ကိုဗစ္ဒုတိယလႈိင္းဟာ ပထမလႈိင္းနဲ႔ ယွဥ္ရင္ ကူးစက္မႈ ေလးဆခြဲေလာက္ရွိခဲ့တာေၾကာင့္ မေပါ့ဆၾကဖို႔ ေဒါက္တာခင္ခင္ႀကီးေျပာၿပီ

ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး ျပည္တြင္းကူးစက္မႈက ေထာင္တက္လာေနၿပီးေတာ့ ၁၅ ရာခိုင္ႏႈန္းကပဲ ျပည္ပျဖစ္ၿပီး ၈၅ ရာခိုင္ႏႈန္းက ျပည္ တြင္းကူးစက္မႈေတြျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႈး ေဒါက္တာခင္ခင္ႀကီးက သူမ၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ကေနတဆင့္ ျပည္သူကို အသိေပးထားတာျဖစ္ပါတယ္။

ဒီကေန႔ ညေနပိုင္းအထိထုတ္ျပန္ခ်က္အရ စုစုေပါင္း လူနာ ၂၀၀၈ ဦးရွိေနတာလည္းျဖစ္ပါတယ္။ ေသဆုံးသူကေတာ့ အခု ဒုတိလႈိင္းမွာ ၈ ဦးရွိလာၿပီျဖစ္ပါတယ္။ကိုဗစ္ဒုတိယလႈိင္းဟာ ေရာဂါကူးစက္မႈက ပထမလႈိင္းနဲ႔ ယွဥ္ရင္ သုံးပတ္ေက်ာ္အတြင္း ေလးဆခြဲေလာက္ကို ရွိခဲ့ တာေၾကာင့္ မေပါ့ဆၾကဖို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာဆိုလိုက္ ပါတယ္။

ေသဆုံးမႈေတြ တိုးလာသလို အထူးၾကပ္မတ္ကုသခံယူေနရသူ ေတြလည္း မနည္းဘူးလို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ ေသဆုံးသူ ေတြကိုၾကည့္ရင္လည္း ေနာက္ခံေရာဂါရွိသူေတြပဲ ေသဆုံးတာျဖစ္ေပမဲ့ ေသဆုံးတဲ့အသက္အ႐ြယ္ကို ၾကည့္တဲ့အခါ အသက္ ၅၀ ေအာက္နဲ႔ ၅၀ ဝန္းက်င္ေတြ မ်ားလာတာေတြ႕ရတယ္လို႔ ဆိုပါတယ္။

ICU မွာ ကုသမႈ ေပးေနသူ ၁၅ ဦးနဲ႔ ျပင္းထန္လကၡဏာရွိလို႔ ေအာက္ဆီဂ်င္ေပးေနရသူ ၁၅ ဦးရွိေနတာမို႔ ဒီေရာဂါဟာ မေပါ့ဆသင့္ေၾကာင္း သတိခ်ပ္ေစခ်င္ပါတယ္လို႔လည္း သတိေပးထားပါေသးတယ္။

CRD: 7DAY DAILY

UNICODE

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုက ထောင်တက်လာနေပြီးတော့ ၁၅ ရာခိုင်နှုန်းကပဲ ပြည်ပဖြစ်ပြီး ၈၅ ရာခိုင်နှုန်းက ပြည် တွင်းကူးစက်မှုတွေဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက သူမ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေတဆင့် ပြည်သူကို အသိပေးထားတာဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းအထိထုတ်ပြန်ချက်အရ စုစုပေါင်း လူနာ ၂၀၀၈ ဦးရှိနေတာလည်းဖြစ်ပါတယ်။ သေဆုံးသူကတော့ အခု ဒုတိလှိုင်းမှာ ၈ ဦးရှိလာပြီဖြစ်ပါတယ်။ကိုဗစ်ဒုတိယလှိုင်းဟာ ရောဂါကူးစက်မှုက ပထမလှိုင်းနဲ့ ယှဉ်ရင် သုံးပတ်ကျော်အတွင်း လေးဆခွဲလောက်ကို ရှိခဲ့ တာကြောင့် မပေါ့ဆကြဖို့ ဒေါက်တာခင်ခင်ကြီးက ပြောဆိုလိုက် ပါတယ်။

သေဆုံးမှုတွေ တိုးလာသလို အထူးကြပ်မတ်ကုသခံယူနေရသူ တွေလည်း မနည်းဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ သေဆုံးသူ တွေကိုကြည့်ရင်လည်း နောက်ခံရောဂါရှိသူတွေပဲ သေဆုံးတာဖြစ်ပေမဲ့ သေဆုံးတဲ့အသက်အရွယ်ကို ကြည့်တဲ့အခါ အသက် ၅၀ အောက်နဲ့ ၅၀ ဝန်းကျင်တွေ များလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

ICU မှာ ကုသမှု ပေးနေသူ ၁၅ ဦးနဲ့ ပြင်းထန်လက္ခဏာရှိလို့ အောက်ဆီဂျင်ပေးနေရသူ ၁၅ ဦးရှိနေတာမို့ ဒီရောဂါဟာ မပေါ့ဆသင့်ကြောင်း သတိချပ်စေချင်ပါတယ်လို့လည်း သတိပေးထားပါသေးတယ်။

CRD:  7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *