အမျိုးသမီး တစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရကြောင်း မအေးသောင်း ဖွင့်ဟပြောလာ




Happy – Cele Zone

Photo – Aye Thaung

UNICODE

ကိုဗစ်-၁၉ကြောင့် ရောဂါကူးစက်ခံရသူတွေဟာလည်း စိတ်ညစ်စရာတွေ ရင်ဆိုင်ရသလို အနီးနားပတ်ဝန်းကျင် လည်း မနေသာခဲ့ပါဘူး။ ကူးစက်ခံရသူဖြစ်တာနဲ့တပြိုင်နက် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေ ကိုခံရတဲ့အကြောင်းရေးသားထားတဲ့ Post တစ်ခုကို မအေးသောင်းက သူမရဲ့လူမှုကွန်ရက်မှာ Share ခဲ့ပါတယ်။ ဒီနောက် မှာလည်း အမျိုးသမီးတစ်ယောက်က သူမကိုမကျေနပ်သလို ကြည့်တဲ့အကြောင်းကို လည်း ပြောပြခဲ့ပါသေးတယ်။

ဒီအကြောင်းလေးကို ” အမှန်ပါပဲ မနေ့ကအိမ်ပြန်တာ တောင်လမ်းထဲက မိန်းမတစ်ယောက်က လမ်းလျောက်လာပြီး ခြေဆုံးခေါင်းဆုံး ကားနားထိလာပြီး ခါးထောက်ကြည့်နေသေးတာ။ ကိုယ်လဲစဉ်းစားလို့မရဘူး။ ဘာလို့အကြာကြီးကြည့်နေလဲဆိုတာ။ Victim blaming ကို လုံးဝအားမပေးပါဘူး ရှင်။ ” ဆိုပြီး ပြောပြ လာခဲ့ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် အသွားအလာတွေ လည်း အရင်ကလို မလွတ်လပ်တော့ဘဲ တစ်ယောက်နဲ့ တစ်ယောက် လည်း သံသယတွေနဲ့ ပူလောင်လာတာတော့ အမှန်ပါပဲ။ First Wave ကြီးပြီးဆုံးတော့မယ့်ဆဲဆဲမှာ ကူးစက်နှုန်းပိုမိုမြင့်မားတဲ့ Second Wave ကြောင့် အားလုံး ထပ်ပြီး Stay Home ကြရပြန်ပါပြီပရိသတ်ကြီးရေ။

Happy – Cele Zone

Photo – Aye Thaung

Add a Comment

Your email address will not be published. Required fields are marked *