ဆား (သို႔မဟုတ္) ဆားငံ ရည္ ျဖင့္ ဘာလို႔ ပလုတ္ က်င္း ခိုင္းရသည့္ အေၾကာင္းရင္း

၁။ ပါးစပ္ထဲမွာ ရွိေနတဲ့ ဘက္တီးရီးယား ပိုးမႊားေတြကို သန႔္စင္ေပးတယ္။ သြားတိုက္တံနဲ႔ အလြယ္တကူ မေရာက္ႏိုင္တဲ့ သြားၾကားထဲက ပိုးမႊားေတြကိုလည္း ဖယ္ရွားေပးႏိုင္တယ္။၂။ သြားေသခ်ာ မတိုက္ျခင္းေၾကာင့္ အေပၚယံသြားေႂကြလႊာေပၚ အက်ိအခြၽဲတက္ျခင္းကို ေႏွး ေကြးေစတယ္၃။ ခံတြင္းအနံ႔ဆိုး ထြက္တတ္တဲ့ သူေတြဆိုရင္ တစ္ေန႔ကို တစ္ႀကိမ္ေလာက္ ျဖစ္ျဖစ္ သြားတိုက္ၿပီးတိုင္း ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးျခင္းျဖင့္ ခံတြင္းအနံ႔ဆိုးကို သက္သာေစတယ္။

အယ္လ္ကိုေဟာ ပါဝင္တဲ့ ခံတြင္း သန႔္စင္ေဆးရည္နဲ႔ မတည့္တဲ့သူေတြဆိုရင္ ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးလို႔ ရပါတယ္၄။ လည္ေခ်ာင္း နာတဲ့ သူေတြဆိုရင္ ပါးစပ္ပတ္ပတ္လည္ကို တစ္ႀကိမ္၊ အာေခါင္စပ္ ေရာက္တဲ့အထိ ေခါင္းကိုအနည္းငယ္ေမာ့ၿပီး တစ္ႀကိမ္ ၂ႀကိမ္တိတိ ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးျခင္းျဖင့္ လည္ေခ်ာင္းနာေဝဒနာကို အျမန္သက္သာ ေစႏိုင္သလို ေပ်ာက္တာလည္း ျမန္ေစပါတယ္ ၅။ ပါးစပ္မွာ Ulcer ကဲ့သို႔ အျဖဴေရာင္ အနာကြက္ေလးေတြ ေပါက္ေနတဲ့အခါ ဆားငန္ရည္ နဲ႔ ပလုတ္က်င္းေပးျခင္းျဖင့္ ပိုးေသေစတယ္။

ေဆးဆိုင္ကေန အနာေပ်ာက္လိမ္းေဆးေတြကို လိမ္းေပးၿပီးသြား ရင္လည္း အေရာင္က်ေစႏိုင္ၿပီး အနာကို ေသးေစကာ ျမန္ျမန္ေပ်ာက္ ေစႏိုင္ပါတယ္။၆။ သြားဖုံးေရာင္ျခင္း၊ သြားဖုံးေသြးယိုျခင္း၊ ေရစီးကမ္းၿပိဳ ျဖစ္ျခင္း၊ သြားပိုးေပါက္ျဖစ္ျခင္း၊ သြားပိုးစားျခင္းကိုလည္း ကာ ကြယ္ေပးႏိုင္တယ္၇။ သြားႏႈတ္ၿပီး ၂၄နာရီေနာက္ပိုင္းမွာ ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးမယ္ ဆိုရင္ အနာက်က္ျမန္ေစၿပီး အနာမရင္း ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္သတိထားရမွာက သြားနဲ႔ခံတြင္းဆရာဝန္ရဲ႕ ေဆးပညာအတည္ျပဳခ်က္ရမွသာ လုပ္သင့္ပါတယ္။

အထူးသျဖင့္ အံဆုံးသြားႏႈတ္တဲ့သူဆိုရင္ေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္ ဆားငန္ရည္နဲ႔ ပလုတ္မက်င္းခင္ အရင္ေမးဖို႔လိုအပ္ပါတယ္ ၈။ အေအးမိ၊ ဖ်ားနာ၊ တုပ္ေကြးျဖစ္ေနခ်ိန္မွာလည္း ပလုတ္က်င္း လို႔ရပါတယ္။ ခံတြင္းနဲ႔ လည္ေခ်ာင္းထဲမွာ ရွိေနတဲ့ ခြၽဲသလိပ္ေတြကို ေၾကေစၿပီး ဘက္တီးရီးယားပိုးေတြကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။သြားနဲ႔ခံတြင္းက်န္းမာေရး အတြက္ ဒီနည္းလမ္းေတြကို လိုက္နာပါ ၁။ ဖလို႐ိုဒ္ပါတဲ့ သြားတိုက္ေဆးနဲ႔ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ သြားတိုက္ေပးပါ။

သြားတိုက္တဲ့အခါမွာလည္း နည္းမွန္လမ္းမွန္နဲ႔ စနစ္တက် သြားတိုက္ဖို႔ အေရးႀကီးပါတယ္၂။ သြားတိုက္ၿပီးရင္ လွ်ာျခစ္ပါ။ လွ်ာျခစ္ဖို႔အ တြက္ လွ်ာျခစ္တံ အေပ်ာ့စားေလး သို႔မဟုတ္ သြားပြတ္တံနဲ႔ အသုံးျပဳလို႔ရပါတယ္ ၃။ အားလုံးလုပ္ၿပီးသြားရင္ ပါးစပ္ကို ခံတြင္းသန႔္စင္ ေဆးရည္ သို႔မဟုတ္ ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးပါ၄။ ဆားငန္ရည္ျပဳလုပ္တဲ့ေနရာမွာ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း တစ္ဝက္ကို ေရက်က္ေႏြးတစ္ခြက္နဲ႔ ေရာေမႊေပးရပါမယ္။၁၀ စကၠန႔္မွ ၁၂ စကၠန႔္ထိ အၾကာဆုံး ဆားငန္ရည္နဲ႔ ပလုတ္ က်င္းၿပီး ေထြးထုတ္ပစ္ပါ။

မမ်ိဳခ်ပါနဲ႔။ လည္ေခ်ာင္းမွာ ဆားေတြကပ္ေနရင္ ေရနည္းနည္းငုံၿပီး ပလုတ္က်င္းကာ ေထြးထုတ္ပစ္ပါ။၅။ တစ္ပတ္ကို ၃ႀကိမ္မွ ၄ႀကိမ္ထိ လုပ္ေပးႏိုင္ရင္ လုံေလာက္ပါတယ္၆။ အစာစားၿပီးတဲ့အခါ ေရနဲ႔ ပလုတ္က်င္းပါ။ သြားပြတ္ႀကိဳးသုံးၿပီး သြားၾကားထဲ ညႇပ္ေနတဲ့ စားႂကြင္း စားက်န္ေတြကို ရွင္းထုတ္ပစ္ပါ၇။ သြားနဲ႔ခံတြင္းေဆးခန္းကို ၆လ တစ္ႀကိမ္ ပုံမွန္သြားျပေပးပါ ကိုယ့္ရဲ႕ ႐ုပ္နဲ႔ခႏၶာက်န္းမာေရးအေပၚ အမ်ားႀကီး သက္ေရာက္မႈရွိေစတာေၾကာင့္ ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို ေသခ်ာလိုက္နာၿပီး ။

ကိုယ့္ရဲ႕ခံတြင္းကို သန႔္ရွင္းေအာင္ထားဖို႔ ထပ္မံအ ဆားငန္ရည္ ဆိုတာ ခံတြင္းက်န္းမာေရး အတြက္ ေကာင္းက်ိဳး မ်ားစြာ ေပးစြမ္းႏိုင္တဲ့ အိမ္တြင္းေဆးဝါး တစ္လက္ပါပဲ သြား၊ လွ်ာ၊ သြားဖုံး၊ လည္ေခ်ာင္း ကိုလည္း သန႔္ရွင္းေပးတယ္။ သြားကိုက္၊ သြားနာ၊ အနာေပါက္တာ၊ ခံ တြင္းအနံ႔ဆိုးျဖစ္တာ၊ လည္ေခ်ာင္းနာတာ၊ သြားႏႈတ္ၿပီးခ်ိန္မွာ သြားဖုံးထဲ ပိုးမဝင္ေစဖို႔နဲ႔ အနာက်က္ျမန္ေစဖို႔ ဆားငန္ရည္နဲ႔ ပလုတ္က်င္း တတ္ၾကပါတယ္။ဆားငန္ရည္နဲ႔ ပလုတ္က်င္း ဖို႔ သြားနဲ႔ခံတြင္း ဆရာဝန္တိုင္း ဘာလို႔ အႀကံျပဳတာလဲ။

အလြယ္ကူဆုံးနဲ႔ ေဘးထြက္ဆိုးက်ိဳး မရွိသေလာက္ နည္းသလို အိမ္တိုင္း မွာလည္း ဆားေတြ အလြယ္တကူေဆာင္ ထားတတ္ၾကတာ ဆိုေတာ့ သုံးဖို႔လည္း အဆင္ေျပေစပါတယ္။ ကုန္က်စရိတ္လည္း နည္းတယ္။ လုပ္ဖို႔အတြက္ အခ်ိန္ စကၠန႔္ပိုင္း ေလာက္ပဲ ေပးရတာ ေၾကာင့္ ဆားငန္ရည္နဲ႔ အၿမဲပလုတ္က်င္းဖို႔ အႀကံျပဳရျခင္း ျဖစ္ပါတယ္။

REF: SHWE WIKI

UNICODE

၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။၂။ သွားသေချာ မတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေး ကွေးစေတယ်၃။ ခံတွင်းအနံ့ဆိုး ထွက်တတ်တဲ့ သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက် ဖြစ်ဖြစ် သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။

အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်း သန့်စင်ဆေးရည်နဲ့ မတည့်တဲ့သူတွေဆိုရင် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးလို့ ရပါတယ်၄။ လည်ချောင်း နာတဲ့ သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာဝေဒနာကို အမြန်သက်သာ စေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ် ၅။ ပါးစပ်မှာ Ulcer ကဲ့သို့ အဖြူရောင် အနာကွက်လေးတွေ ပေါက်နေတဲ့အခါ ဆားငန်ရည် နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ပိုးသေစေတယ်။

ဆေးဆိုင်ကနေ အနာပျောက်လိမ်းဆေးတွေကို လိမ်းပေးပြီးသွား ရင်လည်း အရောင်ကျစေနိုင်ပြီး အနာကို သေးစေကာ မြန်မြန်ပျောက် စေနိုင်ပါတယ်။၆။ သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းကိုလည်း ကာ ကွယ်ပေးနိုင်တယ်၇။ သွားနှုတ်ပြီး ၂၄နာရီနောက်ပိုင်းမှာ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးမယ် ဆိုရင် အနာကျက်မြန်စေပြီး အနာမရင်း အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်သတိထားရမှာက သွားနဲ့ခံတွင်းဆရာဝန်ရဲ့ ဆေးပညာအတည်ပြုချက်ရမှသာ လုပ်သင့်ပါတယ်။

အထူးသဖြင့် အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ် ၈။ အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဖြစ်နေချိန်မှာလည်း ပလုတ်ကျင်း လို့ရပါတယ်။ ခံတွင်းနဲ့ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲသလိပ်တွေကို ကြေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။သွားနဲ့ခံတွင်းကျန်းမာရေး အတွက် ဒီနည်းလမ်းတွေကို လိုက်နာပါ ၁။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။

သွားတိုက်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သွားတိုက်ဖို့ အရေးကြီးပါတယ်၂။ သွားတိုက်ပြီးရင် လျှာခြစ်ပါ။ လျှာခြစ်ဖို့အ တွက် လျှာခြစ်တံ အပျော့စားလေး သို့မဟုတ် သွားပွတ်တံနဲ့ အသုံးပြုလို့ရပါတယ် ၃။ အားလုံးလုပ်ပြီးသွားရင် ပါးစပ်ကို ခံတွင်းသန့်စင် ဆေးရည် သို့မဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ၄။ ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။၁၀ စက္ကန့်မှ ၁၂ စက္ကန့်ထိ အကြာဆုံး ဆားငန်ရည်နဲ့ ပလုတ် ကျင်းပြီး ထွေးထုတ်ပစ်ပါ။

မမျိုချပါနဲ့။ လည်ချောင်းမှာ ဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်ပစ်ပါ။၅။ တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်၆။ အစာစားပြီးတဲ့အခါ ရေနဲ့ ပလုတ်ကျင်းပါ။ သွားပွတ်ကြိုးသုံးပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်း စားကျန်တွေကို ရှင်းထုတ်ပစ်ပါ၇။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လ တစ်ကြိမ် ပုံမှန်သွားပြပေးပါ ကိုယ့်ရဲ့ ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိစေတာကြောင့် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ။

ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအ ဆားငန်ရည် ဆိုတာ ခံတွင်းကျန်းမာရေး အတွက် ကောင်းကျိုး များစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါး တစ်လက်ပါပဲ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်း ကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံ တွင်းအနံ့ဆိုးဖြစ်တာ၊ လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်း တတ်ကြပါတယ်။ဆားငန်ရည်နဲ့ ပလုတ်ကျင်း ဖို့ သွားနဲ့ခံတွင်း ဆရာဝန်တိုင်း ဘာလို့ အကြံပြုတာလဲ။

အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းသလို အိမ်တိုင်း မှာလည်း ဆားတွေ အလွယ်တကူဆောင် ထားတတ်ကြတာ ဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန် စက္ကန့်ပိုင်း လောက်ပဲ ပေးရတာ ကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *