ကိုယ္တိုင္လဲ ကိုဗစ္လူနာ ျဖစ္ခဲ့ၿပီး ေဆး႐ုံမွာလဲ ကိုဗစ္လူနာေတြ ကို ကုသမႈေပးေနတဲ့ ဆရာဝန္တစ္ဦး ရဲ႕ အေမွာင္ကာလမ်ား

ကိုဗစ္-၁၉ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ပူးေပါင္းပါဝင္မႈဟာ အသက္ေပါင္းမ်ားစြာ ခ်မ္းသာရာရဖို႔အတြက္ေရာ ႏိုင္ငံ့စီးပြားေရး ျပန္လည္ဦးေမာ့လာဖို႔အတြက္ေရာ အလြန္တရာမွ အေရးပါေနလို႔ တစ္ဦးခ်င္းစီတိုင္း ပါဝင္ပူးေပါင္း အသက္ကယ္ကုသိုလ္ ယူေပးၾကပါ လို႔ ေမတၱာရပ္ခံပါရေစရွင့္ အားလုံးလည္း ကိုာ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၿပီး ကိုဗစ္ကပ္ေရာဂါႀကီးကို ေက်ာ္လႊားႏိုင္ပါေစ လို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္ရွင့္။

ဒီစာစုေလးဟာ ကိုဗစ္လူနာလဲျဖစ္ခဲ့ၿပီး ကိုယ္တိုင္လဲ ကိုဗစ္လူနာေတြကို ကုသမႈ ေပးေနတဲ့ ေဒါက္တာလင္းစႏၵာလႈိင္ ေရးထားတာပါ ။“ကို ဗစ္ကို ဂ႐ုစိုက္သတိထားဖို႔လိုလား”ကိုဗစ္လူနာလည္းျဖစ္ဖူးတဲ့၊ ကိုဗစ္ကို ေရွ႕တန္းကေနၿပီးလည္း တိုက္ခဲ့ဖူးတဲ့ဆရာဝန္ တစ္ေယာက္အ ေနနဲ႔ ကိုဗစ္ကို ဂ႐ုစိုက္ သတိထား ဖို႔ လိုပါတယ္ လို႔ ဆိုပါရေစရွင့္။ကိုဗစ္ပိုးအသစ္ေလးဟာ အသြင္ေျပာင္းပိုး ဆို ေတာ့ သူက အားပိုေပ်ာ့ လာမလား၊ အားပိုေကာင္းၿပီး ပိုဆိုး႐ြား ျပင္းထန္လာမလား ဆိုတာ ဘယ္သုေတသန စာေစာင္ကမွ တိတိက်က် မဆိုႏိုင္ေသးပါဘူး။

ဒါ့ေၾကာင့္ ကိုဗစ္ကို မေပါ့ဆဘဲ သတိျပဳဆင္ျခင္ၾကေစလိုပါတယ္ရွင့္။ ျမန္မာျပည္မွာ ကိုဗစ္အျပင္ မကူးစက္ႏိုင္တဲ့ ေရာဂါ ေသြးတိုး ေသြး ခ်ိဳ ႏွလုံးေရာဂါေတြရွိသလို တျခားကူးစက္ႏိုင္တဲ့ တီဘီ ငွက္ဖ်ား ေသြးလြန္တုပ္ေကြး အစရွိတဲ့ တျခားေရာဂါေတြလည္း ေခါင္းေထာင္ေန ေတာ့ ကိုဗစ္ကို ထူးၿပီး စိတ္ပူ ကာကြယ္ေနဖို႔ လိုလို႔လားေပါ့။ အဲ့ဒီေမးခြန္းကို ေမးေနတဲ့ သူေတြထဲမွာ ဆရာဝန္ေတြပါ ပါဝင္ေနလို႔ ကိုဗစ္ ကို ကိုယ္ေတြ႕ႀကဳံခဲ့ရတဲ့ ဆရာဝန္တစ္ေယာက္အေနနဲ႔ေရာ လူနာတစ္ေယာက္ အေနနဲ႔ပါ ျပန္ေဝမွ်ခ်င္ပါတယ္ရွင့္။

(၁)ကိုဗစ္ျဖစ္ၿပီးတာ ေလးလေက်ာ္လို႔ ငါးလထဲေရာက္ပါေတာ့မယ္။ပုံမွန္ လူေကာင္း ပကတိအေျခအေနအတိုင္း ျပန္မေရာက္ေသးပါဘူး။ ေနာက္ဆက္တြဲႏွလုံးႂကြက္သားေယာင္ျခင္းနဲ႔ အားအင္ကုန္ခမ္းေမာပန္းႏြမ္းနယ္ျခင္း (Post viral myocarditis နဲ႔ fatigue syndrome) တို႔ကို ခံစားေနရတုန္းပါ။ ဆရာဝန္ေတြေတာ္ေတာ္မ်ားမ်ားသာ အခုလို ကူးစက္ခံရရင္ Workforce အင္အား အင္မတန္မွ က်ဆင္းႏိုင္ပါ တယ္။ Overstretched ျဖစ္ႏိုင္ေျခ အလြန္မ်ားပါတယ္။

(၂)ကိုဗစ္တိုက္ပြဲမွာ အသက္ေပးခဲ့ရတဲ့ က်န္းမာေရး ဝန္ထမ္းေတြ အမ်ားအျပားရွိပါတယ္။ သူတို႔အတြက္ ဂုဏ္ယူေလးစားမိသလို အလြန္ တရာမွလည္း ဝမ္းနည္းေၾကကြဲစိတ္မေကာင္းျဖစ္မိပါတယ္။ အဲ့ဒီထဲမွာမွ ေရာဂါျပင္းထန္ၿပီး အေသအေပ်ာက္ပိုမ်ားတာက BAME အုပ္စု လို႔ေခၚတဲ့ Black, Asain and Minor Ethnicities (အာဖရိက၊အာရွနဲ႔ တျခားအနည္းငယ္ေသာ မ်ိဳးႏြယ္စုမ်ား) ျဖစ္ပါတယ္။ေျဖရွင္း ခ်က္ တစ္ခုကေတာ့ အဲ့ဒီလူမ်ိဳးေတြမွာ ကိုဗစ္ပိုး အဆုတ္တြင္းနဲ႔ ခႏၶာကိုယ္တြင္းကို ဝင္ဖို႔ ACE လို႔ေခၚတဲ့ Receptors ေတြ အမ်ားအျပားရွိေန ျခင္းေၾကာင့္လို႔ ဆိုၾကပါတယ္။

ၿပီးေတာ့ ေနာက္တစ္ခုက အာရွလူမ်ိဳးေတြဟာ Extended family လို႔ေခၚတဲ့ တစ္အိမ္ထဲမွာ မိဘ၊သားသမီး၊ေျမးအတူေနတဲ့ လူဦးေရ အ မ်ားအျပားအတူေနထိုင္လို႔ ကူးစက္ႏိုင္ေျခပိုမ်ားတာ လို႔ ဆိုႏိုင္ပါတယ္။ တစ္ရက္ထဲမွာ တစ္အိမ္ထဲေနတဲ့ မိသားစုထဲက ေယာကၡမေရာ သားမက္ေရာ အဆုတ္ေယာင္ ျပင္းထန္မႈေၾကာင့္ အထူးၾကပ္မတ္ကုသေဆာင္ ကို တၿပိဳင္တည္း ေရာက္သြားတာမ်ိဳးရွိဖူးပါတယ္။ ဘာလို႔ ဒီလူမ်ိဳးေတြမွာမွ ေရာဂါပိုျပင္းထန္ရတယ္ ဆိုတာကို အေၾကာင္းရင္း တိတိက်က် မသိရေသးပါဘူး

(၃)ကိုဗစ္လူနာေတြ အစုအၿပဳံလိုက္ ေရာဂါျပင္းထန္ၿပီး ေရာက္လာရင္ စစ္ျဖစ္ေနတဲ့ေနရာမွာ ေဆးကုေနရသလိုပဲ အရမ္းကို စိတ္ဖိစီး ပင္ ပန္းၿပီး ဝုန္းဒိုင္းႀကဲကုရပါတယ္။ အခ်ိန္က အသက္ဆိုေတာ့ အခ်ိန္ကိုလုၿပီး အသက္ကယ္ၾကရတာမို႔ လူေရာ စိတ္ေရာ အရမ္းကို ပင္ပန္းရ ပါတယ္။ဒီၾကားထဲ အကာအကြယ္ဝတ္စုံေတြဝတ္၊မ်က္ႏွာဖုံးေတြ တပ္ထားနဲ႔ ဆိုေတာ့ ပူအိုက္မြန္းၾကပ္ၿပီး အသက္ရႉမဝ သလိုခံစားရပါ တယ္။အဲ့လို အသည္းအသန္လူနာေတြ အမ်ားႀကီးနဲ႔ ဓာတ္မွန္႐ိုက္လိုက္ရင္ အဆုတ္မွာ မြစိတက္ ပ်က္စီးေနတဲ့ လူနာေတြကို မႀကဳံရ မ ကုရေစခ်င္ပါဘူး

(၅)ကိုဗစ္ဟာ ေရာဂါအခံရွိတဲ့လူနာေတြကို တကယ့္ကို ထေဖာက္ေစပါတယ္။အဆုတ္ေယာင္ပ်က္စီးတာအျပင္ အတက္ေရာဂါကို ထိန္းမ ႏိုင္ေတာ့တာ၊အသဲပ်က္စီးတာ၊ဦးေႏွာက္ေယာင္တာ၊ေက်ာက္ကပ္ေယာင္တာ၊ႏွလုံးေယာင္တာ၊ေသြးခဲပိတ္တာ၊ေလျဖတ္တာ အစရွိတဲ့ ေရာဂါဆိုးနဲ႔ ကိုယ္တြင္းအဂၤါအားလုံးကို ထိခိုက္ပ်က္စီးေစပါတယ္။ အသည္းလူနာေတြကို ၾကည့္ရတာ၊သူတို႔ရဲ႕ေနာက္ဆုံး အခ်ိန္ေလး မွာေတာင္မွ မိသားစုနဲ႔ေတြ႕ခြင့္မရတာ၊ မိသားစုက ေနာက္ဆုံးအခ်ိန္ေလးမွာ မ်က္ႏွာေလးေတာင္ျမင္ခြင့္မရလိုက္တာဟာ။

လင္းတို႔လို႔ ေဘးကၾကည့္ေနတဲ့ ဆရာဝန္ေတြနဲ႔ အေနနဲ႔ေတာင္ ယူႀကဳံးမရ ဝမ္းနည္းေၾကကြဲစိတ္ထိခိုက္ရပါတယ္။မင္းတို႔ အေဖ၊အေမ ေတာ့ အေျခအေနမေကာင္းလို႔ လက္လႊတ္ရေတာ့မယ္နဲ႔ တူတယ္ လို႔ တယ္လီဖုန္းကေန ေျပာျပရွင္းျပရတဲ့အခါ ရင္ကြဲမတတ္ ေဝမွ်ခံစားရ မိပါတယ္

(၆)ကိုဗစ္ကူးမွာ ေၾကာက္လို႔ ႏွလုံးေရာဂါ အစရွိတဲ့ နာတာရွည္ေရာဂါသည္ေတြကလည္း ေဆး႐ုံ၊ေဆးခန္းလာမျပၾက၊လာျပခြင့္လည္းမရ ဆိုေတာ့ အဲ့ဒီေရာဂါသည္ေတြကလည္း ေဆး႐ုံေရာက္လာရင္ ေရာဂါေတြက ေတာ္ေတာ္သည္းၿပီး ကြၽမ္းတဲ့အဆင့္ေရာက္ေန။ ဒါေၾကာင့္ ရင္ဘတ္ေအာင့္တာ အေရးေပၚလကၡဏာပါ။ ႏွလုံးေသြးေၾကာပိတ္တာ ဟုတ္ မဟုတ္ သိရေအာင္ ေဆး႐ုံလာျပၾကပါ။ကိုဗစ္ေၾကာက္ၿပီး မလာဘဲ မေနၾကပါနဲ႔ လို႔ေတာင္ Campaign ေတြ ျပန္လုပ္ၾကရတယ္။

ကိုဗစ္နဲ႔ မေသဘဲ ႏွလုံးေသြးေၾကာပိတ္ၿပီး ေသမွာ စိုးလို႔ပါ လို႔ ရွင္းျပၾကရတယ္ တကယ့္ကို ျပန္မေတြးခ်င္ေသာ စိတ္ဒဏ္ရာေပးေသာ မည္းေမွာင္ ေမွာင္မိုက္လြန္းေသာ အေမွာင္ကာလမ်ားလို႔ ဆိုခ်င္ပါတယ္…ထို အေမွာင္ကာလမ်ားကို ဘယ္သူ႔ကိုမွ မေတြ႕ႀကဳံ မျဖတ္ ေက်ာ္ရေစလိုပါ…

(၇)ကိုဗစ္ကာလမွာ ပိုမို တိုးပြားလာတာကလည္း စိတ္ဖိစီးမႈေတြရ၊ စိတ္ဓာတ္က်မႈေတြ၊ အထီးက်န္ဆန္မႈနဲ႔ အရက္အလြန္အကြၽံ ေသာက္ သုံးျခင္းေတြလည္း ျမင့္တက္လာလို႔ စိတ္က်န္းမာေရးလူနာေတြကိုလည္း အရင္ကထက္ပို အဆေတြတိုးၿပီး ဂ႐ုစိုက္ရတဲ့ကာလေတြလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ တျခားေရာဂါေတြေတာင္ ထူထပ္ေနတာ ကိုဗစ္ကိုမွ ထူးၿပီး စိုးရိမ္ကာကြယ္ ဂ႐ုျပဳေနဖို႔လိုလားလို႔ ေမးရင္ အလြန္ တရာမွကို လိုအပ္ပါတယ္လို႔ အထူးဆိုခ်င္ပါတယ္ရွင့္

ႏိုင္သေလာက္ Test, Trace and Isolate လုပ္ၿပီး သက္ႀကီး႐ြယ္အိုေတြ၊ေရာဂါအခံရွိသူေတြဆီ မေရာက္ေအာင္ ႀကိဳးစား ကာကြယ္ၾကရမွာ ပါရွင့္။ရွိသမွ်အားေတြကို အေကာင္းဆုံး အက်ိဳးရွိေအာင္ သုံးရင္း ႀကိဳးစားေနသလို ဆက္လက္ေဆာင္႐ြက္ဖို႔လည္း အထူးလိုအပ္တယ္လို႔ ဆိုပါရေစရွင့္။ေရွ႕တန္းကေန ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ေနတဲ့ ျမန္မာျပည္က ဆရာဝန္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ျပည္သူေတြ၊ volunteers ေတြကိုေလးစားဂုဏ္ယူဦးၫႊတ္မိသလို ။

ေနာက္တန္းက ပံ့ပိုးေနတဲ့သူေတြ၊အလႉရွင္ေတြကိုလည္း ေက်းဇူးအထူးတင္မိပါတယ္။စြမ္းစြမ္းတမံ အတတ္ႏိုင္ဆုံး စြမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အေမစု ဦးေဆာင္တဲ့ႏိုင္ငံေတာ္အစိုးရရဲ႕ ႀကိဳးစားအားထုတ္ ေဆာင္႐ြက္မႈေတြကိုလည္း အလြန္ေလးစားမိ ပါတယ္။ အေဝးကေန လွမ္းၿပီး အားလုံး ေဘးကင္း ေနေကာင္း က်န္းမာၾကဖို႔ ဆုေတာင္း ေမတၱာ ပို႔ေပးေနသလို ကိုယ္ေတြ႕ႀကဳံခဲ့ရတဲ့ အျဖစ္ဆိုးေတြကို ေျပာျပေဝမွ်ရင္း ဒီလို အလားတူ အျဖစ္ဆိုးမ်ိဳးေတြ မႀကဳံရေအာင္ သတိေပးကာကြယ္ပါရေစရွင့္။

အေဝးကေနလွမ္းၿပီး မသိဘဲ ေျပာမိသလိုမ်ား ျဖစ္သြားရင္လည္း အႏူးအၫြတ္ေတာင္းပန္ပါတယ္ရွင့္။ဘယ္သူ႔ကိုမွ အေၾကာက္လြန္ေအာင္ ေျခာက္ဖို႔ မရည္႐ြယ္သလို လုံးဝ မေၾကာက္ပါဘူး လို႔ ဆိုေနသူမ်ားအတြက္လည္း သတိေလးထားၿပီးေတာ့ ဆင္ျခင္ စည္းကမ္းလိုက္နာ ေစ ခ်င္ပါတယ္ရွင့္။ကိုယ့္အတြက္သာမက ကိုယ္ခ်စ္တဲ့သူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြ၊ေရာဂါအခံရွိသူေတြအတြက္ အသက္ကယ္ကူညီရာ ေရာက္ပါတယ္ရွင့္။

လက္ေဆး၊ Mask တပ္၊ေျခာက္ေပအကြာကရပ္ ဆိုတာအျပင္ လူထူထပ္တဲ့ေနရာေတြ မသြားဘူး။ကိုယ့္ကိုကိုယ္ အရင္ကထက္ ပိုၿပီး ေန ေကာင္းက်န္းမာေအာင္ ကိုယ္ခံအားေကာင္းေအာင္ ႀကိဳးစားေနထိုင္မယ္ ဆို ကိုဗစ္ကပ္ႀကီးကို စုေပါင္းအားနဲ႔ အျမန္ဆုံး အတူတြန္းလွန္ တိုက္ထုတ္ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္ရွင့္။သတိေလးထားၿပီး စည္းကမ္းလိုက္နာ ေဘးကင္းကြာၾကေစခ်င္ပါတယ္ရွင့္…

source : ေဒါက္တာ လင္းစႏၵာလႈိင္

UNICODE

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုဟာ အသက်ပေါင်းများစွာ ချမ်းသာရာရဖို့အတွက်ရော နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့အတွက်ရော အလွန်တရာမှ အရေးပါနေလို့ တစ်ဦးချင်းစီတိုင်း ပါဝင်ပူးပေါင်း အသက်ကယ်ကုသိုလ် ယူပေးကြပါ လို့ မေတ္တာရပ်ခံပါရစေရှင့် အားလုံးလည်း ကိုာ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကိုဗစ်ကပ်ရောဂါကြီးကို ကျော်လွှားနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်။

ဒီစာစုလေးဟာ ကိုဗစ်လူနာလဲဖြစ်ခဲ့ပြီး ကိုယ်တိုင်လဲ ကိုဗစ်လူနာတွေကို ကုသမှု ပေးနေတဲ့ ဒေါက်တာလင်းစန္ဒာလှိုင် ရေးထားတာပါ ။“ကို ဗစ်ကို ဂရုစိုက်သတိထားဖို့လိုလား”ကိုဗစ်လူနာလည်းဖြစ်ဖူးတဲ့၊ ကိုဗစ်ကို ရှေ့တန်းကနေပြီးလည်း တိုက်ခဲ့ဖူးတဲ့ဆရာဝန် တစ်ယောက်အ နေနဲ့ ကိုဗစ်ကို ဂရုစိုက် သတိထား ဖို့ လိုပါတယ် လို့ ဆိုပါရစေရှင့်။ကိုဗစ်ပိုးအသစ်လေးဟာ အသွင်ပြောင်းပိုး ဆို တော့ သူက အားပိုပျော့ လာမလား၊ အားပိုကောင်းပြီး ပိုဆိုးရွား ပြင်းထန်လာမလား ဆိုတာ ဘယ်သုတေသန စာစောင်ကမှ တိတိကျကျ မဆိုနိုင်သေးပါဘူး။

ဒါ့ကြောင့် ကိုဗစ်ကို မပေါ့ဆဘဲ သတိပြုဆင်ခြင်ကြစေလိုပါတယ်ရှင့်။ မြန်မာပြည်မှာ ကိုဗစ်အပြင် မကူးစက်နိုင်တဲ့ ရောဂါ သွေးတိုး သွေး ချို နှလုံးရောဂါတွေရှိသလို တခြားကူးစက်နိုင်တဲ့ တီဘီ ငှက်ဖျား သွေးလွန်တုပ်ကွေး အစရှိတဲ့ တခြားရောဂါတွေလည်း ခေါင်းထောင်နေ တော့ ကိုဗစ်ကို ထူးပြီး စိတ်ပူ ကာကွယ်နေဖို့ လိုလို့လားပေါ့။ အဲ့ဒီမေးခွန်းကို မေးနေတဲ့ သူတွေထဲမှာ ဆရာဝန်တွေပါ ပါဝင်နေလို့ ကိုဗစ် ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ရော လူနာတစ်ယောက် အနေနဲ့ပါ ပြန်ဝေမျှချင်ပါတယ်ရှင့်။

(၁)ကိုဗစ်ဖြစ်ပြီးတာ လေးလကျော်လို့ ငါးလထဲရောက်ပါတော့မယ်။ပုံမှန် လူကောင်း ပကတိအခြေအနေအတိုင်း ပြန်မရောက်သေးပါဘူး။ နောက်ဆက်တွဲနှလုံးကြွက်သားယောင်ခြင်းနဲ့ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်း (Post viral myocarditis နဲ့ fatigue syndrome) တို့ကို ခံစားနေရတုန်းပါ။ ဆရာဝန်တွေတော်တော်များများသာ အခုလို ကူးစက်ခံရရင် Workforce အင်အား အင်မတန်မှ ကျဆင်းနိုင်ပါ တယ်။ Overstretched ဖြစ်နိုင်ခြေ အလွန်များပါတယ်။

(၂)ကိုဗစ်တိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အများအပြားရှိပါတယ်။ သူတို့အတွက် ဂုဏ်ယူလေးစားမိသလို အလွန် တရာမှလည်း ဝမ်းနည်းကြေကွဲစိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီထဲမှာမှ ရောဂါပြင်းထန်ပြီး အသေအပျောက်ပိုများတာက BAME အုပ်စု လို့ခေါ်တဲ့ Black, Asain and Minor Ethnicities (အာဖရိက၊အာရှနဲ့ တခြားအနည်းငယ်သော မျိုးနွယ်စုများ) ဖြစ်ပါတယ်။ဖြေရှင်း ချက် တစ်ခုကတော့ အဲ့ဒီလူမျိုးတွေမှာ ကိုဗစ်ပိုး အဆုတ်တွင်းနဲ့ ခန္ဓာကိုယ်တွင်းကို ဝင်ဖို့ ACE လို့ခေါ်တဲ့ Receptors တွေ အများအပြားရှိနေ ခြင်းကြောင့်လို့ ဆိုကြပါတယ်။

ပြီးတော့ နောက်တစ်ခုက အာရှလူမျိုးတွေဟာ Extended family လို့ခေါ်တဲ့ တစ်အိမ်ထဲမှာ မိဘ၊သားသမီး၊မြေးအတူနေတဲ့ လူဦးရေ အ များအပြားအတူနေထိုင်လို့ ကူးစက်နိုင်ခြေပိုများတာ လို့ ဆိုနိုင်ပါတယ်။ တစ်ရက်ထဲမှာ တစ်အိမ်ထဲနေတဲ့ မိသားစုထဲက ယောက္ခမရော သားမက်ရော အဆုတ်ယောင် ပြင်းထန်မှုကြောင့် အထူးကြပ်မတ်ကုသဆောင် ကို တပြိုင်တည်း ရောက်သွားတာမျိုးရှိဖူးပါတယ်။ ဘာလို့ ဒီလူမျိုးတွေမှာမှ ရောဂါပိုပြင်းထန်ရတယ် ဆိုတာကို အကြောင်းရင်း တိတိကျကျ မသိရသေးပါဘူး

(၃)ကိုဗစ်လူနာတွေ အစုအပြုံလိုက် ရောဂါပြင်းထန်ပြီး ရောက်လာရင် စစ်ဖြစ်နေတဲ့နေရာမှာ ဆေးကုနေရသလိုပဲ အရမ်းကို စိတ်ဖိစီး ပင် ပန်းပြီး ဝုန်းဒိုင်းကြဲကုရပါတယ်။ အချိန်က အသက်ဆိုတော့ အချိန်ကိုလုပြီး အသက်ကယ်ကြရတာမို့ လူရော စိတ်ရော အရမ်းကို ပင်ပန်းရ ပါတယ်။ဒီကြားထဲ အကာအကွယ်ဝတ်စုံတွေဝတ်၊မျက်နှာဖုံးတွေ တပ်ထားနဲ့ ဆိုတော့ ပူအိုက်မွန်းကြပ်ပြီး အသက်ရှူမဝ သလိုခံစားရပါ တယ်။အဲ့လို အသည်းအသန်လူနာတွေ အများကြီးနဲ့ ဓာတ်မှန်ရိုက်လိုက်ရင် အဆုတ်မှာ မွစိတက် ပျက်စီးနေတဲ့ လူနာတွေကို မကြုံရ မ ကုရစေချင်ပါဘူး။

(၅)ကိုဗစ်ဟာ ရောဂါအခံရှိတဲ့လူနာတွေကို တကယ့်ကို ထဖောက်စေပါတယ်။အဆုတ်ယောင်ပျက်စီးတာအပြင် အတက်ရောဂါကို ထိန်းမ နိုင်တော့တာ၊အသဲပျက်စီးတာ၊ဦးနှောက်ယောင်တာ၊ကျောက်ကပ်ယောင်တာ၊နှလုံးယောင်တာ၊သွေးခဲပိတ်တာ၊လေဖြတ်တာ အစရှိတဲ့ ရောဂါဆိုးနဲ့ ကိုယ်တွင်းအင်္ဂါအားလုံးကို ထိခိုက်ပျက်စီးစေပါတယ်။ အသည်းလူနာတွေကို ကြည့်ရတာ၊သူတို့ရဲ့နောက်ဆုံး အချိန်လေး မှာတောင်မှ မိသားစုနဲ့တွေ့ခွင့်မရတာ၊ မိသားစုက နောက်ဆုံးအချိန်လေးမှာ မျက်နှာလေးတောင်မြင်ခွင့်မရလိုက်တာဟာ။

လင်းတို့လို့ ဘေးကကြည့်နေတဲ့ ဆရာဝန်တွေနဲ့ အနေနဲ့တောင် ယူကြုံးမရ ဝမ်းနည်းကြေကွဲစိတ်ထိခိုက်ရပါတယ်။မင်းတို့ အဖေ၊အမေ တော့ အခြေအနေမကောင်းလို့ လက်လွှတ်ရတော့မယ်နဲ့ တူတယ် လို့ တယ်လီဖုန်းကနေ ပြောပြရှင်းပြရတဲ့အခါ ရင်ကွဲမတတ် ဝေမျှခံစားရ မိပါတယ်

(၆)ကိုဗစ်ကူးမှာ ကြောက်လို့ နှလုံးရောဂါ အစရှိတဲ့ နာတာရှည်ရောဂါသည်တွေကလည်း ဆေးရုံ၊ဆေးခန်းလာမပြကြ၊လာပြခွင့်လည်းမရ ဆိုတော့ အဲ့ဒီရောဂါသည်တွေကလည်း ဆေးရုံရောက်လာရင် ရောဂါတွေက တော်တော်သည်းပြီး ကျွမ်းတဲ့အဆင့်ရောက်နေ။ ဒါကြောင့် ရင်ဘတ်အောင့်တာ အရေးပေါ်လက္ခဏာပါ။ နှလုံးသွေးကြောပိတ်တာ ဟုတ် မဟုတ် သိရအောင် ဆေးရုံလာပြကြပါ။ကိုဗစ်ကြောက်ပြီး မလာဘဲ မနေကြပါနဲ့ လို့တောင် Campaign တွေ ပြန်လုပ်ကြရတယ်။

ကိုဗစ်နဲ့ မသေဘဲ နှလုံးသွေးကြောပိတ်ပြီး သေမှာ စိုးလို့ပါ လို့ ရှင်းပြကြရတယ် တကယ့်ကို ပြန်မတွေးချင်သော စိတ်ဒဏ်ရာပေးသော မည်းမှောင် မှောင်မိုက်လွန်းသော အမှောင်ကာလများလို့ ဆိုချင်ပါတယ်…ထို အမှောင်ကာလများကို ဘယ်သူ့ကိုမှ မတွေ့ကြုံ မဖြတ် ကျော်ရစေလိုပါ…

(၇)ကိုဗစ်ကာလမှာ ပိုမို တိုးပွားလာတာကလည်း စိတ်ဖိစီးမှုတွေရ၊ စိတ်ဓာတ်ကျမှုတွေ၊ အထီးကျန်ဆန်မှုနဲ့ အရက်အလွန်အကျွံ သောက် သုံးခြင်းတွေလည်း မြင့်တက်လာလို့ စိတ်ကျန်းမာရေးလူနာတွေကိုလည်း အရင်ကထက်ပို အဆတွေတိုးပြီး ဂရုစိုက်ရတဲ့ကာလတွေလည်း ဖြစ်ပါတယ်။ဒါကြောင့် တခြားရောဂါတွေတောင် ထူထပ်နေတာ ကိုဗစ်ကိုမှ ထူးပြီး စိုးရိမ်ကာကွယ် ဂရုပြုနေဖို့လိုလားလို့ မေးရင် အလွန် တရာမှကို လိုအပ်ပါတယ်လို့ အထူးဆိုချင်ပါတယ်ရှင့်

နိုင်သလောက် Test, Trace and Isolate လုပ်ပြီး သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိသူတွေဆီ မရောက်အောင် ကြိုးစား ကာကွယ်ကြရမှာ ပါရှင့်။ရှိသမျှအားတွေကို အကောင်းဆုံး အကျိုးရှိအောင် သုံးရင်း ကြိုးစားနေသလို ဆက်လက်ဆောင်ရွက်ဖို့လည်း အထူးလိုအပ်တယ်လို့ ဆိုပါရစေရှင့်။ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံတိုက်နေတဲ့ မြန်မာပြည်က ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ပြည်သူတွေ၊ volunteers တွေကိုလေးစားဂုဏ်ယူဦးညွှတ်မိသလို ။

နောက်တန်းက ပံ့ပိုးနေတဲ့သူတွေ၊အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။စွမ်းစွမ်းတမံ အတတ်နိုင်ဆုံး စွမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမေစု ဦးဆောင်တဲ့နိုင်ငံတော်အစိုးရရဲ့ ကြိုးစားအားထုတ် ဆောင်ရွက်မှုတွေကိုလည်း အလွန်လေးစားမိ ပါတယ်။ အဝေးကနေ လှမ်းပြီး အားလုံး ဘေးကင်း နေကောင်း ကျန်းမာကြဖို့ ဆုတောင်း မေတ္တာ ပို့ပေးနေသလို ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ပြောပြဝေမျှရင်း ဒီလို အလားတူ အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် သတိပေးကာကွယ်ပါရစေရှင့်။

အဝေးကနေလှမ်းပြီး မသိဘဲ ပြောမိသလိုများ ဖြစ်သွားရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။ဘယ်သူ့ကိုမှ အကြောက်လွန်အောင် ခြောက်ဖို့ မရည်ရွယ်သလို လုံးဝ မကြောက်ပါဘူး လို့ ဆိုနေသူများအတွက်လည်း သတိလေးထားပြီးတော့ ဆင်ခြင် စည်းကမ်းလိုက်နာ စေ ချင်ပါတယ်ရှင့်။ကိုယ့်အတွက်သာမက ကိုယ်ချစ်တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိသူတွေအတွက် အသက်ကယ်ကူညီရာ ရောက်ပါတယ်ရှင့်။

လက်ဆေး၊ Mask တပ်၊ခြောက်ပေအကွာကရပ် ဆိုတာအပြင် လူထူထပ်တဲ့နေရာတွေ မသွားဘူး။ကိုယ့်ကိုကိုယ် အရင်ကထက် ပိုပြီး နေ ကောင်းကျန်းမာအောင် ကိုယ်ခံအားကောင်းအောင် ကြိုးစားနေထိုင်မယ် ဆို ကိုဗစ်ကပ်ကြီးကို စုပေါင်းအားနဲ့ အမြန်ဆုံး အတူတွန်းလှန် တိုက်ထုတ်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်ရှင့်။သတိလေးထားပြီး စည်းကမ်းလိုက်နာ ဘေးကင်းကွာကြစေချင်ပါတယ်ရှင့်…

source : ဒေါက်တာ လင်းစန္ဒာလှိုင်

Add a Comment

Your email address will not be published. Required fields are marked *