ကိုဗစ္ေၾကာင့္ က်န္းမာေရး စနစ္ႀကီး ၿပိဳလဲမသြားေစရန္ တကၠသိုလ္ (၁၆)ခုမွ ဆရာ၊ဆရာမမ်ားကို အလွည့္က် တာဝန္ခ်ထားမည္

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ covid 19ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ၊ ကုသေရးလုပ္ငန္း ဆိုင္ရာပုံမွန္ညႇိႏႈိင္း အစည္းအေဝး တြင္ တကၠသိုလ္ ေဆး႐ုံ မ်ားအား လူနာထားရွိႏိုင္ေရးအေျခအေနတင္ျပျခင္း၊ ျမန္မာႏိုင္ငံ ေဘာလုံးအကယ္ဒမီေနရာတြင္ ယာယီေဆး႐ုံ မ်ား ျပဳလုပ္ရန္ တင္ျပမႈတို႔ရွိခဲ့ေၾကာင္းသိရသည္။ စက္တင္ဘာ ၁၂ရက္ မနက္ ၈နာရီ အထိ ျမန္မာႏိုင္ငံတြင္ covid 19ေရာဂါ ဓါတ္ခြဲ အ တည္ျပဳလူနာ ၂၄၄၅ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳသူ ၆၂၅ဦး၊ ေသဆုံးသူ ၁၄ဦးရွိၿပီ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွသိရသည္။

ကုသေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည့္ က်န္းမာေရး ဝန္ထမ္းမ်ား ေျခကုန္လက္ပန္းက်ပါက က်န္းမာေရးစနစ္ႀကီး တစ္ခုလုံး ၿပိဳလဲသြားႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ကသတိေပးေျပာၾကားလိုက္သည္။ စက္တင္ဘာ ၁၁ရက္တြင္ က်င္းပရာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္- 19 ေရာဂါ ကာကြယ္ ၊ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္း မ်ားကို ေဆာင္႐ြက္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြ ေျခကုန္လက္ပန္း က်ရင္ က်န္းမာေရး စနစ္ႀကီး တစ္ခုလုံးၿပိဳလဲသြားႏိုင္တဲ့အတြက္ ဝန္ႀကီးဌာနမွာရွိတဲ့ တကၠသိုလ္၁၆ခုက ဆရာ၊ဆရာမေတြကို လိုအပ္သလို အ လွည့္က်တာ ဝန္ခ်ထားျခင္း နဲ႔ ပံ့ပိုးေပးျခင္း တို႔ကို က်န္းမာေရး လူ႔စြမ္းအား အရင္းအျမစ္ ဦးစီးဌာနက စီစဥ္ ေဆာင္႐ြက္လ်က္ ရွိပါ တယ္”ဟု ၎က ေျပာသည္။

Nay nay (Myanmar harp)

UNICODE

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ covid 19ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ၊ ကုသရေးလုပ်ငန်း ဆိုင်ရာပုံမှန်ညှိနှိုင်း အစည်းအဝေး တွင် တက္ကသိုလ် ဆေးရုံ များအား လူနာထားရှိနိုင်ရေးအခြေအနေတင်ပြခြင်း၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီနေရာတွင် ယာယီဆေးရုံ များ ပြုလုပ်ရန် တင်ပြမှုတို့ရှိခဲ့ကြောင်းသိရသည်။ စက်တင်ဘာ ၁၂ရက် မနက် ၈နာရီ အထိ မြန်မာနိုင်ငံတွင် covid 19ရောဂါ ဓါတ်ခွဲ အ တည်ပြုလူနာ ၂၄၄၅ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုသူ ၆၂၅ဦး၊ သေဆုံးသူ ၁၄ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကသတိပေးပြောကြားလိုက်သည်။ စက်တင်ဘာ ၁၁ရက်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်- 19 ရောဂါ ကာကွယ် ၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခြေကုန်လက်ပန်း ကျရင် ကျန်းမာရေး စနစ်ကြီး တစ်ခုလုံးပြိုလဲသွားနိုင်တဲ့အတွက် ဝန်ကြီးဌာနမှာရှိတဲ့ တက္ကသိုလ်၁၆ခုက ဆရာ၊ဆရာမတွေကို လိုအပ်သလို အ လှည့်ကျတာ ဝန်ချထားခြင်း နဲ့ ပံ့ပိုးပေးခြင်း တို့ကို ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနက စီစဉ် ဆောင်ရွက်လျက် ရှိပါ တယ်”ဟု ၎င်းက ပြောသည်။

Nay nay (Myanmar harp)

Add a Comment

Your email address will not be published. Required fields are marked *