(၇) ရက္သားသမီး မ်ားအတြက္(၁)ပတ္စာ ကံၾကမၼာ ေဟာစာတမ္း 10.9.2020 မွ 16.9.2020

စေန

ဒီကာလအတြင္းမိမိပိုင္ေငြမ်ား သူမ်ားကိုအပ္ထားတာမ်ိဳးမလုပ္ပါနဲ႔။ အလြဲသုံးစားလုပ္ျခင္းမ်ိဳးခံ ရတတ္ပါ တယ္။ မိမိကိုယ္တိုင္ အမွားမ လုပ္မိဖို႔လိုပါတယ္။ ျပႆနာေတြကို ေရွာင္းေျပးေနတာထက္ရင္ဆိုင္ေျဖရွင္းလိုက္ တာမ်ိဳးကပိုသင့္ေလ်ာ္ပါတယ္။ မိမိစိတ္ကူးပုံေဖာ္ ထား သလိုျဖစ္လာဖို႔ အခ်ိန္ေပးရအုံး မွာပါ။ မိမိကံ အလြန္ ညံ့ေန ေသာေၾကာင့္ အစစသတိထားလုပ္ေဆာင္ပါ။ သူတပါးတို႔ အမႈျပႆနာမ်ား ကို မလိုအပ္ဘဲ ဝင္မပါသင့္ပါ။။ မိသားစု အတြင္းရန္ အနည္းငယ္ရွိေနမည္။အလုပ္မွာ ဖိအားေတြ ေၾကာင့္မေပ်ာ္႐ႊင္တာမ်ိဳးရွိရင္ေတာ့ တတ္ ႏိုင္သ၍သည္းခံ ေစခ်င္ပါတယ္။ လူငယ္မ်ားဖခင္နဲ႔အတိုက္အခံျဖစ္ၿပီး ဝမ္းနည္းေၾကကြဲမႈေတြခံစားရတတ္ပါလိမ့္မယ္။

ဘာသာျခား, လူမ်ိဳးျခားမ်ားႏွင့္ ဆက္ဆံေရး အဆင္မေျပျဖစ္တတ္႐ုံမွအပ မိတ္ေကာင္းေဆြေကာင္း တိုးပြားလာလိမ့္မည္။ က်န္းမာေရး ကေတာ့မိမိအေနနဲ႔အလႈပ္အရွားမ်ားေလက်န္းမာ ေရး ညံ့ေလပါပဲ။ အာ႐ုံေၾကာအားနည္းတဲ့ေဝဒနာ မ်ိဳး ခံစားရတတ္ပါတယ္။ အိမ္ေထာင္ ေရးကံမွာေတာ့ အိမ္မကပ္တဲ့ အိမ္ ေထာင္ဘက္ေၾကာင့္ စိတ္ညစ္ရတတ္ ပါတယ္။ အခ်စ္ေရးကံကေတာ့ အရမ္းကံေကာင္းေနတဲ့အခ်ိန္ပါ။ ခ်စ္သူရဲ႕ အလိုလိုက္ျခင္းကိုခံရတတ္ပါတယ္။ ပညာေရးကံ က မိမိရဲ႕ ဉာဏ္ဝီရိယကိုပဲ အားကိုးရမွာပါ။ ကံကမေပးေသးပါဘူး။ အက်ိဳးေပး ဂဏန္း ၁/၆/၉အထူးေဟာ ကံညံ့ေနတတ္တဲ့ကာလပါပဲ။ယၾတာ အုန္းသီးတစ္လုံးကို ခြဲၿပီး အုန္းေရေရာ၊အုန္းသီးစိပ္ေရာ ဘုရားကပ္ပါ။

တနဂၤေႏြ

ဒီကာလအတြင္း အေတြးအေခၚရင့္က်က္ဖို႔လိုပါတယ္။ ဘယ္အလုပ္လုပ္ကိုပဲ လုပ္ကိုင္ေဆာင္႐ြက္သည္ျဖစ္ ေစ ဉာဏ္ႀကီးႀကီးထားၿပီး လုပ္ေစခ်င္ပါတယ္။ အလုပ္ေျပာင္း၊ေနရာေျပာင္း၊အိုးအိမ္ေျပာင္းေတြႀကဳံေနရတတ္ပါ တယ္။ ေငြေၾကးနဲ႔ ပက္သက္ၿပီး မိသားစုဝင္ေတြနဲ႔ စကား မ်ားရကိန္းမ်ိဳးႀကဳံရတတ္ပါတယ္။ ဇိမ္ခံပစၥည္းတစ္ခုခုဝယ္ ဖို႔စဥ္းစားေနရင္ေတာ့ ဒီကာလအတြင္းဝယ္လိုက္တာက အထူးေကာင္း ပါတယ္။ ပီယဝါစာစကားေတြကိုသာေ႐ြးခ်ယ္ ေျပာတတ္မွပဲ အဆင္ေျပတတ္ပါတယ္။တတ္ႏိုင္သမွ်ဘယ္သူနဲ႔မွ ဆန႔္က်င္ဘက္ အတိုက္ အခံေတြမလုပ္သင့္တဲ့ အခ်ိန္ပါပဲ။မိတ္ေဆြေကာင္းေတြနဲ႔ အဆက္အသြယ္မရတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ေငြေၾကးစတင္စုေဆာင္းျခင္း ေတြကို ဒီကာလမွာစတင္ေဆာင္႐ြက္ပါ။ ကပ္ေရာဂါေၾကာင့္ အလုပ္ပါးေနသူမ်ားတတ္ႏိုင္သမွ် မိမိကိုးကြယ္ တဲ့ ဘာသာေရးကို ပိုမိုက်င့္ႀကံလုပ္ကိုင္ပါ။ေရာင္းခ်င္ေနတဲ့ အိုးအိမ္ေတြေရာင္းထြက္သြားတတ္ပါတယ္။လူငယ္မ်ား စန္းအားေကာင္းၿပီး ခ်စ္သူရဲ႕အလိုလိုက္ျခင္းခံရတတ္ပါတယ္။က်န္းမာေရးကေတာ့ ေရာဂါေခါင္းစဥ္တပ္ မရေပမယ့္ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။ အိမ္ ေထာင္ေရး အညံ့အဆိုးမရွိသေလာက္နည္းပါတယ္။ ပညာရွာေနသူမ်ား ရပ္ေဝး၊အြန္လိုင္းကေန ပညာရွာရတတ္ပါတယ္။ အက်ိဳးေပးဂ ဏန္း ၁/၅/၉ ၊အထူးေဟာ ကံအေကာင္းအဆိုးဒြန္တြဲလ်က္ပါပဲ။ ယၾတာ ငွက္ေပ်ာ္သီးကိုေဖ်ာ္ရည္လုပ္ၿပီး ဘုရားကပ္လႉေပးပါ။

တနလၤာ

ဒီကာလအတြင္းမိမိအက်ိဳးစီးပြားနဲ႔ပက္သက္ၿပီး အဘက္ဘက္ကကံေကာင္းေနပါလိမ့္မယ္။လုပ္ငန္းစီးပြား ေတြတိုးတတ္လာႏိုင္ တဲ့ကာလ ပါပဲ။ စိတ္တည္ၿငိမ္စြာ လုပ္ေဆာင္ရန္ ခဲယဥ္းေသာ္လဲ အေကာင္းဘက္သို႔ ေျပာင္းလဲ လာမည္။ဝန္ထမ္းမ်ားလဲ လစာတိုးျခင္း ၊ေဘာက္ဆူး ရျခင္းမ်ိဳးႀကဳံရတတ္ပါတယ္။ မိတ္ ေကာင္း ေဆြေကာင္းေတြရဲ႕ အကူအညီေတြအမ်ားႀကီးရတတ္ပါတယ္။ စကားခ်ိဳတဲ့သူေတြ ဒီကာလ အတြင္း ကံပို ေကာင္းတတ္ပါတယ္။ ဆဲေရး တိုင္းထြာတတ္သူမ်ား အဆင္မေျပတာမ်ိဳး ႀကဳံရပါလိမ့္မယ္။ေငြကံလဲေကာင္းေနပါ လိမ့္မယ္။ မိသားစုနဲ႔ အလည္ ခရီးမ်ိဳးသြားရတတ္ပါတယ္။အခ်ိန္ကိုစီမံခန႔္ခြဲၿပီးအက်ိဳးရွိေအာင္ အသုံးခ်တတ္ရင္ ပိုေကာင္းမဲ့ ကာလ ပါပဲ။

မိမိကံ တိုးတက္ ေကာင္းမြန္ေနမည္။အေတြးအေခၚ အႀကံအစည္မ်ား အဆင္ေျပေနေသာ္လဲ လုပ္ငန္းဆိုင္ရာ ေငြေၾကး ဆိုင္ရာ ကိစၥမ်ား၌ မေရမရာ စိန္ေခၚမႈမ်ား ဆက္ရွိေနဦးမည္။ က်န္းမာေရးကေတာ့ အေတာ္ေလးေကာင္းလာပါၿပီ၊ ေျခေခ်ာ္လဲတာမ်ိဳး ျဖစ္ပြားတတ္တဲ့အ တြက္ အသြားအလာသတိရွိေစ ခ်င္ပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ဘက္ ကိုနားပူနားဆာ သိပ္မလုပ္ပါနဲ႔။ အခ်စ္ ေရးမွာ ခ်စ္သူ ထံမွ လက္ေဆာင္ရတတ္ပါတယ္။ ပညာေရးကေတာ့ ‘သင့္’ အေနအထားမ်ိဳးရွိပါတယ္။ အက်ိဳးေပးဂဏန္း ၇/၄/၈ ။ အထူးေဟာ အေတြး ေတြစိတ္ကူးေတြသစ္ဆန္းေနပါလိမ့္မယ္။ ယၾတာ ဦးထုပ္အစုတ္၊ေခါင္းမွာထိုးတဲ့ကလစ္၊ဘီးကုပ္အပ်က္ေတြရွိရင္ စြန႔္ပစ္လိုက္ပါ။

အဂ္ါ

ဒီကာလမွာေလာကီကိစၥေတြကို စိတ္ကုန္ေနမိတတ္ပါတယ္။ သံေဝဂဉာဏ္ေတြရင္ထဲျဖစ္ေနတတ္တယ္။ ေလာကီ ထက္ေလာကုတၱရာ အက်ိဳးစီးပြားက ပိုမိုအက်ိဳးျဖစ္ထြန္းေနတတ္ပါတယ္။ တရားရွာေနသူေတြအတြက္ေတာ့အသိ ထူးအျမင္ထူးေတြ ရတတ္ပါတယ္။ ခရီးယာ ယီသြားရတတ္ပါတယ္။ ရပ္ေဝးသြားၿပီးအလုပ္လုပ္ေနသူမ်ား ဟိုေရာက္ ရင္အဆင္မေျပျဖစ္ရတတ္ပါတယ္။ ေလာဘတႀကီးေငြရွာျခင္း၊ မတရားနည္းျဖင့္ စီးပြားရွာျခင္းမ်ား ဒီကာလမွာဒုကၡ ေရာက္တတ္ပါတယ္။အလုပ္အကိုင္၌ အပူေသာက ႀကဳံရတတ္သလို အေပ်ာ္ကိစၥမ်ား အတြက္ ေငြအသုံးမ်ားသြား ျခင္းလဲ ျဖစ္ကိန္းရွိသည္။ မေရာက္ဖူးတဲ့ေဒသေတြမွာ လမ္းေဘးအေပါ့ အေလးသြားျခင္း၊ စကားမဆင္ျခင္ျခင္း ႏွင့္ ပတ္သက္သည့္ ကိစၥမ်ားတြင္ သတိထားလုပ္ေဆာင္ပါ။

နတ္ကိုင္တာမ်ိဳးခံရတတ္ပါတယ္။ လက္ထဲေငြ မကိုင္ထား ပါနဲ႔။ ေငြလက္ထဲထားရင္ အေဟာသိကံ ကုန္သြားတတ္လို႔ပါ။ က်န္းမာေရးက ေတာ့ အနည္းငယ္ျခဴ ျခာေန တတ္ပါ တယ္။ မိမိအေကာင္အထည္ေဖာ္မဲ့ကိစၥ ေတြကို တားျမစ္မဲ့ သူေတြရွိေနတတ္ပါတယ္။ အခ်စ္ေရးကံ ကေတာ့ ခ်စ္သူကမိမိကို စိတ္သိပ္မပါသလိုျဖစ္ ေနတတ္ပါတယ္။မိမိကျပႆနာရွာရင္ျပတ္သြားသည္အထိျဖစ္ရတတ္ပါ တယ္။ ပညာ ေရးအထူးေကာင္းပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ဘက္နဲ႔ခြဲရတတ္ပါတယ္။နီးေန သူေတြက လဲ တက်က္က်က္ စကားမ်ားေန တတ္ပါတယ္။အက်ိဳးေပးဂဏန္း ဝ/၃/၆။အထူးေဟာ အလုပ္အကိုင္အခြင့္အလမ္းေကာင္းမည္။ယၾတာ ဖေယာင္းတိုင္ တစ္ထုပ္ရဟန္း တစ္ပါးကို ေလာင္းလႉလိုက္ပါ။

ဗုဒၶဟူး၊ရာဟု

ဒီကာလအတြင္းအခက္အခဲျပႆနာမ်ားကိုေကာင္းစြာ ေျဖရွင္း ေက်ာ္လႊားႏိုင္လိမ့္မည္။ဒါေပမယ့္သတိထားဖို႔က ျပႆနာရွိေသာ သူတ ပါးအလုပ္တာဝန္မ်ားကို မိမိ ဝင္ကူရာမွ မိမိ၌ ဒုကၡေတြ႕ကိန္းရွိသည္။ နည္းနည္းေတာ့ စိတ္ ပင္ပန္း ရပါလိမ့္မယ္။ စိတ္ဖိစီးမႈေတြမ်ားေန ပါလိမ့္မယ္။ အလုပ္ခြင္ မွာတာဝန္ႀကီးႀကီး ယူထားရသူမ်ား complain ဆိုတာမ်ိဳးလဲရွင္းရ တတ္ပါတယ္။ ကံမညံ့ေပမဲ့ တာဝန္ေတြ ပိေန တာ မ်ိဳးေၾကာင့္ အလုပ္ မ်ားရတတ္တဲ့ကာလေပါ့ဗ်။ဘယ္လိုအခက္ အခဲ ႀကဳံႀကဳံ ရင္ဆိုင္ေျဖရွင္းႏိုင္ၿပီးေနာက္ဆုံးေျပလည္သြားတတ္ပါ တယ္။ ေငြကုန္ေၾကးက်မ်ား တတ္ပါတယ္။ ဝယ္စရာရွိတာေၾကာင့္ စုထားေဆာင္းထားတဲ့ေငြေလးေတြထုတ္သုံးရ တတ္ပါတယ္။

က်န္းမာေရး အတြက္ ေတာ့ အနည္းငယ္ပူပန္ေနရပါလိမ့္မယ္။မထင္မွတ္ဘဲ က်န္းမာေရးညံ့သြား တတ္ပါတယ္။ ဖ်ားတာနာတာ မ်ိဳး၊ ေခါင္းမူးေခါင္းကိုက္ျခင္းမ်ား ႀကဳံေတြ႕ရကိန္းရွိသည္။ အိမ္တြင္းေရး ျပႆနာေပၚျခင္းရွိေနတတ္ ပါတယ္။အိမ္တြင္းေရး၊ အိမ္ေထာင္ေရး မ်ား ပုံမွန္အတိုင္း အဆင္ေျပေနမည္။ အလုပ္ေျပာင္းဖို႔ ေနရာေျပာင္းဖို႔ ႀကိဳးစား ေနသူ မ်ားဒီ ကာလမွာအဆင္ေျပသြားတတ္ပါတယ္။ အခ်စ္ေရးကံမွာေတာ့ ခ်စ္သူနဲ႔အေနေဝးေနရပါလိမ့္မယ္။ ပညာေရး ကေတာ့ မိမိနဲ႔အနီးအနားထက္ အေဝးမွာ ပညာသြားရွာသူမ်ားပိုမို ကံေကာင္းတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၇/ဝ/၄။အထူးေဟာ ကိစၥမ်ားေနတတ္ပါတယ္။ယၾတာ အိမ္ကဘုရားေဆာင္အား ရွင္းလင္း ျခင္း၊ ေရသပၸာယ္ျခင္းမ်ိဳးျဖင့္ ကုသိုလ္ယူပါ။

ၾကာသပေတး

ဒီကာလအတြင္း မိမိကံ အေကာင္းထဲသို႔ ေရာက္လာၿပီ၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ား သိသိသာသာ တိုး တက္ ေကာင္းမြန္မည္။ သို႔ ေသာ္ ေငြေၾကး မနစ္နာသင့္ဘဲ နစ္နာကိန္းရွိသည္။ မိမိအေနနဲ႔ အလုပ္နဲ႔ပက္သက္ေသာခရီး မ်ိဳး ၊မိသားစုေဆြမ်ိဳးနဲ႔ပက္သက္ေသာ ခရီး မ်ိဳးသြား ရဖို႔ႀကဳံရတတ္ပါ တယ္။ အလုပ္စီးပြားကလဲ လမ္းေဟာင္း အတိုင္း မလိုက္ဘဲ လမ္းသစ္ထြင္ရမဲ့ကာလပါပဲ။ အရင္နဲ႔ မတူတဲ့ ဖန္ တီးမႈ အသစ္တစ္ခုလုပ္ၾကည့္ပါ။ ႏိုင္ငံရပ္ျခားနဲ႔ ပက္သက္ဆက္ႏြယ္ေသာကိစၥမ်ား အထူးေကာင္းပါတယ္။ ႏိုင္ငံျခားသြား မည့္သူမ်ား အ ခြင့္အလမ္းေကာင္းေတြ ေပၚလာ တတ္ပါတယ္။ ေဆြမ်ိဳးထက္ တစ္စိမ္းတစ္ရံေတြနဲ႔ တြဲဖက္လုပ္ကိုင္ ေသာစီးပြားေရးမ်ား အက်ိဳးအျမတ္ မ်ား တတ္ပါတယ္။ ကား, အလွအပ, ေရထြက္ပ စၥည္းဆိုင္ရာအလုပ္မ်ား အနည္းငယ္ညံ့မည္။

မိတ္ေဆြမ်ား၏ အခက္အခဲကို မိမိက ကူညီေပးေနရမည္။ က်န္းမာေရးကေတာ့ ဂ႐ုစိုက္ သင့္တဲ့ကာလ ပါပဲ။ ဝမ္းပ်က္တာ၊ ဝမ္းေလွ်ာတာ မ်ိဳး ျဖစ္တတ္ပါ တယ္။ ယင္နားစာမ်ား မစားမိပါေစနဲ႔။ လူမႈေရးနဲ႔ပက္သက္ေသာ ကိစၥ မ်ားလဲႀကဳံရတတ္ပါတယ္။ ေ႐ႊထြက္တတ္ပါ တယ္။ အခ်စ္ေရးကံကေတာ့ ခ်စ္သူက မိမိကအဆက္အသြယ္ မလုပ္တာမ်ိဳး ႀကဳံေတြ႕ရတတ္ ပါ တယ္။ ပညာေရးက ေတာ့ ဘာသာစကား နဲ႔ပက္သက္ေသာပညာမ်ိဳးရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၇/၃/၉။အထူးေဟာ စိတ္မၾကည္လင္ျဖစ္ရတတ္ပါတယ္။ယၾတာ ေျမာင္း ေတြပိတ္ဆို႔ေနတာေတြ႕ရင္ ေရစီးေရလာေကာင္းေအာင္ျပဳလုပ္ေပးလိုက္ပါ။

ေသာၾကာ

မိမိလိုခ်င္တဲ့ကိစၥေတြမိမိျဖစ္ခ်င္တဲ့ကိစၥေတြအနည္းငယ္ဝီရိယစိုက္ထုတ္ယုံနဲ႔ အဆင္ေျပသြားတတ္ပါ တယ္။ သားသမီးေတြကို အေကာင္း ဆုံးပံ့ပိုးေပးႏိုင္မဲ့ကာလပါပဲ။ ရင္းႏွီးလုပ္ကိုင္ထားေသာ လုပ္ငန္းမ်ားမွ အျမတ္အစြန္း သိသိသာသာ ထြက္ေပၚမည္။ စီးပြားေရးနဲ႔ပက္သက္ တဲ့ နည္းနာေတြအတိုင္း ႀကိဳးစား အားထုတ္လွ်င္ ထူးျခား ေကာင္းမြန္တိုးတတ္မႈမ်ားကို သိသိသာသာ ခံစားရမည္။ အေကာင္း၊အဆိုး ေလာကဓံမ်ား မိမိမေမွ်ာ္လင့္ထားဘဲ ႐ုတ္တရက္ ႐ုတ္တရက္ ႀကဳံေတြ႕ေနမည္။မိမိ၏ လူႀကီးမိဘ သားသမီးမ်ား က်န္းမာေရး အညံ့ ေတြ႕ ရတတ္သည္။ အိမ္ေထာင္ဘက္ျဖစ္သူ ႏွင့္ပတ္သက္၍ စိတ္ သေဘာထားကြဲလြဲေစတတ္ကာမူစိတ္ခ်မ္းသာရာရမည္။

အိမ္ေထာင္ ေရးကံ အသင့္အတင့္ ေကာင္းသည္။ ကိုယ္တိုင္လုပ္ေနေသာ လုပ္ငန္းမွ ေအာင္ျမင္ျခင္း, အျမတ္ အစြန္း သိသာစြာ ေပၚျခင္းတို႔ ႀကဳံမည္။ မိတ္ေဆြမ်ား၏ အကူအညီကို ေကာင္းစြာရဦးမည္။ အပူအစပ္လြန္ကဲစြာ စားမိရာမွ ေနထိုင္ မေကာင္းျခင္း, မအီမသာျဖစ္ျခင္း ႀကဳံကိန္းရွိသည္။ခ်စ္မႈေရးရာ၌ ခုတမ်ိဳး ေတာ္ၾကာတမ်ိဳး ျဖစ္မည္။ ခ်စ္သူ မရွိေသးသူမ်ားကေတာ့ စန္းပြင့္ၿပီး ဖူးစာဖက္ႏွင့္ေတြ႕ရသည္ အထိ စန္းအားေကာင္းေနတတ္ပါတယ္။ပညာေရးမွာ ေတာ့ အားရစရာေကာင္းတဲ့အေနအထားကိုေတြ႕ရပါတယ္။အက်ိဳးေပးဂဏန္း ၃/ ဝ/၇အထူးေဟာ စိတ္ညစ္စရာေတြေလ်ာ့ပါးသြားတတ္ပါတယ္။ ယၾတာ ႏွင္းဆီအနီ ၃ပြင့္ ဘုရားကပ္လႉေပးပါ။

ဆရာၿငိမ္းေအးလူ-ေဗဒင္သုေတသီ

UNICODE

စနေ

ဒီကာလအတွင်းမိမိပိုင်ငွေများ သူများကိုအပ်ထားတာမျိုးမလုပ်ပါနဲ့။ အလွဲသုံးစားလုပ်ခြင်းမျိုးခံ ရတတ်ပါ တယ်။ မိမိကိုယ်တိုင် အမှားမ လုပ်မိဖို့လိုပါတယ်။ ပြဿနာတွေကို ရှောင်းပြေးနေတာထက်ရင်ဆိုင်ဖြေရှင်းလိုက် တာမျိုးကပိုသင့်လျော်ပါတယ်။ မိမိစိတ်ကူးပုံဖော် ထား သလိုဖြစ်လာဖို့ အချိန်ပေးရအုံး မှာပါ။ မိမိကံ အလွန် ညံ့နေ သောကြောင့် အစစသတိထားလုပ်ဆောင်ပါ။ သူတပါးတို့ အမှုပြဿနာများ ကို မလိုအပ်ဘဲ ဝင်မပါသင့်ပါ။။ မိသားစု အတွင်းရန် အနည်းငယ်ရှိနေမည်။အလုပ်မှာ ဖိအားတွေ ကြောင့်မပျော်ရွှင်တာမျိုးရှိရင်တော့ တတ် နိုင်သ၍သည်းခံ စေချင်ပါတယ်။ လူငယ်များဖခင်နဲ့အတိုက်အခံဖြစ်ပြီး ဝမ်းနည်းကြေကွဲမှုတွေခံစားရတတ်ပါလိမ့်မယ်။

ဘာသာခြား, လူမျိုးခြားများနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်တတ်ရုံမှအပ မိတ်ကောင်းဆွေကောင်း တိုးပွားလာလိမ့်မည်။ ကျန်းမာရေး ကတော့မိမိအနေနဲ့အလှုပ်အရှားများလေကျန်းမာ ရေး ညံ့လေပါပဲ။ အာရုံကြောအားနည်းတဲ့ဝေဒနာ မျိုး ခံစားရတတ်ပါတယ်။ အိမ်ထောင် ရေးကံမှာတော့ အိမ်မကပ်တဲ့ အိမ် ထောင်ဘက်ကြောင့် စိတ်ညစ်ရတတ် ပါတယ်။ အချစ်ရေးကံကတော့ အရမ်းကံကောင်းနေတဲ့အချိန်ပါ။ ချစ်သူရဲ့ အလိုလိုက်ခြင်းကိုခံရတတ်ပါတယ်။ ပညာရေးကံ က မိမိရဲ့ ဉာဏ်ဝီရိယကိုပဲ အားကိုးရမှာပါ။ ကံကမပေးသေးပါဘူး။ အကျိုးပေး ဂဏန်း ၁/၆/၉အထူးဟော ကံညံ့နေတတ်တဲ့ကာလပါပဲ။ယတြာ အုန်းသီးတစ်လုံးကို ခွဲပြီး အုန်းရေရော၊အုန်းသီးစိပ်ရော ဘုရားကပ်ပါ။

တနင်္ဂနွေ

ဒီကာလအတွင်း အတွေးအခေါ်ရင့်ကျက်ဖို့လိုပါတယ်။ ဘယ်အလုပ်လုပ်ကိုပဲ လုပ်ကိုင်ဆောင်ရွက်သည်ဖြစ် စေ ဉာဏ်ကြီးကြီးထားပြီး လုပ်စေချင်ပါတယ်။ အလုပ်ပြောင်း၊နေရာပြောင်း၊အိုးအိမ်ပြောင်းတွေကြုံနေရတတ်ပါ တယ်။ ငွေကြေးနဲ့ ပက်သက်ပြီး မိသားစုဝင်တွေနဲ့ စကား များရကိန်းမျိုးကြုံရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းတစ်ခုခုဝယ် ဖို့စဉ်းစားနေရင်တော့ ဒီကာလအတွင်းဝယ်လိုက်တာက အထူးကောင်း ပါတယ်။ ပီယဝါစာစကားတွေကိုသာရွေးချယ် ပြောတတ်မှပဲ အဆင်ပြေတတ်ပါတယ်။တတ်နိုင်သမျှဘယ်သူနဲ့မှ ဆန့်ကျင်ဘက် အတိုက် အခံတွေမလုပ်သင့်တဲ့ အချိန်ပါပဲ။မိတ်ဆွေကောင်းတွေနဲ့ အဆက်အသွယ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။

ငွေကြေးစတင်စုဆောင်းခြင်း တွေကို ဒီကာလမှာစတင်ဆောင်ရွက်ပါ။ ကပ်ရောဂါကြောင့် အလုပ်ပါးနေသူများတတ်နိုင်သမျှ မိမိကိုးကွယ် တဲ့ ဘာသာရေးကို ပိုမိုကျင့်ကြံလုပ်ကိုင်ပါ။ရောင်းချင်နေတဲ့ အိုးအိမ်တွေရောင်းထွက်သွားတတ်ပါတယ်။လူငယ်များ စန်းအားကောင်းပြီး ချစ်သူရဲ့အလိုလိုက်ခြင်းခံရတတ်ပါတယ်။ကျန်းမာရေးကတော့ ရောဂါခေါင်းစဉ်တပ် မရပေမယ့် တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ အိမ် ထောင်ရေး အညံ့အဆိုးမရှိသလောက်နည်းပါတယ်။ ပညာရှာနေသူများ ရပ်ဝေး၊အွန်လိုင်းကနေ ပညာရှာရတတ်ပါတယ်။ အကျိုးပေးဂ ဏန်း ၁/၅/၉ ၊အထူးဟော ကံအကောင်းအဆိုးဒွန်တွဲလျက်ပါပဲ။ ယတြာ ငှက်ပျော်သီးကိုဖျော်ရည်လုပ်ပြီး ဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်းမိမိအကျိုးစီးပွားနဲ့ပက်သက်ပြီး အဘက်ဘက်ကကံကောင်းနေပါလိမ့်မယ်။လုပ်ငန်းစီးပွား တွေတိုးတတ်လာနိုင် တဲ့ကာလ ပါပဲ။ စိတ်တည်ငြိမ်စွာ လုပ်ဆောင်ရန် ခဲယဉ်းသော်လဲ အကောင်းဘက်သို့ ပြောင်းလဲ လာမည်။ဝန်ထမ်းများလဲ လစာတိုးခြင်း ၊ဘောက်ဆူး ရခြင်းမျိုးကြုံရတတ်ပါတယ်။ မိတ် ကောင်း ဆွေကောင်းတွေရဲ့ အကူအညီတွေအများကြီးရတတ်ပါတယ်။ စကားချိုတဲ့သူတွေ ဒီကာလ အတွင်း ကံပို ကောင်းတတ်ပါတယ်။ ဆဲရေး တိုင်းထွာတတ်သူများ အဆင်မပြေတာမျိုး ကြုံရပါလိမ့်မယ်။ငွေကံလဲကောင်းနေပါ လိမ့်မယ်။ မိသားစုနဲ့ အလည် ခရီးမျိုးသွားရတတ်ပါတယ်။အချိန်ကိုစီမံခန့်ခွဲပြီးအကျိုးရှိအောင် အသုံးချတတ်ရင် ပိုကောင်းမဲ့ ကာလ ပါပဲ။

မိမိကံ တိုးတက် ကောင်းမွန်နေမည်။အတွေးအခေါ် အကြံအစည်များ အဆင်ပြေနေသော်လဲ လုပ်ငန်းဆိုင်ရာ ငွေကြေး ဆိုင်ရာ ကိစ္စများ၌ မရေမရာ စိန်ခေါ်မှုများ ဆက်ရှိနေဦးမည်။ ကျန်းမာရေးကတော့ အတော်လေးကောင်းလာပါပြီ၊ ခြေချော်လဲတာမျိုး ဖြစ်ပွားတတ်တဲ့အ တွက် အသွားအလာသတိရှိစေ ချင်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက် ကိုနားပူနားဆာ သိပ်မလုပ်ပါနဲ့။ အချစ် ရေးမှာ ချစ်သူ ထံမှ လက်ဆောင်ရတတ်ပါတယ်။ ပညာရေးကတော့ ‘သင့်’ အနေအထားမျိုးရှိပါတယ်။ အကျိုးပေးဂဏန်း ၇/၄/၈ ။ အထူးဟော အတွေး တွေစိတ်ကူးတွေသစ်ဆန်းနေပါလိမ့်မယ်။ ယတြာ ဦးထုပ်အစုတ်၊ခေါင်းမှာထိုးတဲ့ကလစ်၊ဘီးကုပ်အပျက်တွေရှိရင် စွန့်ပစ်လိုက်ပါ။

အဂ်ါ

ဒီကာလမှာလောကီကိစ္စတွေကို စိတ်ကုန်နေမိတတ်ပါတယ်။ သံဝေဂဉာဏ်တွေရင်ထဲဖြစ်နေတတ်တယ်။ လောကီ ထက်လောကုတ္တရာ အကျိုးစီးပွားက ပိုမိုအကျိုးဖြစ်ထွန်းနေတတ်ပါတယ်။ တရားရှာနေသူတွေအတွက်တော့အသိ ထူးအမြင်ထူးတွေ ရတတ်ပါတယ်။ ခရီးယာ ယီသွားရတတ်ပါတယ်။ ရပ်ဝေးသွားပြီးအလုပ်လုပ်နေသူများ ဟိုရောက် ရင်အဆင်မပြေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေရှာခြင်း၊ မတရားနည်းဖြင့် စီးပွားရှာခြင်းများ ဒီကာလမှာဒုက္ခ ရောက်တတ်ပါတယ်။အလုပ်အကိုင်၌ အပူသောက ကြုံရတတ်သလို အပျော်ကိစ္စများ အတွက် ငွေအသုံးများသွား ခြင်းလဲ ဖြစ်ကိန်းရှိသည်။ မရောက်ဖူးတဲ့ဒေသတွေမှာ လမ်းဘေးအပေါ့ အလေးသွားခြင်း၊ စကားမဆင်ခြင်ခြင်း နှင့် ပတ်သက်သည့် ကိစ္စများတွင် သတိထားလုပ်ဆောင်ပါ။

နတ်ကိုင်တာမျိုးခံရတတ်ပါတယ်။ လက်ထဲငွေ မကိုင်ထား ပါနဲ့။ ငွေလက်ထဲထားရင် အဟောသိကံ ကုန်သွားတတ်လို့ပါ။ ကျန်းမာရေးက တော့ အနည်းငယ်ခြူ ခြာနေ တတ်ပါ တယ်။ မိမိအကောင်အထည်ဖော်မဲ့ကိစ္စ တွေကို တားမြစ်မဲ့ သူတွေရှိနေတတ်ပါတယ်။ အချစ်ရေးကံ ကတော့ ချစ်သူကမိမိကို စိတ်သိပ်မပါသလိုဖြစ် နေတတ်ပါတယ်။မိမိကပြဿနာရှာရင်ပြတ်သွားသည်အထိဖြစ်ရတတ်ပါ တယ်။ ပညာ ရေးအထူးကောင်းပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်နဲ့ခွဲရတတ်ပါတယ်။နီးနေ သူတွေက လဲ တကျက်ကျက် စကားများနေ တတ်ပါတယ်။အကျိုးပေးဂဏန်း ဝ/၃/၆။အထူးဟော အလုပ်အကိုင်အခွင့်အလမ်းကောင်းမည်။ယတြာ ဖယောင်းတိုင် တစ်ထုပ်ရဟန်း တစ်ပါးကို လောင်းလှူလိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်းအခက်အခဲပြဿနာများကိုကောင်းစွာ ဖြေရှင်း ကျော်လွှားနိုင်လိမ့်မည်။ဒါပေမယ့်သတိထားဖို့က ပြဿနာရှိသော သူတ ပါးအလုပ်တာဝန်များကို မိမိ ဝင်ကူရာမှ မိမိ၌ ဒုက္ခတွေ့ကိန်းရှိသည်။ နည်းနည်းတော့ စိတ် ပင်ပန်း ရပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေများနေ ပါလိမ့်မယ်။ အလုပ်ခွင် မှာတာဝန်ကြီးကြီး ယူထားရသူများ complain ဆိုတာမျိုးလဲရှင်းရ တတ်ပါတယ်။ ကံမညံ့ပေမဲ့ တာဝန်တွေ ပိနေ တာ မျိုးကြောင့် အလုပ် များရတတ်တဲ့ကာလပေါ့ဗျ။ဘယ်လိုအခက် အခဲ ကြုံကြုံ ရင်ဆိုင်ဖြေရှင်းနိုင်ပြီးနောက်ဆုံးပြေလည်သွားတတ်ပါ တယ်။ ငွေကုန်ကြေးကျများ တတ်ပါတယ်။ ဝယ်စရာရှိတာကြောင့် စုထားဆောင်းထားတဲ့ငွေလေးတွေထုတ်သုံးရ တတ်ပါတယ်။

ကျန်းမာရေး အတွက် တော့ အနည်းငယ်ပူပန်နေရပါလိမ့်မယ်။မထင်မှတ်ဘဲ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ ဖျားတာနာတာ မျိုး၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ကြုံတွေ့ရကိန်းရှိသည်။ အိမ်တွင်းရေး ပြဿနာပေါ်ခြင်းရှိနေတတ် ပါတယ်။အိမ်တွင်းရေး၊ အိမ်ထောင်ရေး များ ပုံမှန်အတိုင်း အဆင်ပြေနေမည်။ အလုပ်ပြောင်းဖို့ နေရာပြောင်းဖို့ ကြိုးစား နေသူ များဒီ ကာလမှာအဆင်ပြေသွားတတ်ပါတယ်။ အချစ်ရေးကံမှာတော့ ချစ်သူနဲ့အနေဝေးနေရပါလိမ့်မယ်။ ပညာရေး ကတော့ မိမိနဲ့အနီးအနားထက် အဝေးမှာ ပညာသွားရှာသူများပိုမို ကံကောင်းတတ်ပါတယ်။အကျိုးပေးဂဏန်း ၇/ဝ/၄။အထူးဟော ကိစ္စများနေတတ်ပါတယ်။ယတြာ အိမ်ကဘုရားဆောင်အား ရှင်းလင်း ခြင်း၊ ရေသပ္ပာယ်ခြင်းမျိုးဖြင့် ကုသိုလ်ယူပါ။

ကြာသပတေး

ဒီကာလအတွင်း မိမိကံ အကောင်းထဲသို့ ရောက်လာပြီ၊ အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာ တိုး တက် ကောင်းမွန်မည်။ သို့ သော် ငွေကြေး မနစ်နာသင့်ဘဲ နစ်နာကိန်းရှိသည်။ မိမိအနေနဲ့ အလုပ်နဲ့ပက်သက်သောခရီး မျိုး ၊မိသားစုဆွေမျိုးနဲ့ပက်သက်သော ခရီး မျိုးသွား ရဖို့ကြုံရတတ်ပါ တယ်။ အလုပ်စီးပွားကလဲ လမ်းဟောင်း အတိုင်း မလိုက်ဘဲ လမ်းသစ်ထွင်ရမဲ့ကာလပါပဲ။ အရင်နဲ့ မတူတဲ့ ဖန် တီးမှု အသစ်တစ်ခုလုပ်ကြည့်ပါ။ နိုင်ငံရပ်ခြားနဲ့ ပက်သက်ဆက်နွယ်သောကိစ္စများ အထူးကောင်းပါတယ်။ နိုင်ငံခြားသွား မည့်သူများ အ ခွင့်အလမ်းကောင်းတွေ ပေါ်လာ တတ်ပါတယ်။ ဆွေမျိုးထက် တစ်စိမ်းတစ်ရံတွေနဲ့ တွဲဖက်လုပ်ကိုင် သောစီးပွားရေးများ အကျိုးအမြတ် များ တတ်ပါတယ်။ ကား, အလှအပ, ရေထွက်ပ စ္စည်းဆိုင်ရာအလုပ်များ အနည်းငယ်ညံ့မည်။

မိတ်ဆွေများ၏ အခက်အခဲကို မိမိက ကူညီပေးနေရမည်။ ကျန်းမာရေးကတော့ ဂရုစိုက် သင့်တဲ့ကာလ ပါပဲ။ ဝမ်းပျက်တာ၊ ဝမ်းလျှောတာ မျိုး ဖြစ်တတ်ပါ တယ်။ ယင်နားစာများ မစားမိပါစေနဲ့။ လူမှုရေးနဲ့ပက်သက်သော ကိစ္စ များလဲကြုံရတတ်ပါတယ်။ ရွှေထွက်တတ်ပါ တယ်။ အချစ်ရေးကံကတော့ ချစ်သူက မိမိကအဆက်အသွယ် မလုပ်တာမျိုး ကြုံတွေ့ရတတ် ပါ တယ်။ ပညာရေးက တော့ ဘာသာစကား နဲ့ပက်သက်သောပညာမျိုးရတတ်ပါတယ်။အကျိုးပေးဂဏန်း ၇/၃/၉။အထူးဟော စိတ်မကြည်လင်ဖြစ်ရတတ်ပါတယ်။ယတြာ မြောင်း တွေပိတ်ဆို့နေတာတွေ့ရင် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးလိုက်ပါ။

သောကြာ

မိမိလိုချင်တဲ့ကိစ္စတွေမိမိဖြစ်ချင်တဲ့ကိစ္စတွေအနည်းငယ်ဝီရိယစိုက်ထုတ်ယုံနဲ့ အဆင်ပြေသွားတတ်ပါ တယ်။ သားသမီးတွေကို အကောင်း ဆုံးပံ့ပိုးပေးနိုင်မဲ့ကာလပါပဲ။ ရင်းနှီးလုပ်ကိုင်ထားသော လုပ်ငန်းများမှ အမြတ်အစွန်း သိသိသာသာ ထွက်ပေါ်မည်။ စီးပွားရေးနဲ့ပက်သက် တဲ့ နည်းနာတွေအတိုင်း ကြိုးစား အားထုတ်လျှင် ထူးခြား ကောင်းမွန်တိုးတတ်မှုများကို သိသိသာသာ ခံစားရမည်။ အကောင်း၊အဆိုး လောကဓံများ မိမိမမျှော်လင့်ထားဘဲ ရုတ်တရက် ရုတ်တရက် ကြုံတွေ့နေမည်။မိမိ၏ လူကြီးမိဘ သားသမီးများ ကျန်းမာရေး အညံ့ တွေ့ ရတတ်သည်။ အိမ်ထောင်ဘက်ဖြစ်သူ နှင့်ပတ်သက်၍ စိတ် သဘောထားကွဲလွဲစေတတ်ကာမူစိတ်ချမ်းသာရာရမည်။

အိမ်ထောင် ရေးကံ အသင့်အတင့် ကောင်းသည်။ ကိုယ်တိုင်လုပ်နေသော လုပ်ငန်းမှ အောင်မြင်ခြင်း, အမြတ် အစွန်း သိသာစွာ ပေါ်ခြင်းတို့ ကြုံမည်။ မိတ်ဆွေများ၏ အကူအညီကို ကောင်းစွာရဦးမည်။ အပူအစပ်လွန်ကဲစွာ စားမိရာမှ နေထိုင် မကောင်းခြင်း, မအီမသာဖြစ်ခြင်း ကြုံကိန်းရှိသည်။ချစ်မှုရေးရာ၌ ခုတမျိုး တော်ကြာတမျိုး ဖြစ်မည်။ ချစ်သူ မရှိသေးသူများကတော့ စန်းပွင့်ပြီး ဖူးစာဖက်နှင့်တွေ့ရသည် အထိ စန်းအားကောင်းနေတတ်ပါတယ်။ပညာရေးမှာ တော့ အားရစရာကောင်းတဲ့အနေအထားကိုတွေ့ရပါတယ်။အကျိုးပေးဂဏန်း ၃/ ဝ/၇အထူးဟော စိတ်ညစ်စရာတွေလျော့ပါးသွားတတ်ပါတယ်။ ယတြာ နှင်းဆီအနီ ၃ပွင့် ဘုရားကပ်လှူပေးပါ။

ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ

Add a Comment

Your email address will not be published. Required fields are marked *