ယာဉ် ရောင်း မှား/ဝယ် မှာ မဖြစ် စေရန် နဲ့ ယာဉ် အန္တရာယ် ကင်းဝေး စေရန် ယတြာပြုလုပ်နည်း
UNICODE
ယခုပြောပြမည့် အထူးယတြာ ကို အင်္ဂါနေ့ ည(၇)နာရီမှ(၉)နာရီ (သို့)စနေနေ့ နံနက် (၆)နာရီမှ နံနက်(၉)နာရီအတွင်း စီရင် ရပါတယ်။ သံ ပုရာသီး တလုံးပေါ်တွင် ဆော့ပင်ဖြင့်” ဓ” အက္ခရာရေးပါ။ နွားနို့ကို ကျိုချက် ၍ အနွေးခံအောင်ထားပါ။ ထိုနွားနို့ထဲတွင် သံပုရာသီးကို ထား ပါ။ထို့နောက် လက်ညိုးဖြင့် နွားနို့ကို မွှေရင်းအောက်ပါ ဂါထာကို “သိဒ္ဓိသိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိအပေါင်း ထောင်းထောင်း ထပါစေ” ဟူ၍။
(၉)ခါ မွှေ (၉)ခါပြောပါ။သံပုရာသီးကို အဝတ်စ အနီ (သို့) အနက်ဖြင့် ထုတ်၍ မိမိစီးသော ယာဉ်တွင်ဆောင်ထားပါ။ (သံပုရာသီး ပုပ်သွား ခြင်း ခြောက်သွားပါက ဤယတြာကို အသစ်တဖန်ပြုလုပ်ပြီး ဆောင်ထားရပါမည်) နွားနို့များကို အောင်သပြေ ၃ညွှန့်ဖြင့် ” အန္တရာယ်ကင်း ဘေးရှင်းပါစေ” ဟုပြောဆိုပီး မိမိ ၏ယာဉ်ကိုပက် ဖျန်းပေးပါ။
မိတ်ဆွေများ အားလုံး အတွက် ယာဉ်အန္တရာယ်ကင်း ယတြာကောင်း တစ်ခုပါ။ ယာဉ်စီး နေရင်း တိုက်မိသလို ခဏခဏ ဖြစ်နေသူများ၊ န မိတ် မကောင်းဖြစ်နေသူများ ၊စက်ပစ္စည်းနှင့်ကံမဆပ်သူ၊ ယာဉ်အဝယ် မှား၍ ခဏခဏပြင်နေရပါသလား?အထက်ပါ ယတြာကို ပြုလုပ် ခြင်းဖြင့် မိတ်ဆွေများရဲ့ အခက်အခဲ များ အဆင်ပြေသွားမည် ဆိုပါက ဆရာစေတနာ ယတြာတင် ပေးရကြိုးနပ်ပါတယ်။
ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot)
Add a Comment
Your email address will not be published. Required fields are marked *