NLDအလံနဲ႔စတစ္ကာကန္ပိန္းလုပ္ဖို႔ အေမစုဘာေၾကာင့္ ႏႈိးေဆာ္ရတာလဲဆိုတဲ့ အေၾကာင္းရင္း

ႏိုင္ငံေတာ္အတိုင္ပင္ခဲ ေဒၚေအာင္ဆန္းစုၾကည္က မေျပာစဖူး အလံေတြလႊင့္၊ စတစ္ကာေတြ ကပ္ႏိုင္သမွ် ကပ္ဆိုၿပီး ေဆာ္ဩ ေနတာပါ။ ဒါကို သက္ေသ (evidence) အေနနဲ႔ ျပႏိုင္ေအာင္ record ယူထားဖို႔ သူႀကံေနတာပါ။ ေ႐ြးေကာက္ပြဲဟာ သမာသမတ္ မရွိဘူး၊ ေ႐ြးေကာ္ က ဘက္လိုက္တယ္လို႔ စြပ္စြဲလာရင္ ဒါဟာ သက္ေသပါပဲ။ ျပည္သူက ဘယ္ေလာက္ေတာင္ ေထာက္ခံသလဲဆိုတာကိုေခါင္းေဆာင္က အဓိက ႏိုင္ငံတကာကို ျပခ်င္တဲ့ သေဘာလို႔ နားလည္မိပါတယ္။

Chair NLD page ကို Like ေတာ့ လုပ္ထားေပမယ့္ မေန႔က အေမစုရဲ႕ ျပည္သူသို႔ပန္ၾကားခ်က္ video file ကို မၾကည့္ျဖစ္လိုက္ဘူး။ အ လံေတြ ေနရာတကာမွာ လႊင့္ထူပါ၊ စတစ္ကာ ေတြကို ကားေတြ၊ ဆိုင္ကယ္ေတြမွာ တတ္ႏိုင္သမွ် ကပ္ပါ ဆိုၿပီး ေျပာတယ္ ဆိုၿပီး ေရးေန တာေတြ ေတြ႕ေတာ့အစက နည္းနည္း သံသယ ျဖစ္မိတယ္။ အဓိက အားျဖင့္ စတစ္ကာ ေတြ ကပ္ႏိုင္သမွ် ကပ္ပါ ဆိုတာကိုေပါ့။ ဒါနဲ႔ ေစာ ေစာက အဲဒီ page ကို ဝင္ၾကည့္ေတာ့ သူက တကယ္ေျပာထားတာကို ေတြ႕ရတယ္။

ကြၽန္ေတာ့္ အျမင္ကေတာ့ ေ႐ြးေကာက္ပြဲ အလြန္မွာျပႆနာ ရွာမွာကို သူလဲ စိုးရိမ္ပုံ ရတယ္။ NLD ဟာမဲေတြ ေလ်ာ့သြားမယ္၊ ေထာက္ခံ မႈေတြ က်သြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့ဘူး။ ရင္းႏွီးတဲ့သူေတြနဲ႔ ေဆြးေႏြးတဲ့ အခါမွာလည္း ကြၽန္ေတာ္ ဘယ္တုန္းက မွ ဇေဝဇဝါ မေျပာခဲ့ဘူး။ ေသခ်ာေပါက္ ႏိုင္မယ္လို႔ပဲ ေဆြးေႏြးခဲ့တာပဲ။ တစ္ခ်ိဳ႕ လူငယ္ေတြဟာ ဇေဝဇဝါ ျဖစ္ေနတာေတြ ေတြ႕တယ္။ သူတို႔ ရဲ႕ rights ျဖစ္တဲ့အတြက္ ဘာမွေတာ့ မေျပာလိုေပမယ့္ သူတို႔ဟာ main point ကို ေကာင္းေကာင္း မသိေသးဘူးလို႔ ကြၽန္ေတာ္ ျမင္တယ္။

ဘယ္ဟာအဓိက၊ ဘယ္ဟာ သာမညဆိုတာ မသဲကြဲေသးတာ ကို ေတြ႕ရတယ္။ အေျခအေန ေတြကို ေကာင္းေကာင္း မသုံးသပ္တတ္ေသး တာကို ေတြ႕ရတယ္။အျပင္ပန္းက ၾကည့္ရင္ေတာ့ သူတို႔ သိပ္ေတြးတတ္ ေခၚတတ္တယ္လို႔ ကိုယ့္ဟာကိုယ္ ထင္ေနၾကတယ္၊ မဲသြားမေပး ဘူးလို႔ ဆုံးျဖတ္ထားတာ….ဘာညာ ေျပာေနတာဟာ မွားေနတယ္ ဆိုတာကို ေကာင္းေကာင္းမသိဘူး။အဲဒါကို ဟုတ္လွၿပီလို႔ ထင္ေနၾက တယ္။ စနစ္တစ္ခုကို အရင္ဆုံး တိုက္ဖ်က္ပစ္ဖို႔ လိုတယ္ ။

အဲဒါကို မလုပ္ရင္ အခု ၿငီးတြားေနတဲ့ အရာေတြကို ၂၀၂၁-၂၀၂၅ ကာလေတြမွာ ဆက္ၿပီးၿငီးတြားေနၾကရ လိမ့္ဉီးမယ္ဆိုတာ သိဖို႔ လိုပါ တယ္။ကြၽန္ေတာ္တို႔လို လူေတြ အေနနဲ႔လည္း လက္ရွိအစိုးရရဲ႕ တစ္ခ်ိဳ႕ မူဝါဒေတြကို သိပ္ႀကိဳက္လွတယ္ မထင္ပါနဲ႔။ အားမလိုအားမရ ျဖစ္ေန တာေတြ အမ်ားႀကီးပါ။ ဒါေတြ ေလွ်ာက္ေျပာေနရင္swing voters ေတြတိုးလာမွာစိုးလို႔ တမင္မေျပာတာပါ။ဒါေပမယ့္ ဘာလုပ္ ရမယ္၊ ဘယ္သူ႔ကို မဲေပးရမယ္ ဆိုတာ ကေတာ့ ရွင္းရွင္းလင္းလင္းႀကီး ရွိေနၿပီးသားပါ။

လက္ရွိ ႏိုင္ငံေရးအခင္းအက်င္းဟာ ေ႐ြးေကာက္ပြဲအလြန္မွာ ျပႆနာရွာဖို႔ စိုင္းျပင္းေနတယ္ဆိုတာ သတိခ်ပ္ဖို႔လိုပါတယ္။ အခုလုပ္ေန ၾကတဲ့ activities ေတြဟာ ေ႐ြးေကာ္ကို ျပႆနာရွာဖို႔ အရွိန္ျမႇင့္ လုပ္ေဆာင္ေနၾကတယ္ ဆိုတာ နားလည္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ NLDအျပတ္အသတ္ ႏိုင္မယ္ဆိုတာ သိၿပီးသားမို႔ပါ မယုံမရွိနဲ႔ ။ အခုေလာက္ဆိုရင္ သူတို႔ဆီမွာ စစ္တမ္းရွိေနၿပီးသားပါ။ အဲဒီ စစ္တမ္းရဲ႕ အေျဖက မဟန္လို႔ အခုလိုေျခလွမ္းေတြ စ ေနျခင္းျဖစ္တယ္ဆိုတာ သေဘာေပါက္ဖို႔ လိုပါတယ္ ။

CRD: THE LIFESTYLE MYANMAR

UNICODE

နိုင်ငံတော်အတိုင်ပင်ခဲ ဒေါ်အောင်ဆန်းစုကြည်က မပြောစဖူး အလံတွေလွှင့်၊ စတစ်ကာတွေ ကပ်နိုင်သမျှ ကပ်ဆိုပြီး ဆော်ဩ နေတာပါ။ ဒါကို သက်သေ (evidence) အနေနဲ့ ပြနိုင်အောင် record ယူထားဖို့ သူကြံနေတာပါ။ ရွေးကောက်ပွဲဟာ သမာသမတ် မရှိဘူး၊ ရွေးကော် က ဘက်လိုက်တယ်လို့ စွပ်စွဲလာရင် ဒါဟာ သက်သေပါပဲ။ ပြည်သူက ဘယ်လောက်တောင် ထောက်ခံသလဲဆိုတာကိုခေါင်းဆောင်က အဓိက နိုင်ငံတကာကို ပြချင်တဲ့ သဘောလို့ နားလည်မိပါတယ်။

Chair NLD page ကို Like တော့ လုပ်ထားပေမယ့် မနေ့က အမေစုရဲ့ ပြည်သူသို့ပန်ကြားချက် video file ကို မကြည့်ဖြစ်လိုက်ဘူး။ အ လံတွေ နေရာတကာမှာ လွှင့်ထူပါ၊ စတစ်ကာ တွေကို ကားတွေ၊ ဆိုင်ကယ်တွေမှာ တတ်နိုင်သမျှ ကပ်ပါ ဆိုပြီး ပြောတယ် ဆိုပြီး ရေးနေ တာတွေ တွေ့တော့အစက နည်းနည်း သံသယ ဖြစ်မိတယ်။ အဓိက အားဖြင့် စတစ်ကာ တွေ ကပ်နိုင်သမျှ ကပ်ပါ ဆိုတာကိုပေါ့။ ဒါနဲ့ စော စောက အဲဒီ page ကို ဝင်ကြည့်တော့ သူက တကယ်ပြောထားတာကို တွေ့ရတယ်။

ကျွန်တော့် အမြင်ကတော့ ရွေးကောက်ပွဲ အလွန်မှာပြဿနာ ရှာမှာကို သူလဲ စိုးရိမ်ပုံ ရတယ်။ NLD ဟာမဲတွေ လျော့သွားမယ်၊ ထောက်ခံ မှုတွေ ကျသွားလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ရင်းနှီးတဲ့သူတွေနဲ့ ဆွေးနွေးတဲ့ အခါမှာလည်း ကျွန်တော် ဘယ်တုန်းက မှ ဇဝေဇဝါ မပြောခဲ့ဘူး။ သေချာပေါက် နိုင်မယ်လို့ပဲ ဆွေးနွေးခဲ့တာပဲ။ တစ်ချို့ လူငယ်တွေဟာ ဇဝေဇဝါ ဖြစ်နေတာတွေ တွေ့တယ်။ သူတို့ ရဲ့ rights ဖြစ်တဲ့အတွက် ဘာမှတော့ မပြောလိုပေမယ့် သူတို့ဟာ main point ကို ကောင်းကောင်း မသိသေးဘူးလို့ ကျွန်တော် မြင်တယ်။

ဘယ်ဟာအဓိက၊ ဘယ်ဟာ သာမညဆိုတာ မသဲကွဲသေးတာ ကို တွေ့ရတယ်။ အခြေအနေ တွေကို ကောင်းကောင်း မသုံးသပ်တတ်သေး တာကို တွေ့ရတယ်။အပြင်ပန်းက ကြည့်ရင်တော့ သူတို့ သိပ်တွေးတတ် ခေါ်တတ်တယ်လို့ ကိုယ့်ဟာကိုယ် ထင်နေကြတယ်၊ မဲသွားမပေး ဘူးလို့ ဆုံးဖြတ်ထားတာ….ဘာညာ ပြောနေတာဟာ မှားနေတယ် ဆိုတာကို ကောင်းကောင်းမသိဘူး။အဲဒါကို ဟုတ်လှပြီလို့ ထင်နေကြ တယ်။ စနစ်တစ်ခုကို အရင်ဆုံး တိုက်ဖျက်ပစ်ဖို့ လိုတယ် ။

အဲဒါကို မလုပ်ရင် အခု ငြီးတွားနေတဲ့ အရာတွေကို ၂၀၂၁-၂၀၂၅ ကာလတွေမှာ ဆက်ပြီးငြီးတွားနေကြရ လိမ့်ဉီးမယ်ဆိုတာ သိဖို့ လိုပါ တယ်။ကျွန်တော်တို့လို လူတွေ အနေနဲ့လည်း လက်ရှိအစိုးရရဲ့ တစ်ချို့ မူဝါဒတွေကို သိပ်ကြိုက်လှတယ် မထင်ပါနဲ့။ အားမလိုအားမရ ဖြစ်နေ တာတွေ အများကြီးပါ။ ဒါတွေ လျှောက်ပြောနေရင်swing voters တွေတိုးလာမှာစိုးလို့ တမင်မပြောတာပါ။ဒါပေမယ့် ဘာလုပ် ရမယ်၊ ဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်းကြီး ရှိနေပြီးသားပါ။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းဟာ ရွေးကောက်ပွဲအလွန်မှာ ပြဿနာရှာဖို့ စိုင်းပြင်းနေတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အခုလုပ်နေ ကြတဲ့ activities တွေဟာ ရွေးကော်ကို ပြဿနာရှာဖို့ အရှိန်မြှင့် လုပ်ဆောင်နေကြတယ် ဆိုတာ နားလည်ပါ။ ဘာကြောင့်လဲဆိုတော့ NLDအပြတ်အသတ် နိုင်မယ်ဆိုတာ သိပြီးသားမို့ပါ မယုံမရှိနဲ့ ။ အခုလောက်ဆိုရင် သူတို့ဆီမှာ စစ်တမ်းရှိနေပြီးသားပါ။ အဲဒီ စစ်တမ်းရဲ့ အဖြေက မဟန်လို့ အခုလိုခြေလှမ်းတွေ စ နေခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ် ။

CRD:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *