ရခိုင္က ျပန္လာသူ (၅)ေထာင္ေက်ာ္မွာ တစ္ဝက္ေလာက္ ဖုန္းျပန္မေျဖ၍ ေဖာ္ထုတ္ၿပီး ျပင္းထန္စြာအေရးယူမည္
|ရခိုင္ျပည္နယ္မွ ရန္ကုန္သို႔ လာေရာက္ေသာ ခရီးသြားလူစာရင္းကို ႏိုင္ငံပိုင္မီဒီယာေတြကတဆင့္ ထုတ္ျပန္ၿပီး သက္ဆိုင္ရာကို မဆက္ သြယ္ရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ သတိေပးထားပါေသးတယ္။ ၾသဂုတ္ ၁၀ ရက္ ေနာက္ပိုင္း ရခိုင္ျပည္နယ္ကေန ရန္ကုန္ကို ေလေၾကာင္းနဲ႔ ျပန္ဝင္လာသူ (၅၄၀၉) ကိုအစိုးရက ဆက္သြယ္တဲ့အခါ ထက္ဝက္ေက်ာ္ ျဖစ္တဲ့ (၂၅၄၇) က ဖုန္းျပန္မေျဖဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီမနက္ထုတ္ျပန္ပါတယ္။
လက္ခံေျဖၾကားခဲ့သူထဲက တခ်ိဳ႕လည္း သက္ဆိုင္ရာက်န္းမာေရး ဌာနနဲ႔ အုပ္ခ်ဳပ္ေရးဌာနမ်ားသို႔ ဆက္လက္သတင္းပို႔ျခင္း နဲ႔ အသြားအ လာကန႔္သတ္ျခင္း လုပ္ငန္း ေတြမွာ ပူးေပါင္းေဆာင္႐ြက္ျခင္းစတဲ့ ေရာဂါဆက္လက္မျပန႔္ပြားေစေရးလုပ္ငန္းစဥ္ေတြမွာ ပူးေပါင္း ေဆာင္ ႐ြက္မႈ အလြန္အားနည္းေနတာကို ေတြ႕တယ္လို႔ ထုတ္ျပန္ထားတာပါ။ေဆးသုေတသနဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနနဲ႔ ကုသ ေရးဦးစီးဌာနတို႔က ၾသဂုတ္ ၃၀ နဲ႔ ၃၁ ရက္ အတြင္း သူတို႔ကို ႀကိဳးပမ္းဆက္သြယ္ခဲ့တဲ့အေျခအေနေတြ ထုတ္ျပန္လိုက္ပါတယ္။
ေဆးသုေတသနဦးစီးဌာနက ခရီးသြား (၃၀၄၃) ဦးကို ဖုန္းေခၚဆိုမႈေပါင္း (၆၀၈၈) ႀကိမ္ ေခၚဆိုရာမွာ ဖုန္းလက္ခံ ေျဖသူ ၁၄၆၆ ဦး ရွိခဲ့ ပါတယ္။သူတို႔ထဲက က်န္းမာေရးဌာနနဲ႔ အုပ္ခ်ဳပ္ေရးဌာနေတြကို ဆက္လက္သတင္းပို႔သူ (၇၈၂) ဦး ရွိၿပီး အသြားအလာ ကန႔္သတ္ျခင္း လုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္သူ (၆၆၁) ဦး ရွိပါတယ္။ဒါေပမဲ့ ဖုန္းကိုင္ၿပီး အခ်က္အလက္ ျပန္မေျပာခဲ့သူ (ဖုန္းခ်သြားျခင္း၊ ေျဖ ၾကားရန္ျငင္းဆန္ျခင္း၊ ဖုန္းနံပါတ္ မွားယြင္းေနသည္ဟုေျပာ၍ ထပ္မံဆက္သြယ္မရေတာ့ျခင္း) (၁၅၇၇) ဦး ရွိခဲ့ပါတယ္။
ျပည္သူ႔က်န္းမာေရးဦးစီးဌာနနဲ႔ ကုသေရးဦးစီးဌာနတို႔က ခရီးသြား (၁၇၁၆) ကိုဆက္သြယ္ခဲ့ရာ ၇၄၆ ဦး က ဖုန္းေျဖခဲ့ပါတယ္။ သူတို႔ထဲက သက္ဆိုင္ရာကို ၅၂၀ ဦး ကသတင္းဆက္ပို႔ၿပီး အသြားအလာကန႔္သတ္ျခင္းလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္သူ ၄၈၁ ဦး ရွိခဲ့ပါတယ္။ ဖုန္းဆက္သြယ္ခဲ့သူမ်ားအနက္မွ ဖုန္းခ်သြားျခင္း၊ ေျဖၾကားရန္ ျငင္းဆန္ျခင္း၊ ဖုန္းနံပါတ္မွားယြင္းေနသည္ဟုေျပာ၍ ထပ္မံဆက္ သြယ္ မရေတာ့ျခင္းမွာ ၉၇၀ ဦး ရွိခဲ့ပါတယ္။
CRD: THE LIFESTYLE MYANMAR
UNICODE
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လာရောက်သော ခရီးသွားလူစာရင်းကို နိုင်ငံပိုင်မီဒီယာတွေကတဆင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာကို မဆက် သွယ်ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါသေးတယ်။ သြဂုတ် ၁၀ ရက် နောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို လေကြောင်းနဲ့ ပြန်ဝင်လာသူ (၅၄၀၉) ကိုအစိုးရက ဆက်သွယ်တဲ့အခါ ထက်ဝက်ကျော် ဖြစ်တဲ့ (၂၅၄၇) က ဖုန်းပြန်မဖြေဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီမနက်ထုတ်ပြန်ပါတယ်။
လက်ခံဖြေကြားခဲ့သူထဲက တချို့လည်း သက်ဆိုင်ရာကျန်းမာရေး ဌာနနဲ့ အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့ခြင်း နဲ့ အသွားအ လာကန့်သတ်ခြင်း လုပ်ငန်း တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းစတဲ့ ရောဂါဆက်လက်မပြန့်ပွားစေရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင် ရွက်မှု အလွန်အားနည်းနေတာကို တွေ့တယ်လို့ ထုတ်ပြန်ထားတာပါ။ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသ ရေးဦးစီးဌာနတို့က သြဂုတ် ၃၀ နဲ့ ၃၁ ရက် အတွင်း သူတို့ကို ကြိုးပမ်းဆက်သွယ်ခဲ့တဲ့အခြေအနေတွေ ထုတ်ပြန်လိုက်ပါတယ်။
ဆေးသုတေသနဦးစီးဌာနက ခရီးသွား (၃၀၄၃) ဦးကို ဖုန်းခေါ်ဆိုမှုပေါင်း (၆၀၈၈) ကြိမ် ခေါ်ဆိုရာမှာ ဖုန်းလက်ခံ ဖြေသူ ၁၄၆၆ ဦး ရှိခဲ့ ပါတယ်။သူတို့ထဲက ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဆက်လက်သတင်းပို့သူ (၇၈၂) ဦး ရှိပြီး အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သူ (၆၆၁) ဦး ရှိပါတယ်။ဒါပေမဲ့ ဖုန်းကိုင်ပြီး အချက်အလက် ပြန်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေ ကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း) (၁၅၇၇) ဦး ရှိခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့က ခရီးသွား (၁၇၁၆) ကိုဆက်သွယ်ခဲ့ရာ ၇၄၆ ဦး က ဖုန်းဖြေခဲ့ပါတယ်။ သူတို့ထဲက သက်ဆိုင်ရာကို ၅၂၀ ဦး ကသတင်းဆက်ပို့ပြီး အသွားအလာကန့်သတ်ခြင်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သူ ၄၈၁ ဦး ရှိခဲ့ပါတယ်။ ဖုန်းဆက်သွယ်ခဲ့သူများအနက်မှ ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက် သွယ် မရတော့ခြင်းမှာ ၉၇၀ ဦး ရှိခဲ့ပါတယ်။
CRD: THE LIFESTYLE MYANMAR