ပြည်သူများက ယုံကြည်စွာ တာဝန်ပေးအပ်လျှင် ကျေပွန်စွာထမ်းဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောပြီ





CRD: THE FIFTH WAVE NEWS

UNICODE

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အစိုးရ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ကာလ က လုပ်ဆောင်ချက်များသည် ချို့ယွင်းချက်များ ရှိနေသည့် အတွက် အဆိုပါ ချို့ယွင်းချက်များကို လေ့လာသုံးသပ်ပြီး လက်ရှိတွင် ပိုမိုကောင်းမွန်စေရန် အတတ်ပညာရှင်များ ဖြင့် ဖြည့်စွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ ဒုတိယဥက္ကဌ ဖြစ်သူ ဦးခင်ရီ က ပြောဆိုလိုက်သည်။

ထို့ပြင်၂၀၂၀ရွေးကောက်ပွဲကြီး သည် တိုင်းပြည်အတွက် အရေးကြီး သည့် အလှည့်အပြောင်း တစ်ခု ဖြစ်ပြီး ၊ လက်ရှိ ဖြစ်ပွားနေသည့် COVID 19 ကပ်ရောဂါကြောင့်လည်း မဲဆန္ဒရှင် ပြည်သူများအတွက် အထူးစိုးရိမ်ကြောင်း လည်းပြောဆိုခဲ့သည်။ လက်ဆင့်ကမ်း သမိုင်း ပေးတာဝန်များကို အကောင်အထည်ဖော်ပေးမည့် ကိုယ်စားလှယ်လောင်းများ အပြည့်အဝရှိသည့် အတွက် ။

ပြည်သူများအနေဖြင့် ယုံကြည် စွာ တာဝန်ပေးအပ်ပါက ကျေပွန်စွာထမ်းဆောင်မည်ဟု ဦးခင်ရီ က ပြောဆိုလိုက်သည်။ဖိအားပေးသည့် နိုင်ငံကြီးများ ဝန်းရံနေသည့် မြန်မာနိုင်ငံမျိုးတွင် တိုင်းချစ်ပြည်ချစ် စိတ်ရှိသည့် ပုဂ္ဂိုလ်များကို တာဝန် အပ်နှင်း ပြီးဆောင် ရွက်မှသာ သ မိုင်းအမွေ အနှစ် ၊သမိုင်းပေး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်မှာဖြစ်ကြောင်း ဦးခင်ရီ ကပြောကြားခဲ့သည်။

ကျွန်တော်တို့ ပါတီ မှာ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်တွေ ကို အကောင်အထည် ဖော်ပေးနိုင်မယ့် ကိုယ်စားလှယ် လောင်းတွေ အပြည့် ရှိ ပါတယ်။ ပြည်သူတွေက ယုံယုံကြည်ကြည် တာဝန်ပေးအပ်မယ်ဆို ဒီ သမိုင်းပေးတာဝန်တွေကို ကျွန်တော်တို့ ကျေကျေပွန်ပွန် ထမ်း ဆောင်သွားပါမယ်လို့ ကျွန်တော် ကတိကဝတ်ပြုချင်ပါတယ်”ဟု ဦးခင်ရီ က ပြောသည်။

CRD:  THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *