Covid-19 ဟာ ဘယ္ေလာက္ကူးစက္ လြယ္သလဲ ေဟာင္ေကာင္ ဇီဝေဗဒပညာရွင္ရဲ႕ ေတြ႕ရွိခ်က္ အေသးစိတ္

covid က လူမ်ိဳးဘာသာပါတီမေ႐ြး ထိေတြ႕သူမွန္သမွ်ကို ေမႊေဆာ္ေနတဲ့အခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္တင္တာေတြ ရပ္ၾက ပါလို႔ တိုက္တြန္းလိုက္ပါတယ္။ ေၾကာက္လန႔္ေနလို႔လည္း အက်ိဳးမရွိပါ။ အတင့္ရဲအထင္ေသးၿပီး စည္းကမ္းပ်က္ရင္လည္း မိမိေရာ၊ မိသား စုအျပင္ အကုန္လုံးကို ထိခိုက္ဆုံးရႈံးမႈျဖစ္ေစပါလိမ့္မယ္။ Covid ဟာ မီးလိုပဲ ကူးစက္လြယ္ပါတယ္။ ထိခိုက္ဆုံးရႈံးမႈေတြျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ဆက္မကူးစက္ဖို႔ ညီၫြတ္စြာနဲ႔ႀကိဳးစားၾကဖို႔ ဝိုင္းဝန္းႀကိဳးပမ္းၾကရေအာင္ပါ။ Covid ကာလအတြင္း mask တပ္ပါဆိုတာ ထင္ သေလာက္မလြယ္ပါ။ ဒီအေၾကာင္းကို လက္ေတြ႕က်က် ေနာက္မွ ဆက္ေဆြးေႏြးပါမယ္။

Covid ဟာ ဘယ္ေလာက္ကူးစက္လြယ္သလဲခဏခဏေမးၾကလို႔ ေဟာင္ေကာင္မွာ ျဖစ္ခဲ့တဲ့ ကိစၥတစ္ခုကို နမူနာတင္ျပပါ့မယ္။ၿပီးခဲ့တဲ့ ဇြန္လတုန္း က ေဟာင္ေကာင္မွာ လူေနအိမ္ရာတစ္ခုကေန လူေပါင္းမ်ားစြာေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ ေဟာင္ေကာင္ရဲ႕ Sha Tin ဒိစႀတိတ္ရွိ Lek Yuen Estate မွာ ျဖစ္ခဲ့တာပါ။ အဲ့ဒီအိမ္ရာမွာ Covid ဘယ္လိုကူးစက္ျပန႔္ႏွံ႔ခဲ့သလဲကို ေသခ်ာအေျဖရွာမရျဖစ္ခဲ့ပါတယ္။ ေဟာင္ ေကာင္တကၠသိုလ္က ပါေမာကၡေဒါက္တာ Yuen Kwok Yung ျပန္ေျပာသမွ်ကို ေဖာ္ျပလိုက္ပါတယ္။သူေျပာတဲ့အထဲမွာ တိုက္ခန္း ေတြ တည္ေနပုံကို လုံးဝမရွင္းလင္းပါ။

အဲ့ဒီအိမ္ရာရဲ႕ တိုက္နံပါတ္ ၁၂ ရွိ အိမ္ခန္း ၃ ခန္းက လူ ငါးေယာက္နဲ႔ တိုက္နံပါတ္ ၁၀ က လူတစ္ ေယာက္မွာ ေတြ႕ခဲ့တာပါ။ အဲ့ဒီ လူေန တိုက္ခန္းတြဲေတြထဲက အသက္ ၃၄ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ေယာက္မွာ Covid စေတြ႕ပါတယ္။ သူ က patient zero ပါ။ အဲ့ဒီအသက္ ၃၄ ႏွစ္အမ်ိဳးသမီးေနတဲ့ တိုက္ခန္းရဲ႕အေပၚ ထပ္က အလႊာ ၈ မွာေနတဲ့ အထပ္တူၿပီး ။အိမ္နံပါတ္ မတူညီတဲ့ တိုက္ခန္းနံပါတ္ႏွစ္ခုက လူ ၂ ေယာက္မွာ Covid ထပ္ျဖစ္ပါတယ္။ေအာက္ထပ္က အသက္ ၃၄ ႏွစ္အမ်ိဳးသမီးဆီ ကေန အေပၚထပ္က အိမ္ႏွစ္အိမ္ကို ေရာဂါကူးစက္စ ရာက အဲ့ဒီအမ်ိဳးသမီးက ဟင္းခ်က္ရင္း exhaust fan လို႔ေခၚတဲ့ အေညႇာ္ထုတ္တဲ့ ပန္ ကာကေန မႈတ္ထုတ္တဲ့ ေလေတြကေန။

ကူးစက္တယ္လို႔ ယူဆပါတယ္။ပါေမာကၡေဒါက္တာ Yuen Kwok Yung က အိမ္သာပိုက္ကေန ကူးမကူးစတာေတြကို အကုန္လိုက္စစ္ ပါသတဲ့။ သူက microbiology ပါေမာကၡျဖစ္ၿပီး ေဟာင္ေကာင္ရဲ႕ကူးစက္ေရာဂါဆိုင္ရာ အႀကံေပးအဖြဲ႕ထဲမွာပါပါတယ္။ေအာက္ထပ္ကေန အေပၚထပ္က အိမ္ခန္းႏွစ္ခန္းကို ကူးသြားဖို႔ တစ္ခုတည္းေသာျဖစ္ႏိုင္ေျခက မီးဖိုေခ်ာင္က kitchen exhaust fan ကေန အဲ့ဒီအမ်ိဳးသမီး ဟင္းခ်က္ေနခ်ိန္ သူ႔ဆီကေလက ျပင္ပကိုေရာက္သြားမယ္။ ေလကပူေနေတာ့ အေပၚကိုတက္မယ္။ တိုက္ျပင္ပကေလက တိုက္ခန္းဖက္ တိုက္ေနေတာ့ အေပၚထပ္ကို ကူးသြားတာ ျဖစ္ႏိုင္ပါသတဲ့။

အဲ့ဒီကိစၥမွာ အဲ့ဒီေရာဂါစျဖစ္တဲ့အမ်ိဳးသမီးဟာ တိုက္ခန္းအျပင္ ထြက္ မထြက္ ထည့္မေျပာထားပါဘူး။ အကယ္လို႔ Home quarantine ဝင္ေနလို႔ အိမ္အျပင္မထြက္ပဲ အေပၚထပ္ကလူေတြကိုကူးစက္ခဲ့ရင္ ပါေမာကၡ Yuen ေျပာသလို မီးဖိုေခ်ာင္က ေလထုတ္တဲ့ပန္ကာက ကူးဖို႔မ်ားပါတယ္။က်ေနာ္ကေတာ့ အဲ့ဒီယူဆခ်က္ကို အခုထိလုံးဝဘဝင္မက်ေသးပါ။ ဓာတ္ေလွခါးခလုတ္ေတြကေနျဖစ္ျဖစ္၊ ေလွခါး လက္ရမ္းေတြကျဖစ္ျဖစ္ ကူးစက္တာပိုျဖစ္ႏိုင္တယ္လို႔ ယူဆပါတယ္။ ဘာပဲျဖစ္ျဖစ္ Covid က ကူးစက္ဖို႔လြယ္တာသိရေအာင္အားလုံးကို ျပန္မွ်ေဝတာျဖစ္ပါတယ္။ဓာတ္ေလွခါးသုံးရင္ mask တပ္ၾကပါ။ ခဏေလးအမႈိက္ထြက္ပစ္တာဆိုၿပီး mask မတပ္လို႔မရပါ။

ဓာတ္ေလွခါးပဲသုံးသုံး။ အငွားကားပဲငွားစီးစီး တံခါးလက္ကိုင္ေတြ ခလုတ္ေတြက အင္မတန္ကူးစက္လြယ္တဲ့ေနရာေတြျဖစ္ပါတယ္။ ႐ုံးမွာ လည္း အမ်ားသုံးမီးခလုတ္ေတြ၊ အိမ္သာပိုက္ေခါင္းေတြ၊ ခြက္ေတြ၊ တံခါးလက္ကိုင္ေတြ၊ ဘုေတြက ကူးစက္အလြယ္ဆုံးျဖစ္ပါတယ္။ အခု ေလးတင္ပဲ က်ေနာ့္အသိတစ္ေယာက္က ဖုန္းဆက္ၿပီး ဘယ္သူေတာ့ျဖင့္ Covid positive ျဖစ္လို႔ ေျပာခ်ိန္မွာ က်ေနာ့္အသိထဲက ေတာင္ ပါလာတာကို သတိျပဳမိပါတယ္။ ဘယ္သူေတာ့ပါသြားၿပီလို႔ေျပာတဲ့အခ်ိန္မွာ အခ်ိန္မေ႐ြးအထုပ္ျပင္ခ်ိန္မရပဲ ပါသြားႏိုင္တာကို သတိျပဳ မိလိုက္ပါတယ္။Covid ဟာ က်ေနာ္တို႔ႏိုင္ငံထဲကို တကယ္ကို ဝင္ေမႊေနပါၿပီ။

က်ေနာ္တို႔ျပည္တြင္းကို ဝင္ခဲ့ၿပီဆိုတာနဲ႔ စည္းကမ္းရွိစြာေနထိုင္ျခင္းနဲ႔ အခ်ိန္မီထိန္းမွရပါေတာ့မယ္။ ျမန္မာျပည္ဟာ Covid ပဲၿပီးသလို လိုနဲ႔ Covid ကို အထင္ေသးခဲ့သမွ် Covid က သက္ညႇာေပးမွာမဟုတ္ပါဘူး။ တစ္ခ်ိန္တုန္းက ေဟာင္ေကာင္ကေဟာ္တယ္တစ္ခုမွာ SARS ကူးၿပီးလူေတြေသၾကတာကို က်ေနာ္ေရးဖူးပါတယ္။က်ေနာ္ေျပာလိုတာက အခုအခ်ိန္မွာ သတိေသခ်ာထားၿပီး ဆက္မျပန႔္သြား ေအာင္ အားလုံးညီညီၫြတ္ၫြတ္နဲ႔ စည္းကမ္းရွိစြာဝိုင္း ကာကြယ္မွရပါေတာ့မယ္။ ေရာဂါပိုးအခုထက္ပိုျပန႔္ၿပီး အိႏၵိယ၊ ဘဂၤလားေဒ့ရွ္တို႔လို အျဖစ္ခံမလား။ ညီၫြတ္စြာနဲ႔ ဆက္မျပန႔္ေအာင္ထိန္းၿပီး ကြင္းဆက္ျဖတ္ယူမလား ေ႐ြးရပါမယ္။

စီးပြားေရးကလည္း အေရးႀကီးတာမို႔ အေျခအေနထပ္ဆိုးမသြားေအာင္ အခ်ိန္မီထိန္းခ်ဳပ္ရပါေတာ့မယ္။ စီးပြားေရးထိခိုက္မႈ နည္းေအာင္ လည္း ထည့္စဥ္းစားေနရပါၿပီ။ အခုအခ်ိန္မွာ မ႐ိုးသားမႈေတြဘာညာနဲ႔ ေတြးမေနၾကပဲ အားလုံးညီၫြတ္စြာနဲ႔ ဝိုင္းၿပီး ဆက္မပြားဖို႔ထိန္း ၾကပါလို႔ တိုက္တြန္းပါရေစခင္ဗ်ား။

Richard Myo Thant (1-September-2020)

https://www.facebook.com/richard.myothant

UNICODE

covid က လူမျိုးဘာသာပါတီမရွေး ထိတွေ့သူမှန်သမျှကို မွှေဆော်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေ ရပ်ကြ ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ကြောက်လန့်နေလို့လည်း အကျိုးမရှိပါ။ အတင့်ရဲအထင်သေးပြီး စည်းကမ်းပျက်ရင်လည်း မိမိရော၊ မိသား စုအပြင် အကုန်လုံးကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပါလိမ့်မယ်။ Covid ဟာ မီးလိုပဲ ကူးစက်လွယ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆက်မကူးစက်ဖို့ ညီညွတ်စွာနဲ့ကြိုးစားကြဖို့ ဝိုင်းဝန်းကြိုးပမ်းကြရအောင်ပါ။ Covid ကာလအတွင်း mask တပ်ပါဆိုတာ ထင် သလောက်မလွယ်ပါ။ ဒီအကြောင်းကို လက်တွေ့ကျကျ နောက်မှ ဆက်ဆွေးနွေးပါမယ်။

Covid ဟာ ဘယ်လောက်ကူးစက်လွယ်သလဲခဏခဏမေးကြလို့ ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို နမူနာတင်ပြပါ့မယ်။ပြီးခဲ့တဲ့ ဇွန်လတုန်း က ဟောင်ကောင်မှာ လူနေအိမ်ရာတစ်ခုကနေ လူပေါင်းများစွာရွှေ့ပြောင်းခဲ့ရပါတယ်။ ဟောင်ကောင်ရဲ့ Sha Tin ဒိစတြိတ်ရှိ Lek Yuen Estate မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီအိမ်ရာမှာ Covid ဘယ်လိုကူးစက်ပြန့်နှံ့ခဲ့သလဲကို သေချာအဖြေရှာမရဖြစ်ခဲ့ပါတယ်။ ဟောင် ကောင်တက္ကသိုလ်က ပါမောက္ခဒေါက်တာ Yuen Kwok Yung ပြန်ပြောသမျှကို ဖော်ပြလိုက်ပါတယ်။သူပြောတဲ့အထဲမှာ တိုက်ခန်း တွေ တည်နေပုံကို လုံးဝမရှင်းလင်းပါ။

အဲ့ဒီအိမ်ရာရဲ့ တိုက်နံပါတ် ၁၂ ရှိ အိမ်ခန်း ၃ ခန်းက လူ ငါးယောက်နဲ့ တိုက်နံပါတ် ၁၀ က လူတစ် ယောက်မှာ တွေ့ခဲ့တာပါ။ အဲ့ဒီ လူနေ တိုက်ခန်းတွဲတွေထဲက အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ယောက်မှာ Covid စတွေ့ပါတယ်။ သူ က patient zero ပါ။ အဲ့ဒီအသက် ၃၄ နှစ်အမျိုးသမီးနေတဲ့ တိုက်ခန်းရဲ့အပေါ် ထပ်က အလွှာ ၈ မှာနေတဲ့ အထပ်တူပြီး ။အိမ်နံပါတ် မတူညီတဲ့ တိုက်ခန်းနံပါတ်နှစ်ခုက လူ ၂ ယောက်မှာ Covid ထပ်ဖြစ်ပါတယ်။အောက်ထပ်က အသက် ၃၄ နှစ်အမျိုးသမီးဆီ ကနေ အပေါ်ထပ်က အိမ်နှစ်အိမ်ကို ရောဂါကူးစက်စ ရာက အဲ့ဒီအမျိုးသမီးက ဟင်းချက်ရင်း exhaust fan လို့ခေါ်တဲ့ အညှော်ထုတ်တဲ့ ပန် ကာကနေ မှုတ်ထုတ်တဲ့ လေတွေကနေ။

ကူးစက်တယ်လို့ ယူဆပါတယ်။ပါမောက္ခဒေါက်တာ Yuen Kwok Yung က အိမ်သာပိုက်ကနေ ကူးမကူးစတာတွေကို အကုန်လိုက်စစ် ပါသတဲ့။ သူက microbiology ပါမောက္ခဖြစ်ပြီး ဟောင်ကောင်ရဲ့ကူးစက်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထဲမှာပါပါတယ်။အောက်ထပ်ကနေ အပေါ်ထပ်က အိမ်ခန်းနှစ်ခန်းကို ကူးသွားဖို့ တစ်ခုတည်းသောဖြစ်နိုင်ခြေက မီးဖိုချောင်က kitchen exhaust fan ကနေ အဲ့ဒီအမျိုးသမီး ဟင်းချက်နေချိန် သူ့ဆီကလေက ပြင်ပကိုရောက်သွားမယ်။ လေကပူနေတော့ အပေါ်ကိုတက်မယ်။ တိုက်ပြင်ပကလေက တိုက်ခန်းဖက် တိုက်နေတော့ အပေါ်ထပ်ကို ကူးသွားတာ ဖြစ်နိုင်ပါသတဲ့။

အဲ့ဒီကိစ္စမှာ အဲ့ဒီရောဂါစဖြစ်တဲ့အမျိုးသမီးဟာ တိုက်ခန်းအပြင် ထွက် မထွက် ထည့်မပြောထားပါဘူး။ အကယ်လို့ Home quarantine ဝင်နေလို့ အိမ်အပြင်မထွက်ပဲ အပေါ်ထပ်ကလူတွေကိုကူးစက်ခဲ့ရင် ပါမောက္ခ Yuen ပြောသလို မီးဖိုချောင်က လေထုတ်တဲ့ပန်ကာက ကူးဖို့များပါတယ်။ကျနော်ကတော့ အဲ့ဒီယူဆချက်ကို အခုထိလုံးဝဘဝင်မကျသေးပါ။ ဓာတ်လှေခါးခလုတ်တွေကနေဖြစ်ဖြစ်၊ လှေခါး လက်ရမ်းတွေကဖြစ်ဖြစ် ကူးစက်တာပိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် Covid က ကူးစက်ဖို့လွယ်တာသိရအောင်အားလုံးကို ပြန်မျှဝေတာဖြစ်ပါတယ်။ဓာတ်လှေခါးသုံးရင် mask တပ်ကြပါ။ ခဏလေးအမှိုက်ထွက်ပစ်တာဆိုပြီး mask မတပ်လို့မရပါ။

ဓာတ်လှေခါးပဲသုံးသုံး။ အငှားကားပဲငှားစီးစီး တံခါးလက်ကိုင်တွေ ခလုတ်တွေက အင်မတန်ကူးစက်လွယ်တဲ့နေရာတွေဖြစ်ပါတယ်။ ရုံးမှာ လည်း အများသုံးမီးခလုတ်တွေ၊ အိမ်သာပိုက်ခေါင်းတွေ၊ ခွက်တွေ၊ တံခါးလက်ကိုင်တွေ၊ ဘုတွေက ကူးစက်အလွယ်ဆုံးဖြစ်ပါတယ်။ အခု လေးတင်ပဲ ကျနော့်အသိတစ်ယောက်က ဖုန်းဆက်ပြီး ဘယ်သူတော့ဖြင့် Covid positive ဖြစ်လို့ ပြောချိန်မှာ ကျနော့်အသိထဲက တောင် ပါလာတာကို သတိပြုမိပါတယ်။ ဘယ်သူတော့ပါသွားပြီလို့ပြောတဲ့အချိန်မှာ အချိန်မရွေးအထုပ်ပြင်ချိန်မရပဲ ပါသွားနိုင်တာကို သတိပြု မိလိုက်ပါတယ်။Covid ဟာ ကျနော်တို့နိုင်ငံထဲကို တကယ်ကို ဝင်မွှေနေပါပြီ။

ကျနော်တို့ပြည်တွင်းကို ဝင်ခဲ့ပြီဆိုတာနဲ့ စည်းကမ်းရှိစွာနေထိုင်ခြင်းနဲ့ အချိန်မီထိန်းမှရပါတော့မယ်။ မြန်မာပြည်ဟာ Covid ပဲပြီးသလို လိုနဲ့ Covid ကို အထင်သေးခဲ့သမျှ Covid က သက်ညှာပေးမှာမဟုတ်ပါဘူး။ တစ်ချိန်တုန်းက ဟောင်ကောင်ကဟော်တယ်တစ်ခုမှာ SARS ကူးပြီးလူတွေသေကြတာကို ကျနော်ရေးဖူးပါတယ်။ကျနော်ပြောလိုတာက အခုအချိန်မှာ သတိသေချာထားပြီး ဆက်မပြန့်သွား အောင် အားလုံးညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိစွာဝိုင်း ကာကွယ်မှရပါတော့မယ်။ ရောဂါပိုးအခုထက်ပိုပြန့်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လို အဖြစ်ခံမလား။ ညီညွတ်စွာနဲ့ ဆက်မပြန့်အောင်ထိန်းပြီး ကွင်းဆက်ဖြတ်ယူမလား ရွေးရပါမယ်။

စီးပွားရေးကလည်း အရေးကြီးတာမို့ အခြေအနေထပ်ဆိုးမသွားအောင် အချိန်မီထိန်းချုပ်ရပါတော့မယ်။ စီးပွားရေးထိခိုက်မှု နည်းအောင် လည်း ထည့်စဉ်းစားနေရပါပြီ။ အခုအချိန်မှာ မရိုးသားမှုတွေဘာညာနဲ့ တွေးမနေကြပဲ အားလုံးညီညွတ်စွာနဲ့ ဝိုင်းပြီး ဆက်မပွားဖို့ထိန်း ကြပါလို့ တိုက်တွန်းပါရစေခင်ဗျား။

Richard Myo Thant (1-September-2020)

https://www.facebook.com/richard.myothant

Add a Comment

Your email address will not be published. Required fields are marked *