ရန္ကုန္ၿမိဳ႕ရဲ႕ ကိုဗစ္-၁၉ ျဖစ္ပြားမႈ အေျခအေနကို ေဝဠဳေက်ာ္ ပြင့္ပြင့္လင္းလင္းေျပာၿပီ

ကိုဗစ္-၁၉နဲ႔ ပတ္သက္ၿပီး အဆိုးျမင္ ေဝဖန္အျပစ္တင္တတ္တဲ့ စိတ္ေတြ ကို ေလွ်ာ့ၾကပါ ၊ ကပ္ေရာဂါေဘးႀကီးက ကင္းေဝးဖို႔ ဆုေတာင္း ေန႐ုံနဲ႔မၿပီးႏိုင္ေလာက္ပါ ၊Maskတပ္ၾကပါ လက္ေဆးၾကပါ မလိုအပ္ပဲ အျပင္မထြက္ပါနဲ႔ ခရီးမသြားၾကပါနဲ႔သင့္အသက္ကိုေရာ သင့္ပတ္ ဝန္းက်င္က လူေတြရဲ႕အသက္ကိုပါ ငဲ့ညႇာတတ္ရင္ ကပ္ေရာဂါကို ေၾကာက္ၾကပါကာကြယ္ၾကပါသင္က က်မ္းမာေရးေကာင္းလို႔ မေသႏိူင္ ရင္ေတာင္ သင့္မိဘအဖိုးအဖြား ေတြရဲ႕ အသက္ကို ဒီ COVID 19 ကယူသြားႏိူင္တယ္ ဆိုတာ မေမ့ၾကပါနဲ႔။

ရန္ကုန္ၿမိဳ႕ႀကီးက အေျခအေန ေတာ္ေတာ္ဆိုးေနပါၿပီ။ ေဆး႐ုံေတြ Q စခန္းေတြ ျပည့္ကုန္ၿပီ ဒီေန႔ ကြၽန္ေတာ္တို႔ ဆီကို ဖုန္းေတြဆက္ စာ ေတြပို႔ၾကတယ္ P ထြက္တာ လာမေခၚလို႔။ ထိစပ္ေတြ Q ဝင္ခ်င္ တာတို႔ မ်ိဳးစုံပါပဲ။ ရပ္ကြက္ ထဲက အနံ႔ေပ်ာက္တဲ့သူေတြကိုေတာင္ ေခၚ ထားစရာ ေနရာ မရွိေတာ့ပါဖူး ၾကာရင္ အေမရိကန္လို ေရာဂါသည္းမွေဆး႐ုံလာျပၾကေတာ့လို႔မ်ား ျဖစ္လာ မလား ပိုးေတြ ပိုၿပီ ပ်ံ႕ကုန္ မ လားပိုၿပီး စိုးရိမ္လာမိပါတယ္ ၊အေရးေပၚ လူနာထားဖို႔ကိုေတာ့ ေဆး႐ုံေတြ တိုးခ်ဲ႕တာတို႔ ။

ယာယီေဆး႐ုံေတြ ေဆာက္တာတို႔ကို ခ်က္ခ်င္း အ ျမန္ဆုံး လုပ္ေနၾကသ လို Q စင္တာေတြလည္း ေနမအားညမနား ဆက္လက္ျပင္ဆင္ ေနပါတယ္ဗ်ာ…အစ ဘယ္ကမွန္း ရွာမရေတာ့ အခု ဒုတိယလႈိင္း မွာ အဆုံးသတ္ရ ခက္ေနပါၿပီ။ အခု ပ်ံႏွံမႈမွာေတာ့ က်မ္းမာေရး ဝန္ထမ္း ေတြပါ ထိကုန္ၾကတာမ်ားလာတာပါပဲ။ အခ်ိဳ႕ ရန္ကုန္ရပ္ကြက္ေတြက အိမ္ေတြ တိုက္ခန္းေတြက က်ဥ္းေျမာင္းၿပီး လူဦးေရ ထူထပ္တာမို႔ အိမ္ထဲ မွာညအိပ္မွပဲေနၾကၿပီး တေန႔ခင္းလုံး ရပ္ကြက္ထဲ ေရာေထြးေနထိုင္တတ္တဲ့ ဓေလ့ရွိတာေၾကာင့္။

တစ္ေယာက္ကူးခံရရင္ တစ္ရပ္ကြက္လုံး ပ်ံဖို႔ ေတာ္ေတာ္ေသခ်ာေနတာပါပဲဘယ္ေလာက္ပဲရႈပ္ေထြးေထြး မရရေအာင္ အစဆြဲထုတ္ၿပီး အ ဆုံးသတ္ရမွာပါ ဒါမွ CV 19 ဒုတိယလႈိင္ရဲ႕ ပ်ံႏွံတာ ရပ္တန႔္မွာပါ။.ကြၽန္ေတာ္တို႔လဲ ကိုယ့္အသက္အ႐ြယ္‌ ေတြမွာ ဆီးခ်ိဳ ေသြးတိုး ေရာဂါ ေတြက ရွိႏွင့္ေနၿပီးသားမို႔ ကပ္ေရာဂါကူး ခံရမွာ အမ်ားနည္းတူ ေၾကာက္ပါတယ္။

ဒါေပမယ့္လဲ ခုခ်ိန္မွာက အားလုံးေၾကာက္ၿပီး အျပင္မထြက္ဖဲ ေနၾကတာက အေကာင္းဆုံးဆိုေပမဲ့လည္း အဲ့ဒါက COVID- 19 ေရာဂါႀကီး ရပ္တန႔္ဖို႔ အတြက္က်ေတာ့ ၿပီးသြားမွာ မဟုတ္‌ေတာ့ပါဖူး။ဘယ္ေလာက္ပဲေၾကာက္ေၾကာက္ လူသားခ်င္းစာနာကူညီတတ္တဲ့ စိတ္နဲ႔ ကြၽန္ ေတာ္ တို႔လို ပရဟိတသမားေတြ နဲ႔ ေရွ႕တန္းမွာ ဦးေဆာင္ေနရတဲ့ က်မ္းမာေရးဝန္ထမ္းေတြကေတာ့ ဆက္လက္ တာဝန္ထမ္းေဆာင္ ကူ ညီေနရအုံး မွာပါဘဲအသက္ကိုရင္းၿပီး ကူညီေနတဲ့ လူေတြကို စာနာငဲ့ညႇာရင္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာၾကပါ။ ကပ္ေရာ ဂါေဘးႀကီးမွကင္းေဝႏိုင္ၾကပါေစ။

အားလုံးကို ေလးစားတန္ဖိုးထားလွ်က္…ေဝဠဳေက်ာ္

UNICODE

ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး အဆိုးမြင် ဝေဖန်အပြစ်တင်တတ်တဲ့ စိတ်တွေ ကို လျှော့ကြပါ ၊ ကပ်ရောဂါဘေးကြီးက ကင်းဝေးဖို့ ဆုတောင်း နေရုံနဲ့မပြီးနိုင်လောက်ပါ ၊Maskတပ်ကြပါ လက်ဆေးကြပါ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့ ခရီးမသွားကြပါနဲ့သင့်အသက်ကိုရော သင့်ပတ် ဝန်းကျင်က လူတွေရဲ့အသက်ကိုပါ ငဲ့ညှာတတ်ရင် ကပ်ရောဂါကို ကြောက်ကြပါကာကွယ်ကြပါသင်က ကျမ်းမာရေးကောင်းလို့ မသေနိူင် ရင်တောင် သင့်မိဘအဖိုးအဖွား တွေရဲ့ အသက်ကို ဒီ COVID 19 ကယူသွားနိူင်တယ် ဆိုတာ မမေ့ကြပါနဲ့။

ရန်ကုန်မြို့ကြီးက အခြေအနေ တော်တော်ဆိုးနေပါပြီ။ ဆေးရုံတွေ Q စခန်းတွေ ပြည့်ကုန်ပြီ ဒီနေ့ ကျွန်တော်တို့ ဆီကို ဖုန်းတွေဆက် စာ တွေပို့ကြတယ် P ထွက်တာ လာမခေါ်လို့။ ထိစပ်တွေ Q ဝင်ချင် တာတို့ မျိုးစုံပါပဲ။ ရပ်ကွက် ထဲက အနံ့ပျောက်တဲ့သူတွေကိုတောင် ခေါ် ထားစရာ နေရာ မရှိတော့ပါဖူး ကြာရင် အမေရိကန်လို ရောဂါသည်းမှဆေးရုံလာပြကြတော့လို့များ ဖြစ်လာ မလား ပိုးတွေ ပိုပြီ ပျံ့ကုန် မ လားပိုပြီး စိုးရိမ်လာမိပါတယ် ၊အရေးပေါ် လူနာထားဖို့ကိုတော့ ဆေးရုံတွေ တိုးချဲ့တာတို့ ။

ယာယီဆေးရုံတွေ ဆောက်တာတို့ကို ချက်ချင်း အ မြန်ဆုံး လုပ်နေကြသ လို Q စင်တာတွေလည်း နေမအားညမနား ဆက်လက်ပြင်ဆင် နေပါတယ်ဗျာ…အစ ဘယ်ကမှန်း ရှာမရတော့ အခု ဒုတိယလှိုင်း မှာ အဆုံးသတ်ရ ခက်နေပါပြီ။ အခု ပျံနှံမှုမှာတော့ ကျမ်းမာရေး ဝန်ထမ်း တွေပါ ထိကုန်ကြတာများလာတာပါပဲ။ အချို့ ရန်ကုန်ရပ်ကွက်တွေက အိမ်တွေ တိုက်ခန်းတွေက ကျဉ်းမြောင်းပြီး လူဦးရေ ထူထပ်တာမို့ အိမ်ထဲ မှာညအိပ်မှပဲနေကြပြီး တနေ့ခင်းလုံး ရပ်ကွက်ထဲ ရောထွေးနေထိုင်တတ်တဲ့ ဓလေ့ရှိတာကြောင့်။

တစ်ယောက်ကူးခံရရင် တစ်ရပ်ကွက်လုံး ပျံဖို့ တော်တော်သေချာနေတာပါပဲဘယ်လောက်ပဲရှုပ်ထွေးထွေး မရရအောင် အစဆွဲထုတ်ပြီး အ ဆုံးသတ်ရမှာပါ ဒါမှ CV 19 ဒုတိယလှိုင်ရဲ့ ပျံနှံတာ ရပ်တန့်မှာပါ။.ကျွန်တော်တို့လဲ ကိုယ့်အသက်အရွယ်‌ တွေမှာ ဆီးချို သွေးတိုး ရောဂါ တွေက ရှိနှင့်နေပြီးသားမို့ ကပ်ရောဂါကူး ခံရမှာ အများနည်းတူ ကြောက်ပါတယ်။

ဒါပေမယ့်လဲ ခုချိန်မှာက အားလုံးကြောက်ပြီး အပြင်မထွက်ဖဲ နေကြတာက အကောင်းဆုံးဆိုပေမဲ့လည်း အဲ့ဒါက COVID- 19 ရောဂါကြီး ရပ်တန့်ဖို့ အတွက်ကျတော့ ပြီးသွားမှာ မဟုတ်‌တော့ပါဖူး။ဘယ်လောက်ပဲကြောက်ကြောက် လူသားချင်းစာနာကူညီတတ်တဲ့ စိတ်နဲ့ ကျွန် တော် တို့လို ပရဟိတသမားတွေ နဲ့ ရှေ့တန်းမှာ ဦးဆောင်နေရတဲ့ ကျမ်းမာရေးဝန်ထမ်းတွေကတော့ ဆက်လက် တာဝန်ထမ်းဆောင် ကူ ညီနေရအုံး မှာပါဘဲအသက်ကိုရင်းပြီး ကူညီနေတဲ့ လူတွေကို စာနာငဲ့ညှာရင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ။ ကပ်ရော ဂါဘေးကြီးမှကင်းဝေနိုင်ကြပါစေ။

အားလုံးကို လေးစားတန်ဖိုးထားလျှက်…ဝေဠုကျော်

Add a Comment

Your email address will not be published. Required fields are marked *