(၂၀၂၀)ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းရန္ အစီအစဥ္မရွိ၊ေ႐ႊ႕ဆိုင္းမည္ဆိုပါက ေအာက္တိုဘာလတြင္ ႀကိဳတင္အသိေပးသြားမည္

လာမည့္ (၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအပါအဝင္ အဖြဲ႕အစည္း ၈ဖြဲ႕ေပါင္းၿပီး သီးသန႔္အဖြဲ႕တစ္ခုအျဖစ္ ဖြဲ႕စည္းကာ စည္းကမ္းခ်က္မ်ားခ်မွတ္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဇြန္လ ၄ရက္ေန႔က ေျပာထားသည္။ COVID-19ေၾကာင့္ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းမည္ဆိုပါက ေအာက္တိုဘာလတြင္ ႀကိဳတင္ အသိေပးသြားမည္ ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာသည္။

၎က”ေ႐ႊ႕ဖို႔အေၾကာင္း အခုထိ မရွိေသးဘူးေပါ့။ ေ႐ႊ႕ရင္ ေအာက္တိုဘာလ ႀကိဳတင္ၿပီးေတာ့ ေျပာပါ့မယ္။ မ်ားမ်ားလာတယ္ ဆိုတာ လည္း စစ္ေတြနဲ႔ ရန္ကုန္ေပါ့ေနာ္။ က်န္တဲ့ေနရာေတြမွာေတာ့ ဒီေလာက္မရွိဘူးေပါ့”ဟုေျပာသည္။စက္တင္ဘာလ ၂ရက္ေန႔က ေနျပည္ ေတာ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္မ်ားကို အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာလ ၈ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ေၾကညာထားသည္။ဦးျမင့္ႏိုင္က”ႏိုင္ငံတကာမွာ COVID ကာလအတြင္းမွာ က်င္းပခဲ့တဲ့ စင္ကာပူတို႔ ကိုရီးယားတို႔ ဒါေတြကို နမူနာၾကည့္ၿပီး ကြၽန္ေတာ္တို႔ စီစဥ္ထားပါတယ္။ မဲ႐ုံေတြက အစ ကြၽန္ေတာ္တို႔ COVIDကာလ အတြင္းမွာဆိုၿပီးေတာ့ ပိုၿပီးတိုး ခ်ဲ႕ထားပါတယ္”ဟုလည္းဆိုသည္။

CRD: NEWS WATCH

UNICODE

လာမည့် (၂၀၂၀)ရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း ၈ဖွဲ့ပေါင်းပြီး သီးသန့်အဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းကာ စည်းကမ်းချက်များချမှတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၄ရက်နေ့က ပြောထားသည်။ COVID-19ကြောင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက အောက်တိုဘာလတွင် ကြိုတင် အသိပေးသွားမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

၎င်းက”ရွှေ့ဖို့အကြောင်း အခုထိ မရှိသေးဘူးပေါ့။ ရွှေ့ရင် အောက်တိုဘာလ ကြိုတင်ပြီးတော့ ပြောပါ့မယ်။ များများလာတယ် ဆိုတာ လည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့နေရာတွေမှာတော့ ဒီလောက်မရှိဘူးပေါ့”ဟုပြောသည်။စက်တင်ဘာလ ၂ရက်နေ့က နေပြည် တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။ဦးမြင့်နိုင်က”နိုင်ငံတကာမှာ COVID ကာလအတွင်းမှာ ကျင်းပခဲ့တဲ့ စင်ကာပူတို့ ကိုရီးယားတို့ ဒါတွေကို နမူနာကြည့်ပြီး ကျွန်တော်တို့ စီစဉ်ထားပါတယ်။ မဲရုံတွေက အစ ကျွန်တော်တို့ COVIDကာလ အတွင်းမှာဆိုပြီးတော့ ပိုပြီးတိုး ချဲ့ထားပါတယ်”ဟုလည်းဆိုသည်။

CRD:  NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *