ယခုႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့ၾကသည့္ အက်ဥ္းသား ေက်ာင္းသား/သူမ်ားအားႏိုင္ငံေတာ္သမၼတက လြတ္ၿငိမ္းခြင့္ျပဳ

ယခုႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ျမင္၍ ႏိုင္ငံေတာ္သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ျခင္းေၾကာင့္ ျပန္လည္လြတ္ေျမာက္သူ (၅၅) ဦးတြင္ ျပစ္ဒဏ္က်ခံရန္ က်န္ကာလ ၁ ႏွစ္ ဝန္းက်င္ရွိသူ (၁၃) ဦး၊ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ ရရွိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူ ႏွင့္ ႐ိုး႐ိုးေအာင္ (၁၃) ဦး ပါဝင္ၿပီး ေလွ်ာ့ ရက္မ်ား ရရွိ ခံစားရသူ (၃၈) ဦးတြင္ ဂုဏ္ထူး ၂ ဘာသာႏွင့္ အထက္ရရွိသူ ၂ ဦး၊ ၁ ဘာသာဂုဏ္ ထူး ရရွိသူ ႏွင့္ ႐ိုး႐ိုးေအာင္ ၃၆ ဦး ပါဝင္ ေၾကာင္း သိရသည္။

အက်ဥ္းေထာင္အသီးသီးတြင္ အက်ဥ္းက်ခံေနရၿပီး၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲမ်ား ကို ေအာင္ျမင္ခဲ့ၾကသည့္ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ား အနက္ (၅၅) ဦးအားႏိုင္ငံေတာ္သမၼတက ယေန႔ စက္တင္ဘာလ ၅ ရက္နံနက္ပိုင္းတြင္ လြတ္ၿငိမ္းသက္သာခြင့္ ျပဳလိုက္ေၾကာင္းသိရသည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို႔တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္ျမင္မႈအေပၚ ခ်ီးျမႇင့္ေသာအားျဖင့္လည္းေကာင္း၊ လူမႈေရးအရ ငဲ့ညႇာေသာ အားျဖင့္ လည္းေကာင္း၊ ႏိုင္ငံေတာ္၏ ေစတနာကို နားလည္ၾကၿပီး ျပင္ပတြင္ တကၠသိုလ္ပညာမ်ား ဆက္လက္သင္ၾကားႏိုင္ေရး ေရွးရႈေသာ အား ျဖင့္လည္းေကာင္း ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ ႏိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ရာ (၅၅) ဦး ျပန္လည္ လြတ္ေျမာက္ခဲ့ၿပီး (၃၈) ဦး ေလွ်ာ့ရက္မ်ား ခံစားရေၾကာင္း သိရသည္။

REF: ျပည္ျမန္မာ

UNICODE

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်၍ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ် ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ (၂၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် (၁၃) ဦး ပါဝင်ပြီး လျှော့ ရက်များ ရရှိ ခံစားရသူ (၃၈) ဦးတွင် ဂုဏ်ထူး ၂ ဘာသာနှင့် အထက်ရရှိသူ ၂ ဦး၊ ၁ ဘာသာဂုဏ် ထူး ရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင် ကြောင်း သိရသည်။

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရပြီး၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကို အောင်မြင်ခဲ့ကြသည့် အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ အနက် (၅၅) ဦးအားနိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာလ ၅ ရက်နံနက်ပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်းသိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်မှုအပေါ် ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကို နားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အား ဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ (၅၅) ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး (၃၈) ဦး လျှော့ရက်များ ခံစားရကြောင်း သိရသည်။

REF:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *