သမၼတအိမ္ေတာ္ ဝန္ထမ္း(၁)ဦး ကိုဗစ္ပိုးေတြ႕ရၿပီး ဝန္ထမ္းမ်ား ကြာရန္တင္းဝင္ေနရဟု သတင္းထြက္ေပၚေသာ္လည္း အတည္မျပဳႏိုင္ေသး

ဦးေဇာ္ေဌးအပါအဝင္ အတိုင္ပင္ခံ႐ုံးဝန္ထမ္း ၄၈ဦး ကြာရန္တင္းဝင္ေနရသည္ဆိုေသာ ထြက္ေပၚေနသည့္ သတင္းကိစၥ ႏွင့္ ပတ္သက္၍ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိ ပုဂၢိဳလ္မ်ား ျဖစ္သည့္ ေဒါက္တာ ခင္ခင္ႀကီး ႏွင့္ ေဒါက္တာသန္းႏိုင္စိုး တို႔ကို ဆက္ သြယ္ေမးျမန္းခဲ့ရာ အစည္းအေဝးျပဳလုပ္ေနေသာေၾကာင့္ ဖုန္းေျဖၾကားႏိုင္ျခင္း မရွိေသးေၾကာင္းကိုသာ ေျပာဆိုခဲ့သည္ ။က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၏ ယေန႔(စက္တင္ဘာ ၉ရက္) နံနက္ပိုင္း ထုတ္ျပန္ခ်က္တြင္ ထပ္တိုးကိုဗစ္အည္ျပဳ လူနာ ၉၈ အနက္ ေနျပည္ေတာ္၊ ဇဗၺဴသီရိၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာတစ္ဦးပါဝင္လာ ျခင္းျဖစ္သည္။

သမၼတအိမ္ေတာ္ ဝန္ထမ္းတစ္ဦး ကိုဗစ္ ေရာဂါပိုးေတြ႕ရေၾကာင္း ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးၿဖိဳး ေဇယ်ာေသာ္က ေျပာသည္။ယင္းပိုးေတြ႕လူနာ ႏွင့္ ပတ္သက္၍ ဦးေဇာ္ေဌးအပါအဝင္ သမၼတ႐ုံး ႏွင့္ အတိုင္ပင္ခံ႐ုံးဝန္ထမ္း ၄၈ဦး ကြာရန္ တင္းဝင္ေနရေၾကာင္း ေန ျပည္ေတာ္ႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းမွ သတင္းမ်ားထြက္ေပၚေနသည္။ဒီေန႔ ဇဗၺဴသီရိက တစ္ဦးေတြ႕တယ္ ဆိုတဲ့ဟာက အဲ့တာကေတာ့ သမၼတ႐ုံးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ တစ္ေယာက္ဆိုတာကိုေတာ့ အတည္ျပဳေပးႏိုင္ပါတယ္။Q ဝင္ရတဲ့ကိစၥကေတာ့ ကြၽန္ေတာ္တို႔လည္း မသိရွိရေသးပါဘူး” ဟု ဦးၿဖိဳးေဇယ်ာေသာ္က ေျပာၾကားသြားေၾကာင္း သိရသည္။

CRD: ျပည္ျမန္မာ

UNICODE

ဦးဇော်ဌေးအပါအဝင် အတိုင်ပင်ခံရုံးဝန်ထမ်း ၄၈ဦး ကွာရန်တင်းဝင်နေရသည်ဆိုသော ထွက်ပေါ်နေသည့် သတင်းကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်သည့် ဒေါက်တာ ခင်ခင်ကြီး နှင့် ဒေါက်တာသန်းနိုင်စိုး တို့ကို ဆက် သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးပြုလုပ်နေသောကြောင့် ဖုန်းဖြေကြားနိုင်ခြင်း မရှိသေးကြောင်းကိုသာ ပြောဆိုခဲ့သည် ။ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့(စက်တင်ဘာ ၉ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ထပ်တိုးကိုဗစ်အည်ပြု လူနာ ၉၈ အနက် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာတစ်ဦးပါဝင်လာ ခြင်းဖြစ်သည်။

သမ္မတအိမ်တော် ဝန်ထမ်းတစ်ဦး ကိုဗစ် ရောဂါပိုးတွေ့ရကြောင်း နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး ဇေယျာသော်က ပြောသည်။ယင်းပိုးတွေ့လူနာ နှင့် ပတ်သက်၍ ဦးဇော်ဌေးအပါအဝင် သမ္မတရုံး နှင့် အတိုင်ပင်ခံရုံးဝန်ထမ်း ၄၈ဦး ကွာရန် တင်းဝင်နေရကြောင်း နေ ပြည်တော်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းများထွက်ပေါ်နေသည်။ဒီနေ့ ဇဗ္ဗူသီရိက တစ်ဦးတွေ့တယ် ဆိုတဲ့ဟာက အဲ့တာကတော့ သမ္မတရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ တစ်ယောက်ဆိုတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်။Q ဝင်ရတဲ့ကိစ္စကတော့ ကျွန်တော်တို့လည်း မသိရှိရသေးပါဘူး” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသွားကြောင်း သိရသည်။

CRD:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *