ဖြူဖြူထွေးနဲ့ပတ်သက်ပြီး ပရိသတ်အဆဲခံရအောင် Attentionယူနေတယ်လို့ ပြောဆိုမှုအပေါ် မြန်မာလူမျိုးတွေက ဦးနှောက်မရှိ ဘူးလို့ မင်းခန့်ကျော်ပြောပြီ





Crd : myanma platform

UNICODE

ကျွန်တော့ကို Attention ယူတယ်လို့ ထင်ပြီးလာဆဲကြတဲ့ သူတွေ ကို ကျွန်တော့်ဘက်က အတတ်နိုင်ဆုံးဖုန်းလေးဆက်ပြီး ၊ ဗီဒီယိုကော လေးခေါ်ပြီး ပြောပြခဲ့တယ်။အဲ့ဒီလူတွေ အကုန်လုံးကလည်းကျွန်တော့်ရဲ့စိတ်ဓာတ်အမှန်ကို သိသွားပြီး ကျွန်တော့်ပရိသတ် ဖြစ်သွားခဲ့သ လို၊ မိတ်ဆွေတွေ ဖြစ်သွားကြလို့ တစ်ချို့သောသူတွေကိုအဲ့ဒီလိုဖြစ်စေချင်ပါတယ်”လို့ဆိုပါတယ်။

ဖေ့ဘွတ်ဆယ်လီ ဖြူဖြူထွေး နဲ့ လတ်တလော ဖြစ်ပျက်ရသည့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ပရိသတ်များက Attention ယူချင်လို့ လုပ်တာပါ ဆိုပြီး စွပ်စွဲမှုတွေရှိနေတဲ့အပေါ်မှာ သရုပ်ဆောင်မင်းခန့်ကျော် က ဒီဘက်ခေတ် မှာ Attention လိုချင်ရင် အဆဲခံ ရအောင်လုပ် လိုက်၊ ကျွန်တော် ဖင်ချွတ်ပြီးလှန်ပြနေမယ်၊ ဖော်ထားမယ် အဲ့ဒီလိုနည်းတွေ နဲ့ လည်း Attention ယူလို့ရနေတာပဲ လို့ပြောပါတယ်။

ကျွန်တော် Attention ယူစရာ အကြောင်းမရှိပါဘူး။ ဒီဘက်ခေတ်မှာ Attention ယူရတာ အရမ်း လွယ်တယ်။အဆဲခံရအောင် လုပ်လို့ ရတယ်၊ နောက်ပြီး ကျွန်တော်ဖင်ချွတ်ပြီးလှန်ပြနေမယ်၊ ဖော်ထားမယ် အဲ့ဒီလိုနည်းမျိုး စုံနဲ့ Attention ယူရတာလွယ်ပါတယ်။ ကျွန်တော် တို့ မြန်မာလူမျိုးက ရိုင်းရိုင်း ပြောရရင် ဦးနှောက်မရှိ ဘူးလို့ ပြောရမယ်။

အဲ့ဒီလို ပြောပြန်တော့လည်း ရိုင်းတယ်ပြောဦးမယ်။ မတွေးချင်ကြတော့ဘူးလေ။ ခေါင်းစဉ် တစ်ခုအောက်မှာပဲ ဖြတ်သန်းကြတယ်။ အဲ့ဒါ မျိုးတွေ ရပ်တန်းကရပ်စေချင်ပါပြီ။ အကြောင်းအရာ တစ်ခုကို ဂဃနဏ သိတာပဲဖြစ်စေချင်တယ်။

Crd : myanma platform

Add a Comment

Your email address will not be published. Required fields are marked *