ခႏၶာကိုယ္ထဲက အသည္း ပ်က္စီး ေနၿပီ ဆိုတာ ျပသေန တဲ့ လကၡဏာ (၇)မ်ိဳး

(၁) မ်က္လုံးနဲ႔အသားအေရာင္ ဝါလာျခင္း အသားအေရနဲ႔ မ်က္လုံးေတြ ဝါေနတယ္ဆိုရင္ အသည္းက ျပႆနာ တစ္ခုခုျဖစ္ေနပါၿပီ။ တ ကယ္လို႔ တံေတြးေတြကပါ ဝါက်င္က်င္ အ ေရာင္ေျပာင္းလာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းသြားျပသင့္တဲ့ အေျခအေနျဖစ္ ေနပါ ၿပီ။ (၂) ဝမ္းဗိုက္အလြန္ ေဖာင္းလာျခင္းဝမ္းဗိုက္ေနရာက အၿမဲလိုလို ေဖာင္းေနတယ္၊ ေနရထိုင္ရတာလည္း သက္ေတာင့္ သက္သာမရွိဘူး၊ အၿမဲလိုလို ျပည့္အင့္တဲ့ခံစားခ်က္မ်ိဳး ျဖစ္ေနတယ္၊ ကိုယ္ဝန္ေဆာင္တစ္ေယာက္လို႔ ထင္ရေလာက္ေအာင္ ဝမ္းဗိုက္က ေဖာင္းေန တယ္ ဆိုရင္လည္း အသည္းေၾကာင့္ ျဖစ္ႏိုင္ ပါတယ္။အသည္းက သူ႔ဆီ ဝင္ေရာက္လာတဲ့ အရည္ေတြကို ေကာင္းေကာင္း မစစ္ထုတ္ႏိုင္တဲ့အခါ တျခားအစိတ္အပိုင္းေတြဆီ အရည္ ေတြေရာက္လာၿပီး ေရာင္ရမ္းျခင္းကိုျဖစ္ေစတာပါ။ အသည္းမေကာင္းတဲ့အခါ ဝမ္းဗိုက္အျပင္ ေျခေထာက္နဲ႔ ေျခက်င္းဝတ္ေတြပါ ေရာင္ ရမ္းတတ္ပါတယ္။

(၃) ကိုယ္အေလးခ်ိန္႐ုတ္တရက္က်ဆင္းျခင္း ဝမ္းဗိုက္က ျပည့္အင့္ေနသလိုခံစားခ်က္မ်ိဳးအၿမဲျဖစ္ေနၿပီး အစားစားခ်င္ စိတ္လည္း မရွိ တာမ်ိဳး၊ အစားစားလိုက္တာနဲ႔ ဗိုက္ေအာင့္တာမ်ိဳး ေတြျဖစ္ေနေတာ့ ပုံမွန္မစားေသာက္ျဖစ္ေတာ့ဘဲ ကိုယ္အေလးခ်ိန္ က်ဆင္းလာပါ တယ္။ဘာမွမစားထားဘဲ အခ်ိန္တိုင္းျပည့္အင့္ေနၿပီး အ စားစားခ်င္စိတ္ မရွိတာမ်ိဳး၊ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္းလာ တာ မ်ိဳးေတြျဖစ္လာရင္ ေဆးစစ္သင့္ပါတယ္။(၄) အေရျပားေပၚမွာ ေသြးေၾကာျပတ္ရာေတြ ေပၚလာျခင္း အသည္းမေကာင္းတဲ့အခါ အေရ ျပားေအာက္မွာ ကပ္ရက္ရွိေနတဲ့ ေသြးလႊတ္ေၾကာမွ်ွင္ေလးေတြကို ပ်က္စီးေစႏိုင္တာေၾကာင့္ အေရျပား ေပၚမွာ ေသြးေၾကာျပတ္ရာေလး ေတြ ေပၚလာတတ္ပါတယ္။ရင္ဘတ္၊ လက္၊ လည္ပင္း နဲ႔ မ်က္ႏွာေတြမွာ ေသြးေၾကာျပတ္ရာေတြ ေတြ႕လာ ရင္ အသည္းေရာဂါရွိ/မရွိ အျမန္စစ္ေဆးပါ။

(၅) ေသြးေျခဥလြယ္ျခင္း အသည္းမွာ ျပႆနာတစ္ခုခု ရွိတဲ့အခါ ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြကို ပ႐ိုတင္းေထာက္ပံ့မႈ နည္းသြား ပါတယ္။ အဲ့ဒီအခါ ေသြး ေၾကာမွ်င္ေလးေတြမွာ ေသြးခဲျခင္းျဖစ္လာၿပီး အတြင္းပိုင္းမွာ ေသြးယိုစိမ့္မႈေတြျဖစ္လြယ္ေစပါတယ္။အဲ့ဒီေတာ့ တစ္ခုခုနဲ႔ ထိခိုက္မိတာနဲ႔ ေသြးေျခဥသြားၿပီး လြယ္လြယ္ နဲ႔ မေပ်ာက္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။(၆) ဆီးအေရာင္အရမ္းရင့္ လာျခင္း လူတစ္ေယာက္ထဲမွာေတာင္ ဆီးအေရာင္က အၿမဲတမ္းေတာ့ တူမေနႏိုင္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရာင္ေတြကြဲျပားေနမွာပါ။ ဒါေပမယ့္ အၿမဲတမ္းလိုလို ရွိသင့္တဲ့ အေရာင္ထက္ ရင့္တဲ့အေရာင္ျဖစ္ေနတာမ်ိဳး၊တခါတေလ အညိဳေရာင္၊ လိေမၼာ္ေရာင္ နဲ႔ အဝါေရာင္ရင့္ ရင့္ေတြျဖစ္လာရင္ေတာ့ အသည္းမွာ Bilirubin လို ေခၚတဲ့ ပစၥည္းေတြ အရမ္းပိုလွ်ံေနတာေၾကာင့္လို႔ ေျပာရမွာပါ။

(၇) အေရျပားေပၚမွာ ပုံမွန္ထက္ယားယံျခင္း ေရခ်ိဳးဆပ္ျပာနဲ႔ မတည့္လို႔ပဲျဖစ္ျဖစ္၊ အေရျပားေျခာက္ေသြ႕တာေၾကာင့္ပဲျဖစ္ျဖစ္ ယားယံ တတ္ပါတယ္။ အဲ့ဒါမ်ိဳးက ပုံမွန္ပါ။ ဒါေပမယ့္ ညအိပ္တဲ့အခါ တစ္ကိုယ္လုံး မခံမရပ္ႏိုင္ေအာင္ ယားတာမ်ိဳး၊ အစားအစာေတြ ေတာ္ ေတာ္ မ်ားမ်ားနဲ႔ ဓာတ္မတည့္ျဖစ္လာတာမ်ိဳးေတြ ႀကဳံလာရင္ေတာ့ အသည္းမေကာင္းတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။အသည္းဆိုတာ ခႏၶာကိုယ္ထဲ မွာ အလုပ္ေတြ အမ်ားဆုံးလုပ္ရတဲ့ ကိုယ္တြင္းအဂၤါတစ္ခုျဖစ္ၿပီး အသည္းမွာ ေရာဂါတစ္ခုခုျဖစ္ရင္ လူကို အခ်ိန္တိုအတြင္း ေသဆုံးေစတဲ့ အထိ ျဖစ္ေစႏိုင္ပါတယ္။အသည္းပ်က္စီးလာတဲ့အခါ ေစာေစာသိရင္ ကုသဖို႔ျဖစ္ႏိုင္ေပမယ့္ သိတာေနာက္ က်ခဲ့ရင္ေတာ့ ကုသဖို႔ မလြယ္ ေတာ့ပါဘူး။ ခႏၶာကိုယ္အတြက္ အရမ္းအေရးႀကီးတဲ့ အသည္း မပ်က္စီးခင္မွာ ကုသႏိုင္ေအာင္ အသည္းမွာ ေရာဂါ တစ္ခုခုျဖစ္ရင္ ႀကဳံရ တတ္တဲ့ ေရွ႕ ေျပးလကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

MAY THAZINHTOO

UBICODE

(၁) မျက်လုံးနဲ့အသားအရောင် ဝါလာခြင်း အသားအရေနဲ့ မျက်လုံးတွေ ဝါနေတယ်ဆိုရင် အသည်းက ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ တ ကယ်လို့ တံတွေးတွေကပါ ဝါကျင်ကျင် အ ရောင်ပြောင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်တဲ့ အခြေအနေဖြစ် နေပါ ပြီ။ (၂) ဝမ်းဗိုက်အလွန် ဖောင်းလာခြင်းဝမ်းဗိုက်နေရာက အမြဲလိုလို ဖောင်းနေတယ်၊ နေရထိုင်ရတာလည်း သက်တောင့် သက်သာမရှိဘူး၊ အမြဲလိုလို ပြည့်အင့်တဲ့ခံစားချက်မျိုး ဖြစ်နေတယ်၊ ကိုယ်ဝန်ဆောင်တစ်ယောက်လို့ ထင်ရလောက်အောင် ဝမ်းဗိုက်က ဖောင်းနေ တယ် ဆိုရင်လည်း အသည်းကြောင့် ဖြစ်နိုင် ပါတယ်။အသည်းက သူ့ဆီ ဝင်ရောက်လာတဲ့ အရည်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တဲ့အခါ တခြားအစိတ်အပိုင်းတွေဆီ အရည် တွေရောက်လာပြီး ရောင်ရမ်းခြင်းကိုဖြစ်စေတာပါ။ အသည်းမကောင်းတဲ့အခါ ဝမ်းဗိုက်အပြင် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေပါ ရောင် ရမ်းတတ်ပါတယ်။

(၃) ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်း ဝမ်းဗိုက်က ပြည့်အင့်နေသလိုခံစားချက်မျိုးအမြဲဖြစ်နေပြီး အစားစားချင် စိတ်လည်း မရှိ တာမျိုး၊ အစားစားလိုက်တာနဲ့ ဗိုက်အောင့်တာမျိုး တွေဖြစ်နေတော့ ပုံမှန်မစားသောက်ဖြစ်တော့ဘဲ ကိုယ်အလေးချိန် ကျဆင်းလာပါ တယ်။ဘာမှမစားထားဘဲ အချိန်တိုင်းပြည့်အင့်နေပြီး အ စားစားချင်စိတ် မရှိတာမျိုး၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာ တာ မျိုးတွေဖြစ်လာရင် ဆေးစစ်သင့်ပါတယ်။(၄) အရေပြားပေါ်မှာ သွေးကြောပြတ်ရာတွေ ပေါ်လာခြင်း အသည်းမကောင်းတဲ့အခါ အရေ ပြားအောက်မှာ ကပ်ရက်ရှိနေတဲ့ သွေးလွှတ်ကြောမျှှင်လေးတွေကို ပျက်စီးစေနိုင်တာကြောင့် အရေပြား ပေါ်မှာ သွေးကြောပြတ်ရာလေး တွေ ပေါ်လာတတ်ပါတယ်။ရင်ဘတ်၊ လက်၊ လည်ပင်း နဲ့ မျက်နှာတွေမှာ သွေးကြောပြတ်ရာတွေ တွေ့လာ ရင် အသည်းရောဂါရှိ/မရှိ အမြန်စစ်ဆေးပါ။

(၅) သွေးခြေဥလွယ်ခြင်း အသည်းမှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကို ပရိုတင်းထောက်ပံ့မှု နည်းသွား ပါတယ်။ အဲ့ဒီအခါ သွေး ကြောမျှင်လေးတွေမှာ သွေးခဲခြင်းဖြစ်လာပြီး အတွင်းပိုင်းမှာ သွေးယိုစိမ့်မှုတွေဖြစ်လွယ်စေပါတယ်။အဲ့ဒီတော့ တစ်ခုခုနဲ့ ထိခိုက်မိတာနဲ့ သွေးခြေဥသွားပြီး လွယ်လွယ် နဲ့ မပျောက်တော့တာမျိုးဖြစ်တတ်ပါတယ်။(၆) ဆီးအရောင်အရမ်းရင့် လာခြင်း လူတစ်ယောက်ထဲမှာတောင် ဆီးအရောင်က အမြဲတမ်းတော့ တူမနေနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရောင်တွေကွဲပြားနေမှာပါ။ ဒါပေမယ့် အမြဲတမ်းလိုလို ရှိသင့်တဲ့ အရောင်ထက် ရင့်တဲ့အရောင်ဖြစ်နေတာမျိုး၊တခါတလေ အညိုရောင်၊ လိမ္မော်ရောင် နဲ့ အဝါရောင်ရင့် ရင့်တွေဖြစ်လာရင်တော့ အသည်းမှာ Bilirubin လို ခေါ်တဲ့ ပစ္စည်းတွေ အရမ်းပိုလျှံနေတာကြောင့်လို့ ပြောရမှာပါ။

(၇) အရေပြားပေါ်မှာ ပုံမှန်ထက်ယားယံခြင်း ရေချိုးဆပ်ပြာနဲ့ မတည့်လို့ပဲဖြစ်ဖြစ်၊ အရေပြားခြောက်သွေ့တာကြောင့်ပဲဖြစ်ဖြစ် ယားယံ တတ်ပါတယ်။ အဲ့ဒါမျိုးက ပုံမှန်ပါ။ ဒါပေမယ့် ညအိပ်တဲ့အခါ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားတာမျိုး၊ အစားအစာတွေ တော် တော် များများနဲ့ ဓာတ်မတည့်ဖြစ်လာတာမျိုးတွေ ကြုံလာရင်တော့ အသည်းမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်။အသည်းဆိုတာ ခန္ဓာကိုယ်ထဲ မှာ အလုပ်တွေ အများဆုံးလုပ်ရတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် လူကို အချိန်တိုအတွင်း သေဆုံးစေတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။အသည်းပျက်စီးလာတဲ့အခါ စောစောသိရင် ကုသဖို့ဖြစ်နိုင်ပေမယ့် သိတာနောက် ကျခဲ့ရင်တော့ ကုသဖို့ မလွယ် တော့ပါဘူး။ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတဲ့ အသည်း မပျက်စီးခင်မှာ ကုသနိုင်အောင် အသည်းမှာ ရောဂါ တစ်ခုခုဖြစ်ရင် ကြုံရ တတ်တဲ့ ရှေ့ ပြေးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

MAY THAZINHTOO

Add a Comment

Your email address will not be published. Required fields are marked *