ပင်ကိုယ် အလှတရားတွေ ကို အထင်းသား မြင်တွေ့ရမယ့် အဆိုတော်မလေး ပိုပို(ဗီဒီယိုဖိုင်)





crd: Shwe Yoe

UNICODE

ပိုပိုက ဆွဲဆောင်မှုရှိပြီး လှပတဲ့ အနီရောင် ဂါဝန်လေးကို ဝတ်ဆင်ကာ သွယ်လျှလှပတဲ့ ပေါင်တန်လေးတွေကို အထင်သားမြင်နေရပြီး ပင် ကိုယ်အလှတရားတွေပေါ်လွင်နေတာပဲဖြစ်ပါတယ်။ Photo shootingရိုက်ကူးနေရင်း အပျင်းပြေ ဆော့ကစားထားတဲ့ ပိုပိုရဲ့ Tiktok ဗီဒီ ယိုဖိုင်လေးကို ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး အသည်းယား အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။

ချစ်ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပို ကတော့ ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေ ကို သီဆိုဖျော်ဖြေရင်း အနုပညာလမ်း ကြောင်းထက်ကို လျှောက်လှမ်းလာသူလေးပဲဖြစ်ပါတယ်။ သာယာချိုမြတဲ့ သူမရဲ့ ပင်ကိုယ်အသံလေးကြောင့် ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ ပိုပိုက တစ်ကိုယ်တော် အယ်ဘမ်လ်တွေ ကိုလည်း ထွက်ရှိ ထားသူပါ။

သူမရဲ့ သီချင်းတွေကလည်း ခံစားချက် အပြည့်ပါပြီး အချစ်သီချင်းတွေကို အများဆုံးသီဆိုလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များနေတာ ကို တွေ့ရပါတယ်။ယနေ့မှာ တော့ ပရိသတ်အချစ်တော် မလေး ပိုပိုက ပုရိသပရိသတ်တွေ ရင်ခုန်သံ မြန်သွား ရလောက်အောင် အပြတ်လန်းနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပါ။

လတ်တလောမှာတော့ ကိုရိုနာ ဗိုင်းရပ်ရောဂါကူးစပ် ပြန့်ပွားနေတဲ့ ကိစ္စလေးတွေကြောင့် အနုပညာ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတဲ့ ပိုပိုက ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာ ခဏဆိုသလို ဝေမျှပေးလေ့ ရှိသူလည်း ဖြစ်ပါတယ်။

crd:   Shwe Yoe

Add a Comment

Your email address will not be published. Required fields are marked *