ေနာက္ ထပ္ ကပ္ေရာဂါႀကီး မ်ား လာဦးမည္ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕မွ အႀကီး အကဲ သတိေပးၿပီ

ကမာၻ႔ကာကြယ္ေဆး ခြဲတမ္းသတ္မွတ္ခ်က္ အစီအစဥ္ ကိုဗက္စ္မွာ လာေရာက္ပူးေပါင္းဖို႔ အိႏၵိယအစိုးရနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးတို႔ ေဆြးေႏြးေနတယ္လို႔ အႀကံေပး ဘ႐ုစ္အိုင္းဝပ္ဒ္က ေျပာပါတယ္။ ကာကြယ္ေရးအစီအစဥ္ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးနဲ႔ ဂါဗီ ကာကြယ္ ေဆးမိတ္ဘက္အဖြဲ႕တို႔က ဦးေဆာင္ေနၿပီး ကမာၻမွာ ကာကြယ္ေဆး ထိုးေဆးေတြကို ညီညီမွ်မွ် ဝယ္ယူ ျဖန႔္ျဖဴးႏိုင္ေရး ကူညီဖို႔ ရည္မွန္း ထားပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး အေရးေပၚအစီအစဥ္ ၫႊန္မႉးက “ေရာဂါ ကူးစက္မႈကို အင္မတန္ နိမ့္ပါးတဲ့အဆင့္ ေရာက္ေအာင္ ထိန္းႏိုင္ခဲ့လို႔ တ႐ုတ္ကို ခ်ီးက်ဴးတယ္။ ဒါေပမဲ့ အားရေက်နပ္မႈေတာ့ မရွိဘူး”လို႔ သတိေပး ေျပာပါတယ္။

ကမာၻႀကီး ဟာ ေနာက္ထပ္ ကမာၻ႔ကပ္ေရာဂါအတြက္ ပိုေကာင္းေအာင္ ျပင္ဆင္ထားရမယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ အႀကီးအကဲ ေတဒ႐ိုစ္အဒ္ဒါႏြန္ ေဂဘရီေယးဆပ္က စက္တင္ဘာ ၇ ရက္မွာ ေျပာလိုက္ပါတယ္။ ျပည္သူ႔က်န္းမာေရးက႑မွာ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ကို လည္း သူက ႏိုင္ငံေတြကို ေဆာ္ၾသပါတယ္။၂၀၁၉ ဒီဇင္ဘာ က တ႐ုတ္ႏိုင္ငံကေန စတင္ကူးစက္ခဲ့တယ္လို႔ ေဖာ္ထုတ္ထားတဲ့ ကမာၻ႔ကပ္ ေရာဂါေၾကာင့္ ခုေတာ့ လူ ၂၇ ဒသမ ၁၉ သန္းကို ကူးစက္ခဲ့ၿပီး ကူးစက္ခံရသူ ၈၀၈,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီးပါၿပီ။ေတဒ႐ို႕စ္က ဂ်ီနီဗာ႐ုံး ခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ “ဒါဟာ ေနာက္ဆုံး ကပ္ေဘးျဖစ္မွာ မဟုတ္ဘူး။

ကူးစက္မႈေတြ၊ ကမာၻ႔ကပ္ေဘးေတြကို သမိုင္းက က်ေနာ္တို႔ကို သင္ေပးၿပီးၿပီ။ ေနာက္ ကပ္ေဘး လာတဲ့အခါ ကမာၻႀကီးက အဆင္သင့္ရွိ ေန ရမယ္။ ဒီတခါထက္ ပိုၿပီး အဆင္သင့္ ရွိရလိမ့္မယ္” လို႔ ေျပာပါတယ္။တ႐ုတ္ႏိုင္ငံကထုတ္တဲ့ ကာကြယ္ေဆး ဘယ္တမ်ိဳးကိုမဆို ႏိုင္ငံတ ကာ အသိအမွတ္ျပဳမႈရဖို႔ တ႐ုတ္နဲ႔ WHO က ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ လက္ေထာက္ၫႊန္ခ်ဳပ္ မာရီ အိန္ဂ်လာ စီမာအိုက ေျပာပါတယ္။စီႏိုဗက္ ဘိုင္အိုတက္ခ္ ကုမၸဏီကလည္း သူ႔ဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြ ၉၀ ရာခိုင္ႏႈန္းက တ႐ုတ္အ စိုးရရဲ႕ အေရးေပၚ အသုံးျပဳေရး အစီအစဥ္ေအာက္မွာ တီထြင္ထားတဲ့ ကာကြယ္ေဆးကို စမ္းသပ္ထိုးႏွံၿပီးၾကၿပီလို႔ စီႏိုဗက္ ဘိုင္အိုတက္ခ္ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္က ေျပာပါတယ္။

REF: SHWE WIKI

UNICODE

ကမ္ဘာ့ကာကွယ်ဆေး ခွဲတမ်းသတ်မှတ်ချက် အစီအစဉ် ကိုဗက်စ်မှာ လာရောက်ပူးပေါင်းဖို့ အိန္ဒိယအစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့ ဆွေးနွေးနေတယ်လို့ အကြံပေး ဘရုစ်အိုင်းဝပ်ဒ်က ပြောပါတယ်။ ကာကွယ်ရေးအစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဂါဗီ ကာကွယ် ဆေးမိတ်ဘက်အဖွဲ့တို့က ဦးဆောင်နေပြီး ကမ္ဘာမှာ ကာကွယ်ဆေး ထိုးဆေးတွေကို ညီညီမျှမျှ ဝယ်ယူ ဖြန့်ဖြူးနိုင်ရေး ကူညီဖို့ ရည်မှန်း ထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အရေးပေါ်အစီအစဉ် ညွှန်မှူးက “ရောဂါ ကူးစက်မှုကို အင်မတန် နိမ့်ပါးတဲ့အဆင့် ရောက်အောင် ထိန်းနိုင်ခဲ့လို့ တရုတ်ကို ချီးကျူးတယ်။ ဒါပေမဲ့ အားရကျေနပ်မှုတော့ မရှိဘူး”လို့ သတိပေး ပြောပါတယ်။

ကမ္ဘာကြီး ဟာ နောက်ထပ် ကမ္ဘာ့ကပ်ရောဂါအတွက် ပိုကောင်းအောင် ပြင်ဆင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ တေဒရိုစ်အဒ်ဒါနွန် ဂေဘရီယေးဆပ်က စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ကို လည်း သူက နိုင်ငံတွေကို ဆော်သြပါတယ်။၂၀၁၉ ဒီဇင်ဘာ က တရုတ်နိုင်ငံကနေ စတင်ကူးစက်ခဲ့တယ်လို့ ဖော်ထုတ်ထားတဲ့ ကမ္ဘာ့ကပ် ရောဂါကြောင့် ခုတော့ လူ ၂၇ ဒသမ ၁၉ သန်းကို ကူးစက်ခဲ့ပြီး ကူးစက်ခံရသူ ၈၀၈,၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။တေဒရို့စ်က ဂျီနီဗာရုံး ချုပ် သတင်းစာရှင်းလင်းပွဲမှာ “ဒါဟာ နောက်ဆုံး ကပ်ဘေးဖြစ်မှာ မဟုတ်ဘူး။

ကူးစက်မှုတွေ၊ ကမ္ဘာ့ကပ်ဘေးတွေကို သမိုင်းက ကျနော်တို့ကို သင်ပေးပြီးပြီ။ နောက် ကပ်ဘေး လာတဲ့အခါ ကမ္ဘာကြီးက အဆင်သင့်ရှိ နေ ရမယ်။ ဒီတခါထက် ပိုပြီး အဆင်သင့် ရှိရလိမ့်မယ်” လို့ ပြောပါတယ်။တရုတ်နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေး ဘယ်တမျိုးကိုမဆို နိုင်ငံတ ကာ အသိအမှတ်ပြုမှုရဖို့ တရုတ်နဲ့ WHO က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လက်ထောက်ညွှန်ချုပ် မာရီ အိန်ဂျလာ စီမာအိုက ပြောပါတယ်။စီနိုဗက် ဘိုင်အိုတက်ခ် ကုမ္ပဏီကလည်း သူ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ၉၀ ရာခိုင်နှုန်းက တရုတ်အ စိုးရရဲ့ အရေးပေါ် အသုံးပြုရေး အစီအစဉ်အောက်မှာ တီထွင်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံပြီးကြပြီလို့ စီနိုဗက် ဘိုင်အိုတက်ခ်ရဲ့ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *