ကား ေလာက ေပၚလစီ၊ဝန္ထမ္းပါမစ္ ႏွင့္ အလြန္ ဝမ္းနည္းဖြယ္ရာ ကိစၥႀကီး (၁)ခုအေၾကာင္း

လက္ရွိအခ်ိန္မွာ ကား စီးတဲ့ သူေတြ အတြက္ အလြန္ဝမ္းနည္းဖြယ္ရာ ကိစၥႀကီးႀကီးမားမား ႀကီးတစ္ခု ေတြ႕ရွိထားပါေသးတယ္။ ဒါကေတာ့ Spare part ပါ ၊ ယေန႔ အခ်ိန္ထိ SKD brand အားလုံး နီးပါး spare part ကို JDM ေတြ လို ေရာင္းလို႔ကို မရေသးပါဘူး။ Genuine spare part ျဖစ္တဲ့ အတြက္ ေဈးႀကီးတာေရာ ၊ အခြန္အခ နဲ႔ သယ္ယူစရိတ္ ေဈးႀကီးတာေရာ ေၾကာင့္ ေဈး အလြန္ႀကီး ပါတယ္။ လက္ရွိ ေပၚလစီ အတိုင္းသြားမယ္ ဆိုရင္ ေနာင္ ၅ ႏွစ္မွာ ေငြ တစ္သိန္း ေလာက္နဲ႔ ကားျပင္ဖို႔ မစဥ္းစား ၾကပါနဲ႔ေတာ့။ O2 sensor တစ္လုံးတင္ ၂ သိန္း နီးပါး ေပးဝယ္ၾကရမွာပါ။ အင္ဂ်င္ အလုံးလိုက္ သိန္း ၄၀ ၊ ဂီယာေဘာက္ အလုံးလိုက္ သိန္း ၃၀ ၊

မွန္တစ္ခ်ပ္ ၁၂ သိန္း ေလာက္ လစ္ၾကဖို႔ ရွိပါတယ္။ ဒါေတြ ေရွာင္ခ်င္ရင္ ကိုယ့္မွာ ရွိတဲ့ JDM ေလးေတြ ကို တ႐ိုတေသ စီးၾကဖို႔ လိုၿပီလို႔ အႀကံေလးေပးရင္း တစ္စခန္း ရပ္ပါရေစ။လက္ရွိ ကားေပၚလစီ ကေတာ့ ၿငိမ္တယ္ လို႔ ျမင္မိတယ္။ လြန္ခဲ့တဲ့ ၄ ႏွစ္ ကတည္း က ဘယ္ ေမာင္း ပဲ သြားမယ္ ၊ အရည္က်ိဳ စလစ္ ေပ်ာက္သြားမယ္ ၊ ေမာ္ဒယ္ ၂ ႏွစ္ေအာက္ပဲ သြင္းလို႔ ရမယ္ ဆိုတာ ႀကိဳတင္ ေျပာခဲ့ သလို လူတိုင္း လည္း သိခဲ့ပါတယ္။ မမွတ္မိၾကတာပါ။ ဦးသိန္းစိန္ ေခတ္ကလို သြားေတာင္းရင္ ရမယ္လို႔ ထင္ေနတာလဲ ပါေကာင္းပါပါလိမ့္မယ္။ ေသခ်ာ တာ ကေတာ့ ကားေလာက ရဲ႕ က်ား လို႔ သတ္မွတ္ လို႔ ရတဲ့ လူအမ်ားစု က ဘယ္ေမာင္း ဘရန္းနယူး ကားေတြ တစ္မ်ိဳး ၿပီး တစ္မ်ိဳး။

သြင္းလာ တာဟာ အေၾကာင္းမဲ့ (မေသခ်ာပဲ) ရင္းႏွီးျမဳတ္ႏွံ ၾကမွာ မဟုတ္ပါဘူး ၊ ေနာင္ ၅ ႏွစ္ ၁၀ ႏွစ္ ႀကိဳျမင္လို႔ လက္ဦးမႈ ရယူထားတာ ပါ။ ဒါဆိုရင္ JDM ေတြ ေပ်ာက္ကြယ္သြား မွာလား ဆိုေတာ့ ေနာက္ အႏွစ္ ၂၀ ေလာက္ ဆို ျဖစ္ႏိုင္ပါတယ္ ၊ အတိအက် ဆို ၂၀၄၀ ခုႏွစ္ ေလာက္ေပါ့။ ပိုင္ရွင္ အထိန္းအသိမ္း ေတာ္ မွ အေကာင္းတိုင္း က်န္ေနတာမ်ိဳး ရွားရွားပါးပါးေပါ့။ဒီေတာ့ လက္ရွိ ေပၚလစီ သည္ ၿငိမ္ပါ သည္ေပါ့။ မၿငိမ္တာက ဝန္ထမ္း ပါမစ္ ဆိုၿပီး စီးကူးက ဖြသြားတဲ့ ကိစၥပဲ။ သူက impact ႀကီးတယ္ ၊ ဘာေၾကာင့္လဲ ဆိုေတာ့ အခြန္အခ အလြတ္ႀကီး ေပးမယ့္ သေဘာမ်ိဳး ေျပာသြားတာ။တကယ္ေျပာရရင္ ၿငိမ္းခ်မ္းေရး အေၾကာင္းျပၿပီး ဦးေအာင္မင္း လုပ္သြားတဲ့ ။

9E/1xxx ေက်ာ္ ကားေတြ နဲ႔ အလြန္တူတယ္။ အခြန္ဖရီး ႀကိဳက္တာသြင္း တဲ့ သြင္းထည့္လိုက္တာ Lamborghini, Ferrari , Rolls Royce , Bentley, Hummer , Land Cruiser ဒါေတြ ခ်ည္း အခြန္ နဲ႔ တြက္ရင္ ဘယ္ေလာက္ ဆုံးရႈံး ရမွန္း တြက္ဖို႔ေတာင္ မလြယ္ဖူး။ ဒီပါမစ္ ကိစၥက လည္း ဒီ သေဘာ နည္းတူပဲ၊ ဝန္ထမ္းေတြ ကို အခြင့္အလမ္းေပး တာ ေပမယ့္ တဖက္မွာ ထိခိုက္မႈ Impact ေတာ္ေတာ္ ႀကီးဖို႔ မ်ားတယ္။ အခုေတာင္ ဝန္ထမ္းပါမစ္ အသံၾကားတာနဲ႔ ေလလံ ဆိုဒ္ေတြ မွာ ျမန္မာေတြ အသားကုန္ဝယ္ေနၾကတဲ့ အသံေတြ ၾကား လာရၿပီ။ Malibu , Land Cruiser , Harrier , Carnival , Avanza စတာေတြ ေဈးေတြေတာင္ တက္ကုန္တယ္ ဆိုပဲ။

ေနာက္တစ္ခု က အာမခံ ေပၚလစီ ေတြ ေျပာင္းဖို႔ မ်ားတယ္။ တကယ္ လို႔သာ ကညန က အလုံးစုံ အာမခံ ပါမွ သက္တမ္းတိုးလို႔ ရမယ္လို႔ ဆိုလာခဲ့ရင္ လက္ရွိ ၁% ကေန ၂% ေလာက္ တိုးသြားဖို႔ ရွိတယ္။ ဒါလည္း အာမခံ ကုမၸဏီေတြ လက္ရွိ ကားအာမခံ မွာ အျမတ္လုံးဝ မရွိ အ ကုန္ အ႐ူံးနဲ႔ သြားေနၾကတာ။ သူတို႔လည္း စားဖို႔ ဝါးဖို႔ အခ်ိန္တစ္ခု ေစာင့္ေနၾကတာပါ။ SKD / CKD ရဲ႕ အလားအလာ ကေတာ့ သိပ္ ေကာင္းေနတယ္ေပါ့၊ ဒါကလည္း ဝယ္လိုအား ရွိေနခ်ိန္မွာ ေရာင္းသူက လက္ခ်ိဳးေရလို႔ မွ ၁၀ ေယာက္ မျပည့္ေတာ့ ေကာင္းလြန္းတာ လည္း မဆန္းပါဘူး။ အဓိက SKD နဲ႔ CKD ကို အရည္အေသြး ပိုေကာင္းေစဖို႔ရာ။

တြန္းအား ေပးဖို႔ ဆိုရင္ စားသုံးသူေရးရာ ဥပေဒ ေတြ ကို ပိုမိုတိုးတက္ေအာင္ လုပ္ ၊ စားသုံးသူ မ်ား အစုအဖြဲ႕ေတြ ကေန သင့္တင့္မွ်တမႈ ရွိ တဲ့ ေတာင္းဆိုခ်က္ေတြ နဲ႔ တြန္း ၊ လက္မခံရင္ တရားဆြဲ ၊ ဆႏၵျပ စတာေတြ လုပ္ေပးလိုက္ရင္ သူတို႔လည္း ႏွစ္ အနည္းငယ္မွာ ပိုမို ေကာင္း မြန္လာမယ္လို႔ ျမင္မိပါတယ္။ေဖ့စဘြတ္မွာ လူတြင္က်ယ္ လုပ္ၿပီး ဟိုဟာလုပ္ေပး ဒီဟာ လုပ္ေပး ဆိုတိုင္း ဘယ္သူမွ မလုပ္ေပးပါဘူး။ လုပိ ေပးေစခ်င္ရင္ official နည္းလမ္းေတြ နဲ႔ ႀကိဳးစားမွသာ ထိေရာက္မႈ ရွိမွာပါ။ အခုဟာ က အမ်ားစု က ထိုင္ရာ မထ ေဖ့စဘြတ္ ေပၚ post ေလးတင္ ၿပီး “ငါေဆာ္လိုက္ၿပီ” ဆိုၿပီး လက္ခေမာင္းခတ္ေနၾကတာ၊ လုပ္ငန္းရွင္ ေတြ က ရီတာေပါ့ ခစ္ ခစ္ ဆိုၿပီး။

CKD တိုယိုတာ လာမယ္ ၊ ႀကိဳဆိုပါ၏ ။ ေသခ်ာတာက အေပါစား ကားလာထုတ္တာ အေကာင္းစား အရည္အေသြး မရႏိုင္ေသးပါဘူး။ ဒါ ေပမယ့္ သူ႔ အေပါစား က အေပါစား ေတြထဲမွာေတာ့ ေကာင္းတယ္ဆိုရမွာေပါ့။ ထုတ္ၾကည့္မယ္ သုံးၾကည့္ၾကမယ္ အျပန္အလွန္ ေတာင္း ဆိုမႈ ေပးဆပ္မႈ ရယူမႈ ေတြ ရွိခဲ့မယ္ ဆိုရင္ လူႀကိဳက္မ်ားလာမယ္။ ေပါက္ၿပီးသား brand ေၾကာ္ျငာစရာ မလိုဘူး လူႀကိဳက္ၾကမွာပဲ။

ေဝယံ ၃၀/၈/၂၀၂၀ (၈:၅၇)

UNICODE

လက်ရှိအချိန်မှာ ကား စီးတဲ့ သူတွေ အတွက် အလွန်ဝမ်းနည်းဖွယ်ရာ ကိစ္စကြီးကြီးမားမား ကြီးတစ်ခု တွေ့ရှိထားပါသေးတယ်။ ဒါကတော့ Spare part ပါ ၊ ယနေ့ အချိန်ထိ SKD brand အားလုံး နီးပါး spare part ကို JDM တွေ လို ရောင်းလို့ကို မရသေးပါဘူး။ Genuine spare part ဖြစ်တဲ့ အတွက် ဈေးကြီးတာရော ၊ အခွန်အခ နဲ့ သယ်ယူစရိတ် ဈေးကြီးတာရော ကြောင့် ဈေး အလွန်ကြီး ပါတယ်။ လက်ရှိ ပေါ်လစီ အတိုင်းသွားမယ် ဆိုရင် နောင် ၅ နှစ်မှာ ငွေ တစ်သိန်း လောက်နဲ့ ကားပြင်ဖို့ မစဉ်းစား ကြပါနဲ့တော့။ O2 sensor တစ်လုံးတင် ၂ သိန်း နီးပါး ပေးဝယ်ကြရမှာပါ။ အင်ဂျင် အလုံးလိုက် သိန်း ၄၀ ၊ ဂီယာဘောက် အလုံးလိုက် သိန်း ၃၀ ၊

မှန်တစ်ချပ် ၁၂ သိန်း လောက် လစ်ကြဖို့ ရှိပါတယ်။ ဒါတွေ ရှောင်ချင်ရင် ကိုယ့်မှာ ရှိတဲ့ JDM လေးတွေ ကို တရိုတသေ စီးကြဖို့ လိုပြီလို့ အကြံလေးပေးရင်း တစ်စခန်း ရပ်ပါရစေ။လက်ရှိ ကားပေါ်လစီ ကတော့ ငြိမ်တယ် လို့ မြင်မိတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ကတည်း က ဘယ် မောင်း ပဲ သွားမယ် ၊ အရည်ကျို စလစ် ပျောက်သွားမယ် ၊ မော်ဒယ် ၂ နှစ်အောက်ပဲ သွင်းလို့ ရမယ် ဆိုတာ ကြိုတင် ပြောခဲ့ သလို လူတိုင်း လည်း သိခဲ့ပါတယ်။ မမှတ်မိကြတာပါ။ ဦးသိန်းစိန် ခေတ်ကလို သွားတောင်းရင် ရမယ်လို့ ထင်နေတာလဲ ပါကောင်းပါပါလိမ့်မယ်။ သေချာ တာ ကတော့ ကားလောက ရဲ့ ကျား လို့ သတ်မှတ် လို့ ရတဲ့ လူအများစု က ဘယ်မောင်း ဘရန်းနယူး ကားတွေ တစ်မျိုး ပြီး တစ်မျိုး။

သွင်းလာ တာဟာ အကြောင်းမဲ့ (မသေချာပဲ) ရင်းနှီးမြုတ်နှံ ကြမှာ မဟုတ်ပါဘူး ၊ နောင် ၅ နှစ် ၁၀ နှစ် ကြိုမြင်လို့ လက်ဦးမှု ရယူထားတာ ပါ။ ဒါဆိုရင် JDM တွေ ပျောက်ကွယ်သွား မှာလား ဆိုတော့ နောက် အနှစ် ၂၀ လောက် ဆို ဖြစ်နိုင်ပါတယ် ၊ အတိအကျ ဆို ၂၀၄၀ ခုနှစ် လောက်ပေါ့။ ပိုင်ရှင် အထိန်းအသိမ်း တော် မှ အကောင်းတိုင်း ကျန်နေတာမျိုး ရှားရှားပါးပါးပေါ့။ဒီတော့ လက်ရှိ ပေါ်လစီ သည် ငြိမ်ပါ သည်ပေါ့။ မငြိမ်တာက ဝန်ထမ်း ပါမစ် ဆိုပြီး စီးကူးက ဖွသွားတဲ့ ကိစ္စပဲ။ သူက impact ကြီးတယ် ၊ ဘာကြောင့်လဲ ဆိုတော့ အခွန်အခ အလွတ်ကြီး ပေးမယ့် သဘောမျိုး ပြောသွားတာ။တကယ်ပြောရရင် ငြိမ်းချမ်းရေး အကြောင်းပြပြီး ဦးအောင်မင်း လုပ်သွားတဲ့ ။

9E/1xxx ကျော် ကားတွေ နဲ့ အလွန်တူတယ်။ အခွန်ဖရီး ကြိုက်တာသွင်း တဲ့ သွင်းထည့်လိုက်တာ Lamborghini, Ferrari , Rolls Royce , Bentley, Hummer , Land Cruiser ဒါတွေ ချည်း အခွန် နဲ့ တွက်ရင် ဘယ်လောက် ဆုံးရှုံး ရမှန်း တွက်ဖို့တောင် မလွယ်ဖူး။ ဒီပါမစ် ကိစ္စက လည်း ဒီ သဘော နည်းတူပဲ၊ ဝန်ထမ်းတွေ ကို အခွင့်အလမ်းပေး တာ ပေမယ့် တဖက်မှာ ထိခိုက်မှု Impact တော်တော် ကြီးဖို့ များတယ်။ အခုတောင် ဝန်ထမ်းပါမစ် အသံကြားတာနဲ့ လေလံ ဆိုဒ်တွေ မှာ မြန်မာတွေ အသားကုန်ဝယ်နေကြတဲ့ အသံတွေ ကြား လာရပြီ။ Malibu , Land Cruiser , Harrier , Carnival , Avanza စတာတွေ ဈေးတွေတောင် တက်ကုန်တယ် ဆိုပဲ။

နောက်တစ်ခု က အာမခံ ပေါ်လစီ တွေ ပြောင်းဖို့ များတယ်။ တကယ် လို့သာ ကညန က အလုံးစုံ အာမခံ ပါမှ သက်တမ်းတိုးလို့ ရမယ်လို့ ဆိုလာခဲ့ရင် လက်ရှိ ၁% ကနေ ၂% လောက် တိုးသွားဖို့ ရှိတယ်။ ဒါလည်း အာမခံ ကုမ္ပဏီတွေ လက်ရှိ ကားအာမခံ မှာ အမြတ်လုံးဝ မရှိ အ ကုန် အရူံးနဲ့ သွားနေကြတာ။ သူတို့လည်း စားဖို့ ဝါးဖို့ အချိန်တစ်ခု စောင့်နေကြတာပါ။ SKD / CKD ရဲ့ အလားအလာ ကတော့ သိပ် ကောင်းနေတယ်ပေါ့၊ ဒါကလည်း ဝယ်လိုအား ရှိနေချိန်မှာ ရောင်းသူက လက်ချိုးရေလို့ မှ ၁၀ ယောက် မပြည့်တော့ ကောင်းလွန်းတာ လည်း မဆန်းပါဘူး။ အဓိက SKD နဲ့ CKD ကို အရည်အသွေး ပိုကောင်းစေဖို့ရာ။

တွန်းအား ပေးဖို့ ဆိုရင် စားသုံးသူရေးရာ ဥပဒေ တွေ ကို ပိုမိုတိုးတက်အောင် လုပ် ၊ စားသုံးသူ များ အစုအဖွဲ့တွေ ကနေ သင့်တင့်မျှတမှု ရှိ တဲ့ တောင်းဆိုချက်တွေ နဲ့ တွန်း ၊ လက်မခံရင် တရားဆွဲ ၊ ဆန္ဒပြ စတာတွေ လုပ်ပေးလိုက်ရင် သူတို့လည်း နှစ် အနည်းငယ်မှာ ပိုမို ကောင်း မွန်လာမယ်လို့ မြင်မိပါတယ်။ဖေ့စဘွတ်မှာ လူတွင်ကျယ် လုပ်ပြီး ဟိုဟာလုပ်ပေး ဒီဟာ လုပ်ပေး ဆိုတိုင်း ဘယ်သူမှ မလုပ်ပေးပါဘူး။ လုပိ ပေးစေချင်ရင် official နည်းလမ်းတွေ နဲ့ ကြိုးစားမှသာ ထိရောက်မှု ရှိမှာပါ။ အခုဟာ က အများစု က ထိုင်ရာ မထ ဖေ့စဘွတ် ပေါ် post လေးတင် ပြီး “ငါဆော်လိုက်ပြီ” ဆိုပြီး လက်ခမောင်းခတ်နေကြတာ၊ လုပ်ငန်းရှင် တွေ က ရီတာပေါ့ ခစ် ခစ် ဆိုပြီး။

CKD တိုယိုတာ လာမယ် ၊ ကြိုဆိုပါ၏ ။ သေချာတာက အပေါစား ကားလာထုတ်တာ အကောင်းစား အရည်အသွေး မရနိုင်သေးပါဘူး။ ဒါ ပေမယ့် သူ့ အပေါစား က အပေါစား တွေထဲမှာတော့ ကောင်းတယ်ဆိုရမှာပေါ့။ ထုတ်ကြည့်မယ် သုံးကြည့်ကြမယ် အပြန်အလှန် တောင်း ဆိုမှု ပေးဆပ်မှု ရယူမှု တွေ ရှိခဲ့မယ် ဆိုရင် လူကြိုက်များလာမယ်။ ပေါက်ပြီးသား brand ကြော်ငြာစရာ မလိုဘူး လူကြိုက်ကြမှာပဲ။

ဝေယံ ၃၀/၈/၂၀၂၀ (၈:၅၇)

Add a Comment

Your email address will not be published. Required fields are marked *