ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း(၁)ခု ျဖစ္ေပၚေနေၾကာင္း မိုး/ဇလထုတ္ျပန္

မိုေလဝသႏွင့္ဇလေဗဒဌာန၏ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေနမွာ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္ အလယ္ပိုင္း(အိႏၵိယႏိုင္ငံ၊ အင္ဒရာပရာေဒ့ရွ္‌ေျမာက္ပိုင္းကမ္းလြန္)တြင္ ျဖစ္ေပၚ ေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိ ေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားအနည္းငယ္မွ အားအသင့္အတင့္ ရွိေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားနည္းေနပါသည္။

မနက္ျဖန္နံနက္အထိခန္႔မွန္းခ်က္။ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသ ႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာ စိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ လႈိင္းအနည္းငယ္မွ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ ျပင္တို႔တြင္ (၄)ေပမွ (၈)ေပခန္႔ ရွိႏိုင္ပါသည္။ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားတြင္ ထစ္ခ်ဳန္းမည့္ အေျခအေနမ်ား ဆက္လက္ျဖစ္ေပၚေနမည္။

REF: မိုး/ဇလ

UNICODE

မိုလေဝသနှင့်ဇလဗေဒဌာန၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်‌မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။

REF:  မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *