(၁၁-၉-၂၀၂၀)နံနက် (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ်(၁၁၅)ဦး ထပ်တွေ့






REF: MINISTRY OF HEALTH

UNICODE

(၁၀-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၀၃၁) ခု၊ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၇၄) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တ လေး) မှ ဓာတ်ခွဲနမူနာ (၃၉၂) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၅) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၈) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၃) ခု၊

ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ် မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု နှင့်ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော် မြို့မှ ဓာတ်ခွဲနမူနာ (၁၈) ခု၊နှင့် စုစုပေါင်း (၃,၄၁၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်ပေါင်း (၂၅၇) ဦး တွေ့ရှိခဲ့ပါသည်။

(ဓာတ်ခွဲအတည်ပြု လူနာ (၁၄၂) ဦး တွေ့ရှိကြောင်း ကို (၁၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။ )အတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။ (၁၀-၉-၂၀၂၀) ရက်နေ့အ တွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL ) မှ ဒုတိယအသုတ် ဓာတ် ခွဲ နမူနာ (၁,၀၀၅) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ ပြည်သူ့ ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၈) ခု၊

နေပြည်တော် ပြည်သူ့ဆေးရုံ ကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊ ပြည်သူ့ ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မကွေး မြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခုနှင့်ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊
ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၈) ခုနှင့် ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁၈) ခု၊စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၃၇၀) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးတွေ့ရှိပါ သည်။

သို့ဖြစ်ရာ (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂,၂၆၅) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published. Required fields are marked *