ရခိုင္ ျပည္နယ္မွာ ကူးစက္ ေနတဲ့ ကိုဗစ္-၁၉ပိုး ဟာ ဗီဇေျပာင္း ကူးစက္ ျမန္ပိုး ျဖစ္ေၾကာင္း ေဒါက္တာခင္ခင္ႀကီးေျပာၿပီ

က်န္းမာေရးဝန္ႀကီး ဌာန၏ စာရင္းမ်ားအရ ၾသဂုတ္ ၃၁ ရက္နံနက္ပိုင္း အထိ စစ္ေတြၿမိဳ႕တြင္ ၁၈၅ ဦး၊ေက်ာက္ ျဖဴ ၅၃ ဦးႏွင့္ ေပါက္ေတာ ၂၀ ဦး ျဖင့္ အမ်ားဆုံးေတြ႕ရွိထားကာ ျပည္နယ္တစ္ခုလုံး အတိုင္းအတာ အရ ရေသ့ေတာင္ႏွင့္ရမ္းၿဗဲၿမိဳ႕ နယ္မွလြဲ၍ အတည္ျပဳလူနာ ေပါင္း ၃၄၈ ဦးအထိရွိပါတယ္။ေရာဂါကူးစက္မႈထိန္းခ်ဳပ္ ေရး ရခိုင္ျပည္နယ္တြင္ ေနထိုင္သူ မ်ားသည္ မိမိေနအိမ္တြင္သာေန ထိုင္ေရးအ ပါအဝင္ အျခားကန႔္ သတ္မႈမ်ားပါဝင္ေသာ Semi- lockdown သတ္မွတ္ခ်က္ကို အစိုးရက ၾသဂုတ္ ၂၆ ရက္က ၫႊန္ၾကားထားပါတယ္။

ကူးစက္ျမန္ မ်ိဳးဗီဇ ေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ကို ရခိုင္ျပည္နယ္ တြင္ ေတြ႕ရွိမႈ ေသခ်ာသေလာက္ ရွိေနၿပီဟု ျပည္သူ႔က်န္းမာေရး ဦး စီးဌာန ဗဟိုကူး စက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ လူနာဆီမွာ ဗိုင္းရပ္စ္ပိုးက ပမာဏ မ်ားမ်ားေတြ႕ရတယ္။ အသက္ရႉတဲ့ေနရာေတြမွာ အမ်ားစု ေနတယ္။ ဒါေၾကာင့္ ကူးစက္ႏိုင္မႈႏႈန္း အရမ္းျမင့္တာျဖစ္တယ္’’ဟု ၎က ရွင္းျပပါတယ္။ ကူးစက္မႈႏႈန္း ၁၀ ဆ ခန႔္အထိ ပိုမိုျမန္ဆန္သည့္ G614 ဟုအ မည္ေပးထားေသာ မ်ိဳးဗီဇအသစ္ ၏ ျပင္းထန္ႏိုင္မႈ အေျခအေနကို ေလ့လာေနဆဲ ျဖစ္ေၾကာင္း ဗဟို ကူးစက္ေရာဂါတိုက္ဖ်က္ေရး ဌာ နခြဲၫႊန္ၾကားေရးမႉးကဆိုပါတယ္။

ကူးစက္ျမန္ မ်ိဳးဗီဇေျပာင္း လာသည့္ ကိုဗစ္ ေရာဂါ၏ အေျခအေနမွာ ျပင္းထန္ႏိုင္ မႈမရွိ ေၾကာင္း ျဖန႔္ေဝေနၾကျခင္းသည္ မေသခ်ာေသး သည့္ အခ်က္အလက္ျဖစ္ေၾကာင္း ေဒါက္တာခင္ ခင္ႀကီးက ေျပာပါတယ္။ထိုကဲ့သို႔ မတိက်သည့္သတင္း အခ်က္အလက္ျဖင့္ မွားယြင္း သည့္ စိတ္ခ်လုံၿခဳံမႈ ေပးျခင္းသည္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးဘက္ကို ဦးတည္ေစတယ္လို႔ ဆိုပါတယ္။ကူးစက္မႈ အရမ္းျမန္ေတာ့ ေရာဂါ မျပင္းထန္ဘူးလို႔ ေျပာေန ၾကတာေတြ ေတြ႕ရတယ္။ တစ္ခါ တေလက်ေတာ့ စိုးရိမ္စိတ္ေတြ အရမ္းျမင့္လာမွာဆိုးလို႔ ျဖန႔္ေဝ ေနတယ္လို႔ အေကာင္း ဘက္က ေတြးျမင္လိုက္ပါတယ္။

ဒါေပမဲ့ ျပင္းထန္မႈ ရွိ၊မရွိဆိုတဲ့ အခ်က္ အလက္က တျခားႏိုင္ငံေတြအပါ အဝင္ အခုကြၽန္မတို႔ႏိုင္ငံလည္း ေလ့လာေနဆဲအဆင့္မွာရွိပါေသး တယ္’’ဟု ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။လက္ရွိျမန္မာ ႏိုင္ငံ၌ ကိုဗစ္ ေရာဂါေတြ႕ရွိမႈသည္ ကူး စက္ျမန္ မ်ိဳးဗီဇေျပာင္း ကို႐ိုနာ ဗိုင္း ရပ္စ္ပိုး ရခိုင္ျပည္နယ္၌ ေတြ႕ ရွိထားမႈႏွင့္ သက္ဆိုင္ေနေၾကာင္း လည္း ဆိုပါတယ္။ G614 ဟုအမည္ေပးထား ေသာ ကူးစက္မႈႏႈန္း ၁၀ ဆ ခန႔္အ ထိ ပိုမိုျမန္ဆန္သည့္ မ်ိဳးဗီဇအသစ္ကို အေရွ႕ေတာင္အာရွႏိုင္ငံ မ်ား ကူးစက္ေနသည့္ အတြက္ လာမည့္လ မ်ားတြင္ အဆိုးဆုံးအေျခ အေနကို ရင္ဆိုင္ရႏိုင္ေၾကာင္း ႏိုင္ငံတကာ ေဆးဘက္ဆိုင္ရာ ကြၽမ္း က်င္ပညာရွင္မ်ားကၾသဂုတ္ တတိယပတ္က သတိေပးထားပါတယ္။

မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္ပိုး ေတြ႕ရသည့္ ရခိုင္ျပည္နယ္ တြင္ ကိုဗစ္ ေရာဂါ အတည္ျပဳ လူနာ ၃၀၀ေက်ာ္အနက္ အသက္ (၆၀) မွ (၇၀)ၾကား အ႐ြယ္ရွိလူနာ သုံးဦးမွာ လုံေလာက္ေသာေဆး ဝါးကုသမႈေပး ေနရေၾကာင္း အသိေပးထားပါတယ္။ ထို႔အျပင္ ယင္းျပည္နယ္ အတြင္း ေရာ ဂါရွိသူအားလုံး၏ ၈၅ ရာခိုင္ႏႈန္းမွာ လကၡဏာမျပဘဲ အသက္ (၁၅)ႏွစ္ႏွင့္ (၃၀) အၾကား ကူးစက္ခံရသူ ထက္ဝက္ခန႔္ ျဖင့္ အမ်ားဆုံးျဖစ္ ေနပါတယ္။

REF: SHWE WIKI

UNICODE

ကျန်းမာရေးဝန်ကြီး ဌာန၏ စာရင်းများအရ သြဂုတ် ၃၁ ရက်နံနက်ပိုင်း အထိ စစ်တွေမြို့တွင် ၁၈၅ ဦး၊ကျောက် ဖြူ ၅၃ ဦးနှင့် ပေါက်တော ၂၀ ဦး ဖြင့် အများဆုံးတွေ့ရှိထားကာ ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အရ ရသေ့တောင်နှင့်ရမ်းဗြဲမြို့ နယ်မှလွဲ၍ အတည်ပြုလူနာ ပေါင်း ၃၄၈ ဦးအထိရှိပါတယ်။ရောဂါကူးစက်မှုထိန်းချုပ် ရေး ရခိုင်ပြည်နယ်တွင် နေထိုင်သူ များသည် မိမိနေအိမ်တွင်သာနေ ထိုင်ရေးအ ပါအဝင် အခြားကန့် သတ်မှုများပါဝင်သော Semi- lockdown သတ်မှတ်ချက်ကို အစိုးရက သြဂုတ် ၂၆ ရက်က ညွှန်ကြားထားပါတယ်။

ကူးစက်မြန် မျိုးဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကို ရခိုင်ပြည်နယ် တွင် တွေ့ရှိမှု သေချာသလောက် ရှိနေပြီဟု ပြည်သူ့ကျန်းမာရေး ဦး စီးဌာန ဗဟိုကူး စက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ လူနာဆီမှာ ဗိုင်းရပ်စ်ပိုးက ပမာဏ များများတွေ့ရတယ်။ အသက်ရှူတဲ့နေရာတွေမှာ အများစု နေတယ်။ ဒါကြောင့် ကူးစက်နိုင်မှုနှုန်း အရမ်းမြင့်တာဖြစ်တယ်’’ဟု ၎င်းက ရှင်းပြပါတယ်။ ကူးစက်မှုနှုန်း ၁၀ ဆ ခန့်အထိ ပိုမိုမြန်ဆန်သည့် G614 ဟုအ မည်ပေးထားသော မျိုးဗီဇအသစ် ၏ ပြင်းထန်နိုင်မှု အခြေအနေကို လေ့လာနေဆဲ ဖြစ်ကြောင်း ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာ နခွဲညွှန်ကြားရေးမှူးကဆိုပါတယ်။

ကူးစက်မြန် မျိုးဗီဇပြောင်း လာသည့် ကိုဗစ် ရောဂါ၏ အခြေအနေမှာ ပြင်းထန်နိုင် မှုမရှိ ကြောင်း ဖြန့်ဝေနေကြခြင်းသည် မသေချာသေး သည့် အချက်အလက်ဖြစ်ကြောင်း ဒေါက်တာခင် ခင်ကြီးက ပြောပါတယ်။ထိုကဲ့သို့ မတိကျသည့်သတင်း အချက်အလက်ဖြင့် မှားယွင်း သည့် စိတ်ချလုံခြုံမှု ပေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည်စေတယ်လို့ ဆိုပါတယ်။ကူးစက်မှု အရမ်းမြန်တော့ ရောဂါ မပြင်းထန်ဘူးလို့ ပြောနေ ကြတာတွေ တွေ့ရတယ်။ တစ်ခါ တလေကျတော့ စိုးရိမ်စိတ်တွေ အရမ်းမြင့်လာမှာဆိုးလို့ ဖြန့်ဝေ နေတယ်လို့ အကောင်း ဘက်က တွေးမြင်လိုက်ပါတယ်။

ဒါပေမဲ့ ပြင်းထန်မှု ရှိ၊မရှိဆိုတဲ့ အချက် အလက်က တခြားနိုင်ငံတွေအပါ အဝင် အခုကျွန်မတို့နိုင်ငံလည်း လေ့လာနေဆဲအဆင့်မှာရှိပါသေး တယ်’’ဟု ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။လက်ရှိမြန်မာ နိုင်ငံ၌ ကိုဗစ် ရောဂါတွေ့ရှိမှုသည် ကူး စက်မြန် မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်း ရပ်စ်ပိုး ရခိုင်ပြည်နယ်၌ တွေ့ ရှိထားမှုနှင့် သက်ဆိုင်နေကြောင်း လည်း ဆိုပါတယ်။ G614 ဟုအမည်ပေးထား သော ကူးစက်မှုနှုန်း ၁၀ ဆ ခန့်အ ထိ ပိုမိုမြန်ဆန်သည့် မျိုးဗီဇအသစ်ကို အရှေ့တောင်အာရှနိုင်ငံ များ ကူးစက်နေသည့် အတွက် လာမည့်လ များတွင် အဆိုးဆုံးအခြေ အနေကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များကသြဂုတ် တတိယပတ်က သတိပေးထားပါတယ်။

မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး တွေ့ရသည့် ရခိုင်ပြည်နယ် တွင် ကိုဗစ် ရောဂါ အတည်ပြု လူနာ ၃၀၀ကျော်အနက် အသက် (၆၀) မှ (၇၀)ကြား အရွယ်ရှိလူနာ သုံးဦးမှာ လုံလောက်သောဆေး ဝါးကုသမှုပေး နေရကြောင်း အသိပေးထားပါတယ်။ ထို့အပြင် ယင်းပြည်နယ် အတွင်း ရော ဂါရှိသူအားလုံး၏ ၈၅ ရာခိုင်နှုန်းမှာ လက္ခဏာမပြဘဲ အသက် (၁၅)နှစ်နှင့် (၃၀) အကြား ကူးစက်ခံရသူ ထက်ဝက်ခန့် ဖြင့် အများဆုံးဖြစ် နေပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *