အာမခံေလွ်ာက္ထားလိုလွ်င္ တရား႐ုံးထံ ေလွ်ာက္ထားႏိုင္ေၾကာင္း ေျပာၾကားရာတြင္ ဦးေဌးေအာင္က ပယ္ခ်

ORCHIDပိုင္ရွင္ ဦးေဌးေအာင္ကို ၾသဂုတ္လ ၈ ရက္တြင္ ၎၏လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ လက္ရွိအစိုးရႏွင့္ အတိုင္ပင္ခံ ပုဂၢိဳလ္ ကိုေျပာဆိုမႈႏွင့္ ပတ္သက္ၿပီး ပုဇြန္ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄-ကျဖင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္ၿပီး ၾသဂုတ္လ ၂၁ ရက္တြင္ ရဲတပ္ဖြဲ႕မွ ၎ကို ဖမ္းဆီး၍ အင္းစိန္ေထာင္ သို႔ ပို႔ေဆာင္ ခဲ့သည္။၎သည္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ တြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ရန္ကုန္တိုင္း ေကာ့မႉးၿမိဳ႕နယ္၌ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေလွ်ာက္လႊာတင္သြင္း ထားသူလည္း ျဖစ္သည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄-ကျဖင့္ တရားစြဲဆိုခံထားရေသာ ဦးေဌးေအာင္သည္ အာမခံေလွ်ာက္ထားမည္ မဟုတ္ေၾကာင္း စက္တင္ ဘာလ ၁ ရက္ေန႔က ျပဳလုပ္သည့္ တရား႐ုံးစစ္ေဆးမႈတြင္ တရားသူႀကီးကို ျပန္လည္ ေျပာၾကားခဲ့သည္။အဆိုပါ႐ုံးခ်ိန္းကို သာ ေကတ ၿမိဳ႕နယ္ရွိ ရန္ကုန္တိုင္းအေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးတြင္ စစ္ေဆးခဲ့ၿပီး ဦးေဌးေအာင္ကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၈ ရက္တြင္ ၎၏ လူမႈ ကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္လက္ရွိ အစိုးရႏွင့္ အတိုင္ပင္ခံ ပုဂၢိဳလ္ကို ေျပာဆိုမႈႏွင့္ ပတ္သက္၍ ပုဇြန္ေတာင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄-က ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၊ တြဲဖက္ခ႐ိုင္တရားသူႀကီး ဦးျမင့္ဟန္က ပုဒ္မ ၁၂၄ -ကသည္ အာမခံ၊ေက်ေအးခြင့္မေပး ႏိုင္သည့္ပုဒ္မမ်ိဳးျဖစ္ၿပီး ႏိုင္ငံေတာ္ဘက္က ေက်ေအးမွသာရမည့္အမႈမ်ိဳးျဖစ္၍ အာမခံေလွ်ာက္ထားလိုလွ်င္ တရား႐ုံးထံ ေလွ်ာက္ထားႏိုင္ေၾကာင္း ေျပာၾကားရာ တြင္ ဦးေဌးေအာင္က အာမခံေလွ်ာက္ထားျခင္းကို ျငင္းပယ္ခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ အဆိုပါ႐ုံးခ်ိန္းတြင္ တရားသူႀကီးမွ မႈခင္းစီမံခန္႔ခြဲမႈ အစည္းအေဝးျပဳလုပ္ျခင္း၊ တရားစြဲဆိုရျခင္းအေၾကာင္း၊ ပုဒ္မ ၁၂၄-က ကို ရွင္းလင္းေျပာၾကားျခင္း၊ ဖမ္းဝရမ္းထုတ္သည့္ အေၾကာင္းတို႔ကို ရွင္းလင္းျခင္းတို႔အျပင္ ယင္းအမႈကို ၆ လအတြင္း အၿပီးစစ္ေဆးမည္ျဖစ္ၿပီး စက္တင္ဘာ ၁၁ ရက္တြင္ ႐ုံးခ်ိန္းထပ္မံ ခ်ိန္းဆိုခဲ့သည္။

CRD: THE VOICE

UNICODE

ORCHIDပိုင်ရှင် ဦးဌေးအောင်ကို  သြဂုတ်လ ၈ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လက်ရှိအစိုးရနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုပြောဆိုမှုနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၂၁ ရက်တွင် ရဲတပ်ဖွဲ့မှ ၎င်းကို ဖမ်းဆီး၍ အင်းစိန်ထောင် သို့ ပို့ဆောင် ခဲ့သည်။၎င်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သွင်း ထားသူလည်း ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုခံထားရသော ဦးဌေးအောင်သည် အာမခံလျှောက်ထားမည် မဟုတ်ကြောင်း စက်တင် ဘာလ ၁ ရက်နေ့က ပြုလုပ်သည့် တရားရုံးစစ်ဆေးမှုတွင် တရားသူကြီးကို ပြန်လည် ပြောကြားခဲ့သည်။အဆိုပါရုံးချိန်းကို သာ ကေတ မြို့နယ်ရှိ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ပြီး ဦးဌေးအောင်ကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာမှ တစ်ဆင့်လက်ရှိ အစိုးရနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ပြောဆိုမှုနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးမြင့်ဟန်က ပုဒ်မ ၁၂၄ -ကသည် အာမခံ၊ကျေအေးခွင့်မပေး နိုင်သည့်ပုဒ်မမျိုးဖြစ်ပြီး နိုင်ငံတော်ဘက်က ကျေအေးမှသာရမည့်အမှုမျိုးဖြစ်၍ အာမခံလျှောက်ထားလိုလျှင် တရားရုံးထံ လျှောက်ထားနိုင်ကြောင်း ပြောကြားရာ တွင် ဦးဌေးအောင်က အာမခံလျှောက်ထားခြင်းကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် အဆိုပါရုံးချိန်းတွင် တရားသူကြီးမှ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ခြင်း၊ တရားစွဲဆိုရခြင်းအကြောင်း၊ ပုဒ်မ ၁၂၄-က ကို ရှင်းလင်းပြောကြားခြင်း၊ ဖမ်းဝရမ်းထုတ်သည့် အကြောင်းတို့ကို ရှင်းလင်းခြင်းတို့အပြင် ယင်းအမှုကို ၆ လအတွင်း အပြီးစစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

CRD:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *