(၃-၉-၂၀၂၀)နံနက် (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာ(၆၃)ဦး ထပ်တွေ့ပြီး ရန်ကုန်တိုင်းမှ (၃၆)ဦးပါဝင်
REF: MINISTRY OF HEALTH
UNICODE
(၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲ နမူနာ (၁,၃၅၀)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၇၁) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊
ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၅၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၇) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့ မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၁၅) ခုနှင့် နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေး ရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၇) ခု၊ စုစုပေါင်း (၂,၅၅၂)ခု အား စစ်ဆေးခဲ့ပါသည်။ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး။
ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။(၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ် ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၁၀)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၇၁) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၄၁) ခု၊
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၁၅) ခုနှင့် နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေး ရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၇) ခု စုစုပေါင်း (၁,၁၄၄)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် (၆၃) ဦး တွေ့ရှိရပါသည်။(၃-၉-၂၀၂၀)နံနက် (၈:၀၀)နာရီအထိ COVID-19 ရောဂါ အတည်ပြုလူနာ (၁,၀၅၈) ဦးရှိပြီ ဖြစ်ပါသည်။
REF: MINISTRY OF HEALTH