the voice myanmarၿပိဳင္ပြဲမွာ ဒိုင္အခ်ိဳ႕ရဲ႕ လုပ္ရပ္ေၾကာင့္ ေဝဖန္မႈျမင့္တက္ေနတဲ့ ၿပိဳင္ပြဲဝင္ တစ္ေယာက္ ရဲ႕ သီခ်င္း
|ဒီအေၾကာင္းအရာ နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကေတာ့ ဒီသီခ်င္းကို အရင္သီဆိုခဲ့သူက R ဇာနည္ျဖစ္တာမို႔ R ဇာနည္အတြက္ မ်က္ႏွာ ပူခဲ့ၾကသလို ေဝဖန္တဲ့မွတ္ခ်က္ေတြကိုလည္း ေရးသားခဲ့ၾကပါတယ္။ ဒါေပမယ့္ ၿပိဳင္ပြဲဝင္ကိုရဲခန႔္ကေတာ့ သူ႔ရဲ႕ Coach အေနနဲ႔ R ဇာနည္ ကို ေ႐ြးခ်ယ္ခဲ့ပါတယ္ ပရိသတ္ႀကီးေရ…မေန႔ညက ထုတ္လႊင့္ျပသ ခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပြဲမွာ ေတာ့ ႐ြက္ပုန္းသီးဝါသနာရွင္ေတြ မ်ားစြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ပရိသတ္ဆႏၵနဲ႔ထပ္တူက်ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီထဲမွာမွ ပင္ကိုယ္အသံအားေကာင္းေကာင္း နဲ႔ ဒိုင္ေလးေယာက္ စလုံး ကို ဆြဲေဆာင္ႏိုင္ ခဲ့သူေတာ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္ကေန လာေရာက္ ယွဥ္ၿပိဳင္တဲ့ ကိုရဲခန႔္ပါ။“ညိဳ႕ေသာပင္လယ္ ဆြဲငင္ေသာ လ မင္း” သီခ်င္းေလးနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး လတ္တေလာ မွာေတာ့ ဒီသီခ်င္း နဲ႔ ပတ္သက္ၿပီး ပရိသတ္ၾကားမွာ ေဝဖန္မႈတခ်ိဳ႕ ထြက္ေပၚလ်က္ ရွိပါတယ္။ဒီသီခ်င္းကေတာ့ ေခတ္အဆက္ဆက္ပရိသတ္ၾကားမွာ ေရပန္းစားခဲ့တဲ့သီခ်င္းျဖစ္တာေၾကာင့္။
ျပန္ဆိုသူေတြ အမ်ားအျပားရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ပါ။ ဘိုဘိုနဲ႔ ရတနာဦးတို႔ သီဆို ခဲ့သလို The Voice Myanmar ရဲ႕ဒိုင္တစ္ဦးျဖစ္တဲ့ R ဇာနည္နဲ႔ မီးမီးခဲတို႔လည္း ဒီသီခ်င္းကို သီဆိုခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ အိပ္မက္ဆုံရာ(ရာသက္ပန္) ရဲ႕ Winner တစ္ဦး ျဖစ္တဲ့ ေအာင္ထက္လည္း သီဆိုခဲ့ၿပီး အရမ္းေပါက္ ခဲ့တယ္လို႔ ဆိုရမွာပါ။ ကိုရဲခန႔္ရဲ႕သီဆိုမႈအၿပီးမွာေတာ့ ဒိုင္တစ္ဦးျဖစ္သူနီနီခင္ေဇာ္က အဆိုေတာ္ေအာင္ထက္ထံဖုန္းေခၚခဲ့ၿပီး ၿပိဳင္ပြဲဝင္ ကိုရဲခန႔္နဲ႔ မိတ္ဆက္ေပး ခဲ့တဲ့အျပင္ ။
အဆိုေတာ္က်ားေပါက္ နဲ႔ နီနီတို႔ႏွစ္ေယာက္ ကေတာ့ ကိုရဲခန႔္ကို ရဖို႔ ေအာင္ထက္နဲ႔ စကားေျပာ ခဲ့ၾကပါတယ္။ဒီအေၾကာင္းအရာ နဲ႔ ပတ္ သက္ၿပီး ပရိသတ္ေတြကေတာ့ ဒီသီခ်င္းကို အရင္သီဆိုခဲ့သူက R ဇာနည္ျဖစ္တာမို႔ R ဇာနည္အတြက္ မ်က္ႏွာ ပူခဲ့ၾကသလို ေဝဖန္တဲ့မွတ္ ခ်က္ေတြကိုလည္း ေရးသားခဲ့ၾကပါတယ္။
Source – The Voice Myanmar
UNICODE
ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကို အရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာ ပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကိုရဲခန့်ကတော့ သူ့ရဲ့ Coach အနေနဲ့ R ဇာနည် ကို ရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…မနေ့ညက ထုတ်လွှင့်ပြသ ခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပွဲမှာ တော့ ရွက်ပုန်းသီးဝါသနာရှင်တွေ များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ပရိသတ်ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပင်ကိုယ်အသံအားကောင်းကောင်း နဲ့ ဒိုင်လေးယောက် စလုံး ကို ဆွဲဆောင်နိုင် ခဲ့သူတော့ တောင်တွင်းကြီးမြို့နယ်ကနေ လာရောက် ယှဉ်ပြိုင်တဲ့ ကိုရဲခန့်ပါ။“ညို့သောပင်လယ် ဆွဲငင်သော လ မင်း” သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလော မှာတော့ ဒီသီချင်း နဲ့ ပတ်သက်ပြီး ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ ထွက်ပေါ်လျက် ရှိပါတယ်။ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့်။
ပြန်ဆိုသူတွေ အများအပြားရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘိုဘိုနဲ့ ရတနာဦးတို့ သီဆို ခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦး ဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက် ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေး ခဲ့တဲ့အပြင် ။
အဆိုတော်ကျားပေါက် နဲ့ နီနီတို့နှစ်ယောက် ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြော ခဲ့ကြပါတယ်။ဒီအကြောင်းအရာ နဲ့ ပတ် သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကို အရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာ ပူခဲ့ကြသလို ဝေဖန်တဲ့မှတ် ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။
Source – The Voice Myanmar