အလန်းစား ဖက်ရှင်လေးကို ဝတ်ဆင်ပြီး အသည်းယားစရာ အမူအရာလေးတွေ နဲ့ အထာကျကျ ပို့စ်ပေးနေတဲ့ ယဉ်လက်





Source – Yin Let fb page

UNICODE

မင်းသမီးချောလေး ယဉ်လက်ဟာလွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင် ဒီဇိုင်းလေးကလည်း သူမနဲ့ လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။ ပရိသတ်တွေလည်း တစ်နေ့တခြားပိုပြီး ချစ်စရာကောင်းလာတဲ့ ယဉ်လက်ရဲ့ ပုံရိပ်လေးတွေကိုတော့ သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ကဲ..မင်းသမီးချောလေး ယဉ်လက် ရဲ့ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ယဉ်လက်ကတော့ အက်ရှင်ဇာတ်ကားတွေမှာ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်တဲ့ ဖိုက်တာမင်းသမီးလေးတစ်ယောက်အနေနဲ့ ပရိသတ် တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာ ဇာတ်ရုပ်ကို သဘာဝ ကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ယဉ်လက်က အနုပညာ အလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခေတ္တရပ်နားထားတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် သူ မက ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်သွားအောင်လည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မင်းသမီးချောလေး ယဉ်လက် က ပရိသတ်တွေအတွက် သူမရဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ယဉ်လက်က ဘိုဆန်တဲ့ အလှတရားတွေ နဲ့ အထာကျကျ ပို့စ်ပေးနေပြီး ပရိသတ်တွေ ချစ်အားပိုအောင် ညို့အား ပြင်းပြင်းနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

Source – Yin Let fb page

Add a Comment

Your email address will not be published. Required fields are marked *