မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာ အပါအဝင် လူသုံးကုန်ဈေးအားလုံး မနက်ဖြန်မှစ၍ ခေတ္တယာယီပိတ်သိမ်းမည်
source : YMC
UNICODE
ယုဇနပလာဇာဈေးအနေဖြင့် ယနေ့မှာတော့ ဆိုင်ရှင်များ ပစ္စည်းများသိမ်းဆည်းနိုင်ရင် ဖွင့်လှစ်ပေးထားပြီး မနက်ဖြန်မှ စတင်ပိတ်မည် ဖြစ်ကြောင်း ယုဇနပလာဇာ စီမံခန့်ခွဲမှုကော်မတီကသိရပါတယ်။ မင်္ဂလာတေ ာင်ညွန့်မြို့နယ်တွင် မင်္ဂလာဈေး၊ ယုဇနပလာဈေး၊ ရွှေပြည့် စုံဈေးတို့အပါအဝင် လက်လီလက်ကား ဈေးကြီးများစွာရှိပြီး မြို့နယ်အတွင်း စားသောက်ကုန်နှင့်ဆေးဝါးဆိုင်များသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယုဇနပလာဈေး အပါအဝင် လူသုံးကု န်ဈေးအားလုံး (အစားအသောက် နှင့်ဆေးဝါးမပါ) ယာယီပိတ် ထားမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။“မင်္ဂလာတောင်ညွန့်မှာရှိတဲ့ဈေးတွေကိုယာယီပိတ်သိမ်းထားခိုင်းပါတယ်၊ ဈေးတွေဆိုတဲ့နေရာမှာ အစားအသောက်နဲ့ ဆေးဝါးဆိုင်တွေတော့မပါဘူး၊
ကျန်တဲ့ဆိုင်တွေကတော့ အကုန်ပိ တ်ရမယ်၊ အမတို့ ဆီက Stay Home ဖြစ်သွားတော့ ၁၄ရက် ပိတ်ပြီး စောင့်ကြည့်မယ့်သဘောရှိတယ်၊ စားသောက်ဆိုင် ဆိုလည်းပါဆယ်ပဲဖွင့်ရမယ်၊ ဒီနေ့ကစလုပ်နေပါပြီ”လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
source : YMC