ဘယ်လောက်ဝေးဝေး အမေ စု နဲ့နှလုံးသားချင်း က တစ်ထပ်တည်း ပါလို့ မင်းသားကြီးဦးကျော်သူ ပြောပြီ




Source : Kyaw Thu

Emily (Cele Gabar)

UNICODE

ဦးကျော်သူကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးကလည်း NLD ကိုထောက်ခံအားပေး ကြကြောင်း ဝေဝေဆာဆာမှတ်ချက်တွေ ရေး သားထား ကြတာလည်းတွေ့ရပါတယယ် ။ပရိသတ်ကြီးထဲမှာရော ဦးကျော်သူလို အမေနဲ့နှလုံးသားချင်း ထပ်တူကျတဲ့သူ တွေရှိလား မှတ်ချက်ပေး ခဲ့ပါဦးနော် ။ပရိ သတ်ကြီးရေ ပရ ဟိတ ဖခင်ကြီးလို့တင်စားရလောက်အောင် လူတိုင်းလေးစားချစ်ခင်ရတဲ့ နိုင်ငံ ကျော် မင်းသားကြီး ဦး ကျော်သူကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်နေတာပါ ။

ဒီနေ့ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေအားလုံး ကိုယ်ယုံကြည်ရာပါတီကို အားပေးခဲ့ကြပြီး အနုပညာရှင်တော်တော်များများကတော့ NLD ပါတီကို အားပေးထောက်ခံနေကြတာတွေ့ရပါတယ် ။NLD ပါတီကို ထောက်ခံအားပေးသူတွေ ထဲမှာ ပရဟိတ မင်းသားကြီး ဦး ကျော်သူလည်း အပါဝင်ဖြစ်ပြီး ဟိုးအရင်တုန်းက အမေစုနဲ့ တွေ့ဖြစ်ပေမယ့် နောက် NLD အနိုင်ရပြီးအချိန်ကစပြီး အမေစု နဲ့အတွေ့ကျဲ လာသလို အခုဆိုရင် လုံးဝကို မတွေ့ဖြစ်တော့ဘူးလို့ဆိုလာပါတယ် ။

ဒါပေမယ့်… “မျက်လုံးချင်းဘယ်လောက် ဝေးဝေး… နှလုံးသားချင်းက တစ်ထပ်တည်းပါ” အမေ။ ဆိုတဲ့စာသားလေးနဲ့အတူ အမေစုပုံနဲ့အ တူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

Source : Kyaw Thu

Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *