(၃၀-၈-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည္ျပဳလူနာသစ္ ရန္ကုန္တိုင္းမွ(၅)ဦးႏွင့္ ရခိုင္ျပည္နယ္မွ(၂၁)ဦး ထပ္ေတြ႕

ဓာတ္ခြဲအတည္ ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာ စစ္ေဆးမႈ တြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူအသစ္ (၁) ဦး (Case-361) ရွိ သျဖင့္ ယေန႔အထိေရာဂါပိုး ကင္းစင္လာသူ စုစုေပါင္း (၃၅၂) ဦး ရွိပါသည္။ ၎တို႔ အနက္ (၃၄၇) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ား တြင္ အသြားအလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၂၉-၈-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၃၀-၈-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၅၃) ဦးရွိပါသည္။ (၃၀-၈-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၅၇၀)ခု၊

ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၄၁၉) ခုႏွင့္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ (၂၆၄) ခု စုစုေပါင္း (၁,၂၅၃)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၂၆) ဦး ေတြ႕ရွိရပါသည္။

(၃၀-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၇၇၅) ဦး ရွိၿပီ ျဖစ္ပါသည္။

REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည် ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူအသစ် (၁) ဦး (Case-361) ရှိ သဖြင့် ယနေ့အထိရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း (၃၅၂) ဦး ရှိပါသည်။ ၎င်းတို့ အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၂၉-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၀-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၃) ဦးရှိပါသည်။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၀)ခု၊

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၄၁၉) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု စုစုပေါင်း (၁,၂၅၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိရပါသည်။

(၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၇၇၅) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *