Stay At Home (၂၉) ၿမိဳ႕နယ္ က ျပည္သူမ်ား ေဈးဝယ္ရာတြင္ ကူညီေပးရန္ ၿမိဳေတာ္စည္ပင္က ၫႊန္ၾကားထား

ေတာင္ဥကၠလာပၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေက်ာ္ေဇယ်ာဝင္းက “ဒီလိုမ်ိဳးရပ္ကြက္ထဲမွာ ပထမလႈိင္းတုန္းကပုံစံနဲ႔ အခုဒုတိယလႈိင္းပုံစံနဲ႔က သိပ္မတူဘူးဗ်။ ဒါေၾကာင့္မလို႔ ဒီလိုမ်ိဳး နဂိုကေတာ့ ေဒသႏၲရအုပ္ခ်ဳပ္ေရးပိုင္းကို ေကာ္မတီအေနနဲ႔ပဲ ဝင္ကူညီ တာေပါ့ေနာ္။ အခုဟာကေတာ့ ပူးေပါင္းေဆာင္႐ြက္ၿပီးေတာ့ ကူညီေပးပါဆိုတာကို ၫႊန္ၾကားတာပါ။” လို႔ ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ဒုတိယအေက်ာ့မွာ ကူးစက္မႈဒဏ္ပိုခံလာရတဲ့ ရန္ကုန္တိုင္း က ေနအိမ္မွာ ေနထိုင္ေရး Stay At Home သတ္မွတ္ထား တဲ့ ၂၉ ၿမိဳ႕နယ္မွာ ဆိုင္ထိုင္စားခြင့္မျပဳေတာ့ေၾကာင္းနဲ႔ ျပည္သူေတြေဈးဝယ္ရာမွာလည္း ကူညီေပးဖို႔ ၿမိဳ႕နယ္စည္ေကာ္မတီေတြကို ၫႊန္ ၾကားထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္က ေျပာပါတယ္။ “

Stay At Home က ျပည္သူေတြကို ေဈးဝယ္ရာမွာ ကူညီေပးဖို႔ရယ္၊ သားငါး ဟင္းသီးဟင္း႐ြက္ေရာင္းတဲ့ေဈးေတြကို ဖြင့္ေစဖို႔ရယ္ပါ။”လို႔ ေျပာပါတယ္။ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ၿမိဳ႕နယ္စည္ပင္ေတြကို ၫႊန္ၾကားစာမွာေတာ့ စားေသာက္ဆိုင္ေတြ ပါ ဆယ္စနစ္နဲ႔ပဲ ေရာင္းခ်ဖို႔ စည္း႐ုံးစစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္ဖို႔ ၫႊန္ၾကားထားပါတယ္။

ၿမိဳ႕နယ္တြင္းက ေဈးေတြမွာ သား၊ ငါး ၊ ဟင္းသီးဟင္း႐ြက္၊ ကုန္ေျခာက္ဆိုင္ေတြပဲ ဖြင့္လွစ္ေရာင္းခ်ေရး စည္း႐ုံးေဆာင္႐ြက္ဖို႔ ၊Stay At Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြက ရပ္ကြက္လမ္းေတြ ထဲမွာ ေရာဂါထိန္းခ်ဳပ္ေရးလုပ္ ေနတဲ့ ရပ္မိရပ္ဖ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး၊ လူမႈေရးအသင္းအဖြဲ႕၊ ပရဟိတသမားေတြ နဲ႔ ဆက္သြယ္ ေပါင္းစပ္ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ ပါရွိပါတယ္။

CRD: LET PAN

UNICODE

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက “ဒီလိုမျိုးရပ်ကွက်ထဲမှာ ပထမလှိုင်းတုန်းကပုံစံနဲ့ အခုဒုတိယလှိုင်းပုံစံနဲ့က သိပ်မတူဘူးဗျ။ ဒါကြောင့်မလို့ ဒီလိုမျိုး နဂိုကတော့ ဒေသန္တရအုပ်ချုပ်ရေးပိုင်းကို ကော်မတီအနေနဲ့ပဲ ဝင်ကူညီ တာပေါ့နော်။ အခုဟာကတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကူညီပေးပါဆိုတာကို ညွှန်ကြားတာပါ။” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့မှာ ကူးစက်မှုဒဏ်ပိုခံလာရတဲ့ ရန်ကုန်တိုင်း က နေအိမ်မှာ နေထိုင်ရေး Stay At Home သတ်မှတ်ထား တဲ့ ၂၉ မြို့နယ်မှာ ဆိုင်ထိုင်စားခွင့်မပြုတော့ကြောင်းနဲ့ ပြည်သူတွေဈေးဝယ်ရာမှာလည်း ကူညီပေးဖို့ မြို့နယ်စည်ကော်မတီတွေကို ညွှန် ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ “

Stay At Home က ပြည်သူတွေကို ဈေးဝယ်ရာမှာ ကူညီပေးဖို့ရယ်၊ သားငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့ဈေးတွေကို ဖွင့်စေဖို့ရယ်ပါ။”လို့ ပြောပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့နယ်စည်ပင်တွေကို ညွှန်ကြားစာမှာတော့ စားသောက်ဆိုင်တွေ ပါ ဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ စည်းရုံးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

မြို့နယ်တွင်းက ဈေးတွေမှာ သား၊ ငါး ၊ ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်ဆိုင်တွေပဲ ဖွင့်လှစ်ရောင်းချရေး စည်းရုံးဆောင်ရွက်ဖို့ ၊Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်လမ်းတွေ ထဲမှာ ရောဂါထိန်းချုပ်ရေးလုပ် နေတဲ့ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတသမားတွေ နဲ့ ဆက်သွယ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ဖို့ ပါရှိပါတယ်။

CRD:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *