အချိန်တိုင်းဆွဲဆောင်မှုရှိပြီး လူငယ်လေး တစ်ယောက်လို နုဖတ်လှပနေတဲ့ အိချောပို





UNICODE

အခုအခါမှာ မင်းသမီးလေးအိချောပိုက လူငယ်ဆန်ဆန် ဖက်ရှင်လေးဝတ်ဆင်ထားလို့ အရမ်း ချစ်စရာကောင်းနေပြီး တစ်မျိုးလေးလှနေ တာဖြစ်ပါတယ်။အိချောပိုကတော့ ပြီးပြည့်စုံတဲ့ အလှတရားပိုင်ရှင်လေးဖြစ်လို့ ဖက်ရှင်တိုင်းနဲ့လိုက်ဖက်ပြီး အမြဲ‌ဆွဲဆောင်မှု ရှိနေတာပါ နော်။ ဆယ်ကျော်သက်အရွယ်လေး လို နုဖတ်ပျိုမျစ်ပြီး ညှို့အား ပြင်းနေတဲ့ အိချောပိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန် လည်မျှဝေပေးလိုက်ပါတယ်နော်။

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး‌ချောလေး အိချောပိုဟာ ဆိုရင်လည်းပဲ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အ များအပြားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အိချောပိုကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သူမရဲ့လှုပ် ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလေ့ ရှိပါတယ်။ အိချောပိုက ယောက်ျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေး မှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ယခုCovid 19 ကာလအတွင်းမှာတော့ အိချောပိုက ကြော်ငြာလေးတွေ ကိုသာ အနည်းအကျဉ်း ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိသတ် တွေနဲ့မဝေးကွာသွားအောင်လည်း သူမရဲ့ Tik Tok လေးတွေနဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလေ့ ရှိပါ တယ်နော်။အိချောပိုရဲ့အလှအပတွေကတော့ နေ့တိုင်းမြင် နေရပေမယ့် မရိုးသွားနိုင်ဘဲ ပိုပိုပြီးဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။

Source: Ei Chaw Po’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *