(၆-၉-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 ေရာဂါအတည္ျပဳလူနာသစ္ (၁၀၀)ဦးထပ္ေတြ႕ၿပီး အေသးစိတ္ထပ္မံ ထုတ္ျပန္မည္

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၁၄)ဦး (Case – 206, 238, 239, 383, 446,447, 459, 470, 584, 596, 597, 598, 600 ႏွင့္ 602) ရွိသျဖင့္ ယေန႔အထိ စုစုေပါင္း (၃၈၅) ဦး ရွိပါသည္။ ၎တို႔အနက္ (၃၆၆) ဦးအား ေဆး႐ုံမွဆင္းခြင့္ ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈ လ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၈)ဦး ရွိပါသည္။ (၅-၉-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၆-၉-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၄၂) ဦးရွိပါသည္။ ဓာတ္ခြဲစစ္ေဆးမႈမ်ားၿပီးစီးခ်ိန္ႏွင့္ သတင္း ထုတ္ျပန္ခ်ိန္အၾကား အခ်ိန္တိုေတာင္းျခင္းေၾကာင့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္မ်ား၏ သတင္းအခ်က္အလက္မ်ားကို ထပ္မံထုတ္ျပန္ မည္ျဖစ္ပါသည္။

(၆-၉ -၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၈၄၃)ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၅၀) ခု ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ (၃၃၀) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၀၅) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ ေက်ာက္ျဖဴၿမိဳ႕ မွ ဓာတ္ခြဲနမူနာ (၆၀) ခု၊

ျပည္သူ႔ေဆး႐ုံႀကီး၊ ပုသိမ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၁) ခု၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္ (၁၀၀၀)မွ ဓာတ္ခြဲနမူနာ (၃၀) ခု၊ ျပည္သူ႔ ေဆး႐ုံႀကီး၊ လြိဳင္ေကာ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂) ခု၊ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး (ကုတင္-၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၃၃၃) ခုႏွင့္ အမွတ္ (၂) တပ္မေတာ္ေဆး႐ုံႀကီး (ကုတင္-၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၅၆) ခု၊စုစုေပါင္း (၂,၀၂၀)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ –

COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၀၀) ဦး ေတြ႕ရွိရပါသည္။ (၆-၉-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳ လူနာ (၁,၄၁၉) ဦး ရွိပါသည္။

REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄)ဦး (Case – 206, 238, 239, 383, 446,447, 459, 470, 584, 596, 597, 598, 600 နှင့် 602) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၈၅) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၆၆) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈)ဦး ရှိပါသည်။ (၅-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၆-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၄၂) ဦးရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။

(၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၈၄၃)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၅၀) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၃၀) ခု၊ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၅) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့ မှ ဓာတ်ခွဲနမူနာ (၆၀) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၀) ခု၊ ပြည်သူ့ ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၃၃) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊စုစုပေါင်း (၂,၀၂၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦး တွေ့ရှိရပါသည်။ (၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၁,၄၁၉) ဦး ရှိပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *