ေနျပည္ေတာ္သို႔ ဝင္ေရာက္လိုသူအားလုံး ေဆးစစ္မႈခံယူၿပီး ကိုဗစ္-၁၉ကင္းစင္မွသာ ဝင္ခြင့္ေပးမည္
|ကိုဗစ္နဲ႔ ပတ္သက္ၿပီး “ဒီေန႔ ညေနကစၿပီး အမိန႔္က အသက္ဝင္ပါၿပီ။ ေၾကညာခ်က္လည္း ဒီေန႔ ထြက္ပါတယ္။ ေနျပည္ေတာ္ စည္ပင္ရိပ္ သာမွာ စတင္လက္ခံေနပါၿပီ။ ဝင္တဲ့ လူေတြလည္း ရွိပါတယ္။ Stay Home ေဒသက လာတယ္ဆိုရင္ အနည္းဆုံး ၂ ႀကိမ္ စစ္ရပါမယ္ ခင္ ဗ်“ဟု ေနျပည္ေတာ္ က်န္းမာေရး ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ျမတ္ဝဏၰစိုးက ေျပာဆိုေၾကာင္း သိရသည္။
လက္ရွိ ေနျပည္ေတာ္တြင္ ျပည္တြင္း ကူးစက္မႈေၾကာင့္ ကိုဗစ္ဗိုင္းရပ္စ္ပိုးေတြ႕ရွိရသူ တဦးတေယာက္မွ မရွိေသးဘဲ ႐ုရွားႏိုင္ငံမွ ျပန္ ေရာက္လာသူတဦးသာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ခံေနရစဥ္ ပိုးေတြ႕ ရွိေၾကာင္း သိရွိရသျဖင့္ ေဆးကုသမႈ ခံယူေနရသည္။ ေန ျပည္ေတာ္သို႔ မည္သည့္အရပ္ေဒသမွမဆို ဝင္ေရာက္လိုသူအားလုံး ေဆးစစ္မႈ ခံယူရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ေဆးစစ္မႈ ခံယူၿပီးေနာက္ ကိုဗစ္ဗိုင္းရပ္စ္ပိုး မရွိမွသာ ေနျပည္ေတာ္ အတြင္းသို႔ ဝင္ေရာက္ခြင့္ ျပဳေတာ့မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။ အစိုးရ ဝန္ထမ္း မဟုတ္သူမ်ား အေနျဖင့္ မိမိစရိတ္ျဖင့္ Swab ရယူ စစ္ေဆးမႈ ျပဳလုပ္ရမည္ ျဖစ္ေၾကာင္း၊ ကုန္က်စရိတ္မွာ တခါ ေဆးစစ္ လွ်င္ က်ပ္ ၂ သိန္း ကုန္က်မည္ ျဖစ္ေၾကာင္း ေဒါက္တာ ျမတ္ဝဏၰစိုးက ေျပာသည္။
CRD: THE LIFESTYLE MYANMAR
UNICODE
ကိုဗစ်နဲ့ ပတ်သက်ပြီး “ဒီနေ့ ညနေကစပြီး အမိန့်က အသက်ဝင်ပါပြီ။ ကြေညာချက်လည်း ဒီနေ့ ထွက်ပါတယ်။ နေပြည်တော် စည်ပင်ရိပ် သာမှာ စတင်လက်ခံနေပါပြီ။ ဝင်တဲ့ လူတွေလည်း ရှိပါတယ်။ Stay Home ဒေသက လာတယ်ဆိုရင် အနည်းဆုံး ၂ ကြိမ် စစ်ရပါမယ် ခင် ဗျ“ဟု နေပြည်တော် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောဆိုကြောင်း သိရသည်။
လက်ရှိ နေပြည်တော်တွင် ပြည်တွင်း ကူးစက်မှုကြောင့် ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိရသူ တဦးတယောက်မှ မရှိသေးဘဲ ရုရှားနိုင်ငံမှ ပြန် ရောက်လာသူတဦးသာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရစဉ် ပိုးတွေ့ ရှိကြောင်း သိရှိရသဖြင့် ဆေးကုသမှု ခံယူနေရသည်။ နေ ပြည်တော်သို့ မည်သည့်အရပ်ဒေသမှမဆို ဝင်ရောက်လိုသူအားလုံး ဆေးစစ်မှု ခံယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆေးစစ်မှု ခံယူပြီးနောက် ကိုဗစ်ဗိုင်းရပ်စ်ပိုး မရှိမှသာ နေပြည်တော် အတွင်းသို့ ဝင်ရောက်ခွင့် ပြုတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အစိုးရ ဝန်ထမ်း မဟုတ်သူများ အနေဖြင့် မိမိစရိတ်ဖြင့် Swab ရယူ စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်မှာ တခါ ဆေးစစ် လျှင် ကျပ် ၂ သိန်း ကုန်ကျမည် ဖြစ်ကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
CRD: THE LIFESTYLE MYANMAR