမုန်းခံခဲ့ရတဲ့ ဂျာမနီနဲ့ဂျပန်ဟာ လူသိရှင်ကြား တောင်းပန်အမှားပြင်ဆင် ခဲ့ပြီး အခုအချိန်မှာ ကမ္ဘာ့အသိုက်အဝန်းမှာဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်တဲ့ ဥရောပတိုက်အချမ်းသာဆုံးနိုင်ငံနဲ့ အာရှဒေသတွင်း အင်အား ကြီးနိုင်ငံ ဖြစ်နေပါပြီ။ ဒုတိယကမ္ဘာစစ်က နိုင်ငံတော်အမှားတွေအတွက် ဂျာမနီနဲ့ဂျပန်ခေါင်းဆောင်တွေက (သူတို့ကိုယ်တိုင် ကျူးလွန်သူ မဟုတ်ပေမယ့်လည်း ရှေ့လူတွေအမှားကို နောက်အစိုးရသိကြောင်း တာဝန်ယူတဲ့အသိအမှတ်ပြုတဲ့အနေနဲ့) လူသိရှင်ကြား အများပြည်သူ ကို တောင်းပန်ခဲ့ကြပါတယ်။

ရာထူး ကနုတ်ထွက်ကြောင်း ကြေညာလိုက်တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲဟာ ဒီကနေ့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ပြည်သူလူ ထုကို တောင်းပန်သွားတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန်၊ သူ့တာဝန်သက်တမ်းတနှစ် ကျန်သေးချိန်မှာ အနားယူမိတဲ့အတွက် တောင်း ပန်တယ်။အဲဒါတွေအပြင် ပိုစိတ်ဝင်စားဖို့ကောင်းတာက- ဝန်ကြီးချုပ်ရာထူးမရယူခင်က ကြွေးကြော်ခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ အ မျိုးမျိုးသော မူဝါဒတွေကို အကောင်အထည်မပေါ်နိုင်ခဲ့ဘဲ (အကောင်အထည်ဖော်နေဆဲ) ကာလမှာ အနားယူလိုက်ရတဲ့အတွက် ဂျပန်ပြည်သူလူထုကို အနူးအညွတ်တောင်းပန်ကြောင်း စကားပါ။

ဒါ့အပြင် “နိုင်ငံရေးမှာ အဓိကအကျဆုံးက ရလဒ်ကိုထုတ်ပေးနိုင်ခြင်း ရှိမရှိ ဆိုတာပါပဲ။ ရလဒ်ကိုထုတ်ပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပါတယ်။ ကျန်းမာရေးအပြည့်အဝ ကောင်းမွန်နေခြင်းမရှိရင် နိုင်ငံရေးဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ ရလဒ်ကို ထုတ်မပေးနိုင်ရင် ဝန်ကြီးချုပ် နေရာမှာနေဖို့မသင့်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်အဖြစ်ကအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။” ဂျပန်ဝန်ကြီးချုပ်ဟာ ဒုတိယ ကမ္ဘာစစ်အတွက် တောင်းပန်တာ၊ တရုတ်အမျိုးသမီးတွေနဲ့တောင်ကိုရီးယားအမျိုးသမီးတွေအပေါ် ဂျပန်တပ်တွေ ကျူးလွန်ခဲ့ဖူးတာတွေ အတွက် တောင်းပန်တာ အစရှိတဲ့ တရားဝင်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

လူ့သမိုင်းမှာ တောင်းပန်တဲ့လုပ်ရပ်ကို ပုဂ္ဂိုလ်ရေးအဆင့်လုပ်တာရော အင်စတီကျူးရှင်းအဆင့်လုပ်တာရော ရှိပါတယ်။တောင်းပန်တာဟာ ပုဂ္ဂိုလ်ရေးရော နိုင်ငံရေးပါ ဖြစ်ပါသတဲ့။ တောင်းပန်တဲ့အပြုအမူတိုင်း အရေးပါသလို တောင်းပန်စကားတခွန်းတိုင်းဟာ အများပြည်သူ မှတ်တမ်းဝင်တဲ့ လုပ်ရပ်ပါ။ဟီရိုရှီးမားနဲ့နာဂါဆာကီကိုအနုမြူဗုံးကြဲချပြီး ဒုတိယကမ္ဘာစစ်ကိုရပ်တန့်စေခဲ့တဲ့ အမေရိကန်အစိုးရဟာ အဲဒီ့ဗုံးကြဲမှုအတွက် မတောင်းပန်ဖူးပါဘူး။ ဒါပေမဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ဗုံးကြဲပြီးချိန်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဂျပန်လူမျိုးတွေကို ဖမ်းဆီးအကျဉ်းစခန်းသွင်းတာတွေ လုပ်ခဲ့ဖူးတဲ့အတွက်တော့ ပြန်တောင်းပန်ခဲ့ပါတယ်။

(Daw Nang Kyi Kyi)

Add a Comment

Your email address will not be published. Required fields are marked *