မွေးနေ့မှာ ပရိသတ်အချို့က တန်ဖိုးကြီး လက်ဆောင် တွေနဲ့ စပရိုက် လုပ်ပေးခဲ့ တာကြောင့် တင်မောင်ဆန်း မင်းဝင်း ပျော်ရွှင်နေ(ရုပ်သံ)





UNICODE

ယခုမှာတော့ တင်မောင်ဆန်းမင်းဝင်း က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်လောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေး ကတော့ မွေး နေ့အတွက် ချစ်တဲ့သူတချို့က တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေနဲ့ surprise ပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီ လက်ဆောင် ပ စ္စည်းတွေကိုတော့ တင်မောင်ဆန်းမင်းဝင်း မသိခင်တုန်းမှာ ကားထဲကို လာရောက်ထည့်ပေးထား တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကြီးရေ မွေးနေ့ surprise လေးကြောင့် ဝမ်းသားပျော်ရွှင်နေတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှု့ လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ကိုတော့ ပရိသတ်တွေ သိကြမယ်ထင် ပါတယ်။ အနုပညာ နယ်ပယ်မှာ တင်မောင်ဆန်းမင်းဝင်း က ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေသလို။

ဗီဒီယို ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ သာယာပျော်ရွှင် စရာကောင်းတဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်ထားပြီး ချစ်စရာ ကောင်းတဲ့ သားလေးတစ်ယောက် ကိုလည်း မွေးထားပါသေးတယ်။ လတ်တလောမှာ ဆိုရင်ဆို ဟန်ဇာမိုးဝင်း နဲ့ တင်မောင်ဆန်းမင်းဝင်း တို့ ဇာတ်သဘင်ညီအစ်ကို နှစ်ယောက်ကတော့ မိုးရာသီ သဘင်ပွဲတော် ကို ကျင်းပပြုလုပ်နေပြီး ။

ပရိသတ်တွေ ကို ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း အိမ်မှာရင်း အပျင်းပြေ tiktok လေး တွေဆော့ကစားထားပြီး ပရိသတ်တွေ အတွက်လည်း အမြဲဖော်ပြပေးတာတွေ့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *