(၃-၉-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည်ပြုလူနာသစ်(၅၃)ဦး ထပ်တွေ့ပြီး ရန်ကုန်တိုင်းမှ(၁၉)ဦး ပါဝင်






REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၉) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၅၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၂-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၂) ဦးရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး။

ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။(၃-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ် ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၃၁)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၁) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊

ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၅၃) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၉) ခု၊ ပြည်သူ့ ဆေးရုံကြီး၊ ပုသိမ်မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မှ ဓာတ်ခွဲနမူနာ (၁)ခု၊စုစုပေါင်း (၁,၁၂၇)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၃) ဦး တွေ့ရှိရပါသည်။ (၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၁,၁၁၁) ဦးရှိပြီ ဖြစ်ပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *