ပထမဆုံးဆော့ ဖြစ်တဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို တင်ပေးလိုက်တဲ့ နော်စေးစေးထူး




Chilli – CeleZone

Source – Naw Say Say Htoo

UNICODE

နော်စေးစေးထူးက ပရိသတ်တွေအတွက် သူ့ရဲ့ Tik Tok ဗီဒီယိုလေးက အဆင်မပြေဖြစ်သွား ခဲ့ရင်လည်း သည်းခံကြည်ံရှုပေးဖို့လည်း တောင်းဆိုထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နော်စေးစေးထူးရဲ့ Tik Tok ဗီဒီယိုလေးတွေကို ကြည့်ရှု့လိုရအောင် CeleZone ကနေ မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

နော်စေးစေးထူးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာ လည်း ပရိသတ်တွေရပြအချစ်တော် နော်စေးစေးထူးကတော့ ကိုယ်ပိုင်သီချင်းလေးတွေထွက်ရှိလာခဲ့ပြီး အောင်မြင်တဲ့အဆိုတော် တစ် ယောက်အနေနဲ့ အနုပညာလောကမှာ စတင် ရပ်တည်နေနိုင်ပြီလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ နော်စေးစေးထူး က Covid ကာလ ရိုက်ကူးရေး တွေ နားနေချိန်မှာ Tik Tok လေးဆော့ကစားခဲ့ပြီး သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာကနေ အပျော်သဘောအနေနဲ့ တင်ဆက်ခဲ့ပါတယ်။ နော်စေးစေးထူးကတော့ သူရဲ့ပထမဆုံး Tik Tok ဗီဒီယို လေးဖြစ်တာကြောင့် သူ့ရဲ့Tik Tok ဗီဒီယိုလေး ကို ကြိုက်နှစ်သက်မှု ရှိမရှိ ဖြေပေးဖို့ ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။

Chilli – CeleZone

Source – Naw Say Say Htoo

Add a Comment

Your email address will not be published.