ကိုဗစ္-19 အႏၲရာယ္က ကာကြယ္ ဖို႔ ဖုန္း နဲ႔ Tablet ေတြကို သန႔္ရွင္းေရး ျပဳလုပ္နည္း

ကိုဗစ္-၁၉ ပိုးဟာ လူသားမ်ား ေန႔စဥ္အသုံးျပဳေနၾကတဲ့ ဖုန္း၊ Tablet နဲ႔ ကြန္ပ်ဴတာေတြ ေပၚမွာ ကပ္ညႇိႏိုင္လို႔ အီလက္ထေရာနစ္ ပစၥည္း ေတြကို ကိုင္တြယ္တဲ့အခါ ျပဳလုပ္ရမယ့္ ေဆာင္ရန္ ေရွာင္ရန္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လူထူထပ္တဲ့ေနရာေရာက္ရင္ ဖုန္းသုံးတာကို တတ္ႏိုင္ သမွ်ေရွာင္ရွားပါ။ ဖုန္းကို အိမ္ထဲမွာသုံးတာထက္ အျပင္မွာသုံးတာက ပိုၿပီး အႏၲရာယ္မ်ားပါတယ္။ လူထူထပ္တဲ့ေနရာေတြ သြားရင္ ဖုန္းထုတ္သုံးတာမ်ိဳးကို သတိထားသင့္ပါတယ္။ အမ်ားသုံးအိမ္သာထဲမွာ ဖုန္း သုံးတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။

(၂) ဖုန္းသန႔္ရွင္းေရးလုပ္ရင္ ပလပ္ျဖဳတ္ထားပါ။ ဖုန္း၊Tablet ေတြကို အားသြင္းၿပီး သန႔္ရွင္းေရးမလုပ္မိဖို႔အေရးႀကီးပါတယ္။ သန႔္ရွင္းေရး ေၾကာင့္ ျဖစ္လာမယ့္ ေရေငြ႕႐ိုက္တာနဲ႔ ေရွာ့ဖ္ျဖစ္တာေတြကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

(၃) ဖုန္းနဲ႔Tablet ေတြကို သန႔္ရွင္းေရး လုပ္တဲ့ အခါ တစ္ရႈးေတြကို မသုံးပါနဲ႔။ တစ္ရႈးေတြက ဖုန္းမ်က္ႏွာျပင္ကို အစင္းထင္ႏိုင္ပါတယ္။ ျဖစ္ ႏိုင္ရင္ ဂြမ္းစ သို႔ ပိတ္စတစ္ခုသုံးၿပီး သန႔္ရွင္းေရးလုပ္ေစ ခ်င္ပါတယ္။

(၃) လက္သန႔္ေဆးသုံးရင္ စက္ထဲ မဝင္ေအာင္ ဂ႐ုစိုက္ပါ။ မွန္သုတ္ေဆးေတြကို ဖုန္းကို ျဖန္းၿပီး မသုတ္ပါနဲ႔။ ေရေငြ႕မဝင္ေအာင္ အဝတ္ တစ္ခုကို ၾကားခံၿပီး သုတ္ေစခ်င္ပါတယ္။ အျပင္းစား သန႔္စင္ေဆးေတြနဲ႔လည္း ဖုန္းမ်က္ႏွာျပင္ကို သန႔္ရွင္းေရးမလုပ္ပါနဲ႔။

(၄) ဖုန္းကာဗာေတြကို ေရေႏြးနဲ႔ ေဆးေပးပါ။ ဖုန္းကာဗာေတြမွာ ပိုးေတြကပ္ညႇိႏိုင္လို႔ ကာဗာေတြေဆးတဲ့အခါ ေရေႏြးအနည္းငယ္ထည့္ၿပီး အဝတ္သန႔္သန႔္နဲ႔ေဆးသင့္ပါတယ္။ ေဆးၿပီးတဲ့အခါ ေရကို ကုန္စင္ေအာင္သုတ္ၿပီး အေျခာက္ခံၿပီးမွ တပ္ဆင္ပါ။

(၅) ဖုန္းနဲ႔ Tablet ေတြကို ေဆးေၾကာၿပီး တဲ့ အခါလက္ကို စင္ၾကယ္ေအာင္ေဆးဖို႔ လိုအပ္ပါတယ္။

Ref – Wiki How

UNICODE

ကိုဗစ်-၁၉ ပိုးဟာ လူသားများ နေ့စဉ်အသုံးပြုနေကြတဲ့ ဖုန်း၊ Tablet နဲ့ ကွန်ပျူတာတွေ ပေါ်မှာ ကပ်ညှိနိုင်လို့ အီလက်ထရောနစ် ပစ္စည်း တွေကို ကိုင်တွယ်တဲ့အခါ ပြုလုပ်ရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူထူထပ်တဲ့နေရာရောက်ရင် ဖုန်းသုံးတာကို တတ်နိုင် သမျှရှောင်ရှားပါ။ ဖုန်းကို အိမ်ထဲမှာသုံးတာထက် အပြင်မှာသုံးတာက ပိုပြီး အန္တရာယ်များပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားရင် ဖုန်းထုတ်သုံးတာမျိုးကို သတိထားသင့်ပါတယ်။ အများသုံးအိမ်သာထဲမှာ ဖုန်း သုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။

(၂) ဖုန်းသန့်ရှင်းရေးလုပ်ရင် ပလပ်ဖြုတ်ထားပါ။ ဖုန်း၊Tablet တွေကို အားသွင်းပြီး သန့်ရှင်းရေးမလုပ်မိဖို့အရေးကြီးပါတယ်။ သန့်ရှင်းရေး ကြောင့် ဖြစ်လာမယ့် ရေငွေ့ရိုက်တာနဲ့ ရှော့ဖ်ဖြစ်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၃) ဖုန်းနဲ့Tablet တွေကို သန့်ရှင်းရေး လုပ်တဲ့ အခါ တစ်ရှုးတွေကို မသုံးပါနဲ့။ တစ်ရှုးတွေက ဖုန်းမျက်နှာပြင်ကို အစင်းထင်နိုင်ပါတယ်။ ဖြစ် နိုင်ရင် ဂွမ်းစ သို့ ပိတ်စတစ်ခုသုံးပြီး သန့်ရှင်းရေးလုပ်စေ ချင်ပါတယ်။

(၃) လက်သန့်ဆေးသုံးရင် စက်ထဲ မဝင်အောင် ဂရုစိုက်ပါ။ မှန်သုတ်ဆေးတွေကို ဖုန်းကို ဖြန်းပြီး မသုတ်ပါနဲ့။ ရေငွေ့မဝင်အောင် အဝတ် တစ်ခုကို ကြားခံပြီး သုတ်စေချင်ပါတယ်။ အပြင်းစား သန့်စင်ဆေးတွေနဲ့လည်း ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေးမလုပ်ပါနဲ့။

(၄) ဖုန်းကာဗာတွေကို ရေနွေးနဲ့ ဆေးပေးပါ။ ဖုန်းကာဗာတွေမှာ ပိုးတွေကပ်ညှိနိုင်လို့ ကာဗာတွေဆေးတဲ့အခါ ရေနွေးအနည်းငယ်ထည့်ပြီး အဝတ်သန့်သန့်နဲ့ဆေးသင့်ပါတယ်။ ဆေးပြီးတဲ့အခါ ရေကို ကုန်စင်အောင်သုတ်ပြီး အခြောက်ခံပြီးမှ တပ်ဆင်ပါ။

(၅) ဖုန်းနဲ့ Tablet တွေကို ဆေးကြောပြီး တဲ့ အခါလက်ကို စင်ကြယ်အောင်ဆေးဖို့ လိုအပ်ပါတယ်။

Ref – Wiki How

Add a Comment

Your email address will not be published. Required fields are marked *