“သံစုံ တီးဝိုင်းကြား ထဲက ပဲ့ကိုင်ရှင်” သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်(ဖတ်စေ ချင်တယ်)




Credit: ဓန

UNICODE

တော်သူရှားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်ဟာ ပြိုင်စံရှားလို့ ကမ္ဘာကတောင် ငေးကြည့် ၊ လေးစားခဲ့ရ ။ သံစုံတီးဝိုင်းကြားကနိုင်ငံတော်ကြီး အများအကျိုးတွေ ထိထိရောက်ရောက် ရွက်ဆောင်နိုင်ဖို့ အနီ ရောင်နိုင်ငံတော်ကို ဝန်းရံကြပါစို့ ။

အမျိုး ဘာသာ၊ သာသနာ ဗန်းပြပြီး အမည် ခံတဲ့ ဂျင်း နဲ့ ဖွတ်ကျင်းထဲ ကျနေတဲ့ ဦးနှောက် အမှောင်ချ ခံထားရသူတွေကို ယနေ့အထိ ဝမ်း နဲ့လွယ်ထားရတဲ့ နိုင်ငံ တော် ။ သံစုံ တီးဝိုင်းကြား ထဲက ပဲ့ကိုင်ရှင် လူမျိုးစုံတော့ အသံ စုံတယ်။ ဒါပေမယ့် အသံစုံမှန် သမျှအတွက် ဘက် လိုက်ခြင်းကင်းပြီး တရားမျှ တစေချင်တဲ့ နိုင်ငံတော် ။

လိုတစ်မျိုး ၊ မလိုတစ်မျိုး ကျီးအာသီးတွေရဲ့ ဆန္ဒကိုလည်း မျက်ကွယ်မပြု ။ အဖွဲ့အစည်းအားလုံးအပေါ် လူသားဆန်တဲ့ နိုင်ငံတော် ။ No Vote တွေရဲ့ အတိုးအရင်း အကြွေးတွေကိုဆွေမျိုးရင်းတွေရဲ့ ဝဋ်ကြွေးတစ်ခုလို မငြီးမငြူ ပေးဆပ်နေတဲ့ နိုင်ငံတော် ။

Credit:  ဓန

Add a Comment

Your email address will not be published. Required fields are marked *