ေတာင္းရမ္း စားေသာက္ သူ အမ်ား စု ရဲ႕ တကယ့္ ဘဝ အမွန္ ေကာက္ေၾကာင္း

ျမန္မာႏိုင္ငံမွာ မ်ားျပားလွတဲ့ ကေလးသူငယ္ေတြဟာ ကံမေကာင္းစြာနဲ႔ယေန႔ထိ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရၿပီး မညာမတာ ခိုင္း စားခံေနၾကရတာကို ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ အမ်ားအျပားေတြ႕ေနရဆဲပါပဲ…။ရန္ကုန္က သူတို႔အသိမိတ္ေဆြေတြကလည္း စာ႐ြက္ ေပၚမွာ စာစီမိတၱဴကူးၿပီး ဘတ္စ္ကား ေတြေပၚမွာ စာ႐ြက္ေဝၿပီးေတာင္းစားၾကတာလည္း ရွိတယ္လို႔ေျပာပါတယ္။ ကားတစီးေပၚတက္ရင္ ေငြက်ပ္ေထာင္ ဂဏန္းခန႔္ရၿပီး ကား၁၀စီးခန႔္ စာ႐ြက္တက္ ေဝ႐ုံျဖင့္ ေငြက်ပ္၂ေသာင္းခန႔္ ရရွိႏိုင္ၾကတယ္လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ၁ႏွစ္ ေက်ာ္ေလာက္က..မႏၲေလးၿမိဳ႕အတြင္း မွာ လိုက္လံေတာင္း စားေနတဲ့..ကေလးလူႀကီး ေတာ္ေတာ္ မ်ားမ်ားကို ေတြ႕ဆုံၿပီး.. သူတို႔အတြက္ အလုပ္ရရွိေရး..စားဝတ္ေနမႈ၊ အဆင္ေျပေရး..တို႔ အတြက္ က်ေတာ္နဲ႔ က်ေတာ္တို.ရဲ႕ ဆရာေတြ စုေပါင္းၿပီး သုေတာင္း စား ေတာ္ေတာ္မ်ားမ်ားနဲ႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ အဲဒီေတြ႕ဆုံမႈမွာ ညေဈးတန္းမွာ ေတာင္းစားေနသူမ်ား၊ မိန္းထဲမွာ..ေတာင္းစားေန သူမ်ား၊ ရ တနာပုံေဈး အနီးတဝိုက္ ေတာင္းစားေနသူမ်ား၊ ဘုရားႀကီး.အနီး.ပတ္ဝန္းက်င္ ေတာင္းစားေနသူမ်ားနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

အဓိက ရည္႐ြယ္ခ်က္ ေတာ့ သူတို႔အားလုံး..႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ႏိုင္ဖို႔အတြက္ပါ။ ဒါေၾကာင့္.သူတို႔ေတြနဲ႔ အဆင္ေျပႏိုင္မယ့္ အလုပ္ ေနရာေတာ္ေတာ္မ်ားမ်ား ကိုလည္း အစကတည္းက ရွာေဖြခဲ့ပါတယ္။ ေတာ္ၾကာ အလုပ္ေနရာ မရွိလို႔ မလုပ္ခ်င္ ဘူးလို႔ ေျပာမွာ စိုး လို႔ပါ။ အဆုံးသတ္.ကေတာ့…မေအာင္ျမင္ ခဲ့ပါဘူး။ ေတာင္းစားသူမ်ားကို ေလ့လာလိုက္တဲ့ အခ်ိန္မွာ ေတာင္းစားသူ အမ်ားစုမွာ မိသားစု လိုက္ျဖစ္ၾကပါတယ္။ တကယ္..မရွိလို႔ေတာင္းစားတဲ့ လူေတြလည္း မရွိဘူးမဟုတ္ပါဘူး ရွိပါတယ္။

ဒါေပမယ့္ အရမ္းနည္း လြန္းပါတယ္။ က်ေတာ္တို႔ေတြ႕ဆုံၿပီး ေမးျမန္းတဲ့ မိသားစုတစ္စုဆိုရင္ သူတို႔တစ္အိမ္လုံးရဲ႕ တစ္ရက္ ဝင္ေငြဟာ. အနည္းဆုံး တရက္၅၀၀၀၀က်ပ္ အထက္မွာ ရွိေန ပါတယ္တဲ့။ မိသားစုက ၅ ေယာက္ပါ..မိဘႏွစ္ပါးနဲ႔.သားသမီး၃ေယာက္ပါ။ မိခင္ႏွင့္ ကေလး အငယ္ဆုံး ေလးဟာ မိန္းထဲမွာေတာင္းတာပါ။ က်န္တဲ့မိသားစုဝင္ ေတြကေတာ့..ညေဈးတန္း.ရတနာပုံ ေဈးစတဲ့ လူစည္ကား တဲ့ေနရာေတြမွာ.ေတာင္းတယ္လို႔ ဆိုပါတယ္။မန္းေလးက မိန္းထဲမွာ ဆိုလည္း မိခင္က.တစ္ေနရာမွာထိုင္ေနၿပီး။

ကေလးေလးကို..လိုက္ေတာင္းခိုင္းတာပါ..ညေနခင္းေလးေတာင္း လိုက္တာနဲ႔ ႏွစ္ေသာင္းနီးပါး ရတယ္လို႔ ဆိုပါတယ္။ ကေလးငယ္ ႏွစ္ေယာက္က.ေက်ာင္းေနအ႐ြယ္ ေရာက္ေနေပမယ့္..ေက်ာင္း မေနရပါဘူး..ေတာင္းတာ.. ပိုက္ဆံရတယ္လို႔ ေက်ာင္းလုံးဝ မထားဘူး လို႔.သူ႔မိခင္ ကိုယ္တိုင္က.ေျပာပါတယ္ ေနာက္ၿပီးထပ္ေျပာပါေသးတယ္။ရတနာပုံေဈး အနီးနားမွာ ေတာင္းရမ္းေနတဲ့.သူ႔.သားအႀကီးဆုံးရဲ႕ တစ္ရက္ေတာင္းရေငြဟာ..၃၀၀၀၀ေလာက္ရတယ္ေျပာပါတယ္။

တကယ္လို႔ က်ေတာ္တို႔ရွာေပးတဲ့အလုပ္က တစ္လ..၆သိန္းေလာက္ရမယ္ဆိုရင္….သူ႔ကေလးကို သူေတာင္းစားမလုပ္ခိုင္းေတာ့ဘူးတဲ့။ အဲဒီမိသားစုဟာ ၿမိဳ႕သစ္မွာ.အိမ္ပိုင္ၿခံပိုင္ရွိေပမယ့္. အဲဒီ အိမ္ကိုေတာ့ အဌားခ်ထားၿပီး.က်ဳးထဲမွာ တဲထိုးေနတယ္လို႔ လည္း ေျပာဆိုပါ တယ္။ က်ဴးျဖစ္ေနေပမယ့္ ဆိုင္ကယ္ ၃စီးရွိၿပီး တစ္ေယာက္ကို Ph တစ္လုံးဆီလည္း..ရွိပါတယ္။ေန႔ျပန္အတိုး ေတြလည္း. ေပးထားတယ္ လ္ု႔ ဆိုပါတယ္။ ဒါတကယ့္အစစ္အမွန္ပါ။ က်ေတာ္တို႔ ဆရာေတြက.အငယ္ဆုံးကေလး.ႏွစ္ေယာက္ကို ေက်ာင္းထားဖို႔..။

ေတာင္းဆိုတဲ့ အခါမွာ.လုံးဝ ခါးသီးစြာ ျငင္း ဆန္ပါတယ္။ေျပာလို႔ လုံးဝ မရခဲ့ပါဘူး။ ေနာက္ထပ္ကေလးေတြရယ္ အဘိုးႀကီးအဘြားႀကီး ေတြနဲ႔ ကေလးငယ္ေလးေတြ ကို ဌားရမ္းတဲ့ ‌ေဈးကြက္လည္း ရွိပါေသးတယ္ လို႔ေျပာဆိုပါတယ္။ေဘးနားကလိုက္ေပး႐ုံနဲ႔ တရက္တစ္ ေသာင္းေပးဌားၾကပါတယ္ က်ေတာ္တို႔..အားသြန္ခြန္စိုက္ၿပီး.ႀကိဳးစားေပမယ့္ ဒီျပသနာကို မေျဖရွင္းႏိုင္ ခဲ့ပါဘူး။ ဒါေၾကာင့္.လြန္ခဲ့တဲ့ ၁ႏွစ္ ေက်ာ္ေလာက္ကစၿပီး အဲဒီ သူေတာင္းစားေတြကို လုံးဝ မလႉေတာ့ပါဘူး။

အဖိုးအဖြားအသက္အ႐ြယ္နဲ႔ ေျခလက္မေကာင္းတဲ့ လူေတြ ဆိုရင္ေတာ့ လႉပါတယ္။ဘာေၾကာင့္ မလႉသလဲဆိုေတာ့.သူတို႔အတြက္ပါပဲ။ ဒီလိုသာ.ဆက္ၿပီး ကြၽန္ေတာ္တို႔ လႉေနမယ္ဆိုရင္..သူတို႔ဘဝေတြဟာ ဆက္လက္ၿပီး နိမ့္က်ေနမွာပါ….မ်ိဳး႐ိုးစဥ္ဆက္ နိမ့္က်သြားမွာပါ။ သူတို႔ေမြးဖြားလာမယ္.ကေလးငယ္ေလးေတြရဲ႕ အနာဂတ္ဟာလည္း ပညာသင္ယူခြင့္ရရွိေတာ့မွာမဟုတ္ဘူးလို႔..ထင္ျမင္မိပါတယ္။ပညာရဲ႕ တန္ဖိုးကို.နားမလည္တဲ့..ကေလးေတြ ျဖစ္သြားရင္ သူတို႔ဘဝဟာ..လွႏိုင္စရာ.အေၾကာင္းမရွိေတာ့ဘူးပါဘူး ။

ပိုက္ဆံကို လြယ္လြယ္ေလးနဲ႔ ရေနၾကေတာ့ ေရသာခို အေခ်ာင္စားေနတဲ့..ဘဝကေနလည္း..႐ုန္းထြက္ႏိုင္ၾကမွာ.မဟုတ္ပါဘူး။ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ နဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္လည္း နစ္နာစရာျဖစ္ေစပါတယ္ ႐ုန္းထြက္ခ်င္မွာလည္း မဟုတ္ပါဘူး။ ဒါေၾကာင့္. အဆိပ္ပင္ေတြ ကို..ေရမေလာင္းၾကပါနဲ႔…..ဥပေဒေပါင္းမ်ားစြာ ျမန္မာႏိုင္ငံမွာ ျပဠန္းထား ေပမယ့္လည္း ကေလးသူငယ္အခြင့္အေရး ဆိုင္ရာ ဥပေဒလို မ်ိဳးေတြကေတာ့ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသေယာင္ေယာင္နဲ႔ ျဖစ္ေနေပမယ့္။တကယ့္လက္ေတြ႕မွာေတာ့ အားရေလာက္ ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ ျခင္းမ်ိဳး မရွိေနပါဘူး..။

CRD: SHWE WIKI

UNICODE

မြန်မာနိုင်ငံမှာ များပြားလှတဲ့ ကလေးသူငယ်တွေဟာ ကံမကောင်းစွာနဲ့ယနေ့ထိ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး မညာမတာ ခိုင်း စားခံနေကြရတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားတွေ့နေရဆဲပါပဲ…။ရန်ကုန်က သူတို့အသိမိတ်ဆွေတွေကလည်း စာရွက် ပေါ်မှာ စာစီမိတ္တူကူးပြီး ဘတ်စ်ကား တွေပေါ်မှာ စာရွက်ဝေပြီးတောင်းစားကြတာလည်း ရှိတယ်လို့ပြောပါတယ်။ ကားတစီးပေါ်တက်ရင် ငွေကျပ်ထောင် ဂဏန်းခန့်ရပြီး ကား၁၀စီးခန့် စာရွက်တက် ဝေရုံဖြင့် ငွေကျပ်၂သောင်းခန့် ရရှိနိုင်ကြတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁နှစ် ကျော်လောက်က..မန္တလေးမြို့အတွင်း မှာ လိုက်လံတောင်း စားနေတဲ့..ကလေးလူကြီး တော်တော် များများကို တွေ့ဆုံပြီး.. သူတို့အတွက် အလုပ်ရရှိရေး..စားဝတ်နေမှု၊ အဆင်ပြေရေး..တို့ အတွက် ကျတော်နဲ့ ကျတော်တို.ရဲ့ ဆရာတွေ စုပေါင်းပြီး သုတောင်း စား တော်တော်များများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ညဈေးတန်းမှာ တောင်းစားနေသူများ၊ မိန်းထဲမှာ..တောင်းစားနေ သူများ၊ ရ တနာပုံဈေး အနီးတဝိုက် တောင်းစားနေသူများ၊ ဘုရားကြီး.အနီး.ပတ်ဝန်းကျင် တောင်းစားနေသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက် တော့ သူတို့အားလုံး..ရိုးရိုးသားသား လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ပါ။ ဒါကြောင့်.သူတို့တွေနဲ့ အဆင်ပြေနိုင်မယ့် အလုပ် နေရာတော်တော်များများ ကိုလည်း အစကတည်းက ရှာဖွေခဲ့ပါတယ်။ တော်ကြာ အလုပ်နေရာ မရှိလို့ မလုပ်ချင် ဘူးလို့ ပြောမှာ စိုး လို့ပါ။ အဆုံးသတ်.ကတော့…မအောင်မြင် ခဲ့ပါဘူး။ တောင်းစားသူများကို လေ့လာလိုက်တဲ့ အချိန်မှာ တောင်းစားသူ အများစုမှာ မိသားစု လိုက်ဖြစ်ကြပါတယ်။ တကယ်..မရှိလို့တောင်းစားတဲ့ လူတွေလည်း မရှိဘူးမဟုတ်ပါဘူး ရှိပါတယ်။

ဒါပေမယ့် အရမ်းနည်း လွန်းပါတယ်။ ကျတော်တို့တွေ့ဆုံပြီး မေးမြန်းတဲ့ မိသားစုတစ်စုဆိုရင် သူတို့တစ်အိမ်လုံးရဲ့ တစ်ရက် ဝင်ငွေဟာ. အနည်းဆုံး တရက်၅၀၀၀၀ကျပ် အထက်မှာ ရှိနေ ပါတယ်တဲ့။ မိသားစုက ၅ ယောက်ပါ..မိဘနှစ်ပါးနဲ့.သားသမီး၃ယောက်ပါ။ မိခင်နှင့် ကလေး အငယ်ဆုံး လေးဟာ မိန်းထဲမှာတောင်းတာပါ။ ကျန်တဲ့မိသားစုဝင် တွေကတော့..ညဈေးတန်း.ရတနာပုံ ဈေးစတဲ့ လူစည်ကား တဲ့နေရာတွေမှာ.တောင်းတယ်လို့ ဆိုပါတယ်။မန်းလေးက မိန်းထဲမှာ ဆိုလည်း မိခင်က.တစ်နေရာမှာထိုင်နေပြီး။

ကလေးလေးကို..လိုက်တောင်းခိုင်းတာပါ..ညနေခင်းလေးတောင်း လိုက်တာနဲ့ နှစ်သောင်းနီးပါး ရတယ်လို့ ဆိုပါတယ်။ ကလေးငယ် နှစ်ယောက်က.ကျောင်းနေအရွယ် ရောက်နေပေမယ့်..ကျောင်း မနေရပါဘူး..တောင်းတာ.. ပိုက်ဆံရတယ်လို့ ကျောင်းလုံးဝ မထားဘူး လို့.သူ့မိခင် ကိုယ်တိုင်က.ပြောပါတယ် နောက်ပြီးထပ်ပြောပါသေးတယ်။ရတနာပုံဈေး အနီးနားမှာ တောင်းရမ်းနေတဲ့.သူ့.သားအကြီးဆုံးရဲ့ တစ်ရက်တောင်းရငွေဟာ..၃၀၀၀၀လောက်ရတယ်ပြောပါတယ်။

တကယ်လို့ ကျတော်တို့ရှာပေးတဲ့အလုပ်က တစ်လ..၆သိန်းလောက်ရမယ်ဆိုရင်….သူ့ကလေးကို သူတောင်းစားမလုပ်ခိုင်းတော့ဘူးတဲ့။ အဲဒီမိသားစုဟာ မြို့သစ်မှာ.အိမ်ပိုင်ခြံပိုင်ရှိပေမယ့်. အဲဒီ အိမ်ကိုတော့ အဌားချထားပြီး.ကျုးထဲမှာ တဲထိုးနေတယ်လို့ လည်း ပြောဆိုပါ တယ်။ ကျူးဖြစ်နေပေမယ့် ဆိုင်ကယ် ၃စီးရှိပြီး တစ်ယောက်ကို Ph တစ်လုံးဆီလည်း..ရှိပါတယ်။နေ့ပြန်အတိုး တွေလည်း. ပေးထားတယ် လ်ု့ ဆိုပါတယ်။ ဒါတကယ့်အစစ်အမှန်ပါ။ ကျတော်တို့ ဆရာတွေက.အငယ်ဆုံးကလေး.နှစ်ယောက်ကို ကျောင်းထားဖို့..။

တောင်းဆိုတဲ့ အခါမှာ.လုံးဝ ခါးသီးစွာ ငြင်း ဆန်ပါတယ်။ပြောလို့ လုံးဝ မရခဲ့ပါဘူး။ နောက်ထပ်ကလေးတွေရယ် အဘိုးကြီးအဘွားကြီး တွေနဲ့ ကလေးငယ်လေးတွေ ကို ဌားရမ်းတဲ့ ‌ဈေးကွက်လည်း ရှိပါသေးတယ် လို့ပြောဆိုပါတယ်။ဘေးနားကလိုက်ပေးရုံနဲ့ တရက်တစ် သောင်းပေးဌားကြပါတယ် ကျတော်တို့..အားသွန်ခွန်စိုက်ပြီး.ကြိုးစားပေမယ့် ဒီပြသနာကို မဖြေရှင်းနိုင် ခဲ့ပါဘူး။ ဒါကြောင့်.လွန်ခဲ့တဲ့ ၁နှစ် ကျော်လောက်ကစပြီး အဲဒီ သူတောင်းစားတွေကို လုံးဝ မလှူတော့ပါဘူး။

အဖိုးအဖွားအသက်အရွယ်နဲ့ ခြေလက်မကောင်းတဲ့ လူတွေ ဆိုရင်တော့ လှူပါတယ်။ဘာကြောင့် မလှူသလဲဆိုတော့.သူတို့အတွက်ပါပဲ။ ဒီလိုသာ.ဆက်ပြီး ကျွန်တော်တို့ လှူနေမယ်ဆိုရင်..သူတို့ဘဝတွေဟာ ဆက်လက်ပြီး နိမ့်ကျနေမှာပါ….မျိုးရိုးစဉ်ဆက် နိမ့်ကျသွားမှာပါ။ သူတို့မွေးဖွားလာမယ်.ကလေးငယ်လေးတွေရဲ့ အနာဂတ်ဟာလည်း ပညာသင်ယူခွင့်ရရှိတော့မှာမဟုတ်ဘူးလို့..ထင်မြင်မိပါတယ်။ပညာရဲ့ တန်ဖိုးကို.နားမလည်တဲ့..ကလေးတွေ ဖြစ်သွားရင် သူတို့ဘဝဟာ..လှနိုင်စရာ.အကြောင်းမရှိတော့ဘူးပါဘူး ။

ပိုက်ဆံကို လွယ်လွယ်လေးနဲ့ ရနေကြတော့ ရေသာခို အချောင်စားနေတဲ့..ဘဝကနေလည်း..ရုန်းထွက်နိုင်ကြမှာ.မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း နစ်နာစရာဖြစ်စေပါတယ် ရုန်းထွက်ချင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့်. အဆိပ်ပင်တွေ ကို..ရေမလောင်းကြပါနဲ့…..ဥပဒေပေါင်းများစွာ မြန်မာနိုင်ငံမှာ ပြဠန်းထား ပေမယ့်လည်း ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေလို မျိုးတွေကတော့ အကောင်အထည်ဖော် ဆောင်ရွက်နေသယောင်ယောင်နဲ့ ဖြစ်နေပေမယ့်။တကယ့်လက်တွေ့မှာတော့ အားရလောက် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်းမျိုး မရှိနေပါဘူး..။

CRD:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *