ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအစောင့်တွင် COVID-19 ရောဂါပိုးတွေ့ကြောင်း (NLD)ပြောခွင့်ရအတည်ပြု






CRD: NEWS WATCH

UNICODE

(၅-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁၆၄၂)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၅၂) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၉၆) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူ နာ (၁၁) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊

မူဆယ် မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၂) ခု၊စုစုပေါင်း (၃,၁၆၅)ခု အား စစ်ဆေးခဲ့ပါသည်။ ဓာတ်ခွဲအတည် ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။(၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ (၈၉၇)ခု နှင့် ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၂၀၅) ခု။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ(ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၃၅၇) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲ နမူနာ (၁၄) ခု၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့် စုစုပေါင်း (၁,၄၇၄)ခု အား စစ်ဆေးပြီးစီးခဲ့ရာ – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၆) ဦး တွေ့ရှိရပါသည်။ (၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀)နာရီအထိ မြန်မာနိုင်ငံ တွင် COVID -19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၃၁၉) ဦးရှိပြီ ဖြစ်ပါသည်။ယနေ့ စက်တင် ဘာ ၆) နံနက် ၈နာရီခွဲ COVID-19 ထုတ်ပြန်ချက်တွင် ဗဟန်းမြို့နယ်မှ Covid-19 အတည်ပြုလူနာ ၂ ဦးပါဝင်လာပြီး တဦးမှာ တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄) မှ ဖြစ်သည်။

“ပိုးတွေ့လူနာကိုတော့ ဖောင်ကြီးပို့ပြီးတော့ စောင့်ကြည့်ကုသပေးနေပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုတော့ (၆) ဦးခန့်ရှိတယ်လို့ ကြားပါတယ်။ သူတို့ကို Hotel Quarantine ပို့ထားတယ်လို့ သိရပါတယ်” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။ဦးဌေးသည် ၄င်း၏ဇာတိ ဖြစ်သည့်ကော့မှူးသို့ တခါတရံပြန်လေ့ရှိသော်လည်း ခြံဝင်းအတွင်းသာ အဓိကနေထိုင်သူဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံအမှတ် (၅၄) တွင် အစောင့်တာဝန်ယူထားသူ အမျိုးသားတ ဦး၌ COVID-19 ပိုးတွေ့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က အတည်ပြုသည်။

ကျွန်တော်တို့ သိတာကတော့ ဦးဌေးက အသက် ၅၀ ရှိမယ်လို့ခန့်မှန်းပါတယ်။ သူ့ကိုတော့ ခြံကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးထား ပါတယ်”ဟု ၎င်းက ပြောသည်။

CRD:  NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *